ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါနှင့် ပတ်သက်၍ လတ်တလော နိုင်ငံတကာထူးခြား သတင်းကောက်နှုတ်ချက်အကျဉ်း

Covid – 19 ရောဂါကုသရာတွင် chloroquine ကရိုလိုကွင်းငှက်ဖျားရောဂါဆေးကို အသုံးပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမွှမ်းတင်ခဲ့ပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံမြို့တော် လာဂို့စ်တွင် အဆိုပါ ဓါတုဆေးဝါး အဆိပ်သင့်မှု့ကို တွေ့ရှိရကြောင်း သက်ဆိုင်ရာအာဏာပိုင်တို့က ပြောဆိုသည်ဟု AFP ၏ သတင်းကို SCMP က ယနေ့ ဖော်ပြသည်။

ငှက်ဖျားရောဂါကုသဆေး ကရိုလိုကွင်းကို Covid-19 ကုသရာ၌ အသုံးပြုရန် အမေရိကန် အစားအစာနှင့် ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီ FDA က အတည်ပြုခဲ့ပြီးဖြစ်ကြောင်း ကြာသပတေးနေ့ သတင်းစာတွေ့ဆုံပွဲ၌ အမေရိကန်သမ္မတက ပြောဆိုခဲ့ခြင်းဖြစ်သည်ဆို၏။ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်အတိုင်း မိမိတို့အနေဖြင့် အခိုင်အလုံ အတည်ပြုခဲ့ခြင်း မရှိသေးကြောင်း FDA က ငြင်းဆိုသည်။

ပြင်သစ်နှင့် တရုတ်တို့တွင် ကိုရိုနာဗိုင်းရပ်စ်စွဲလူနာများအား ကလိုရိုကွင်း ဆေးဝါးပေး၍ လတ်တလော ကုသလျှက်ရှိသည်။ သုတေသနပြုလုပ်သူအချို့က အကျိုးရှိသော ကုထုံးအဖြစ် သဘောတူသော်လည်း အမှန်တကယ်ထိရောက်ခြင်း ရှိ-မရှိနှင့် ဘေးအန္တရာယ်ကင်း-မကင်း ဆုံးဖြတ်ရန် များစွာလိုအပ်နေသေးကြောင်း သိပ္ပံပညာရှင်များက ပြောဆိုသည်။


ဒေါ်နယ်ထရမ့်က ကလိုရိုကွင်းဖြင့် Covid-19 ကုသရန် သတင်းထွက်ပေါ်လာပြီးနောက် နိုင်ဂျီးရီးယားတွင် ကလိုရိုကွင်းအပေါ် စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်း အာဏာပိုင်များက ပြောဆိုသည်။

https://www.scmp.com/news/world/africa/article/3076240/coronavirus-nigeria-reports-chloroquine-poisonings-after-donald

=====

လွန်ခဲ့သည့် တစ်လကျော်ခန့်မှစ၍ ဗိုင်းရပ်စွဲကူးစက်ရောဂါဖြစ်ပွားလျှက်ရှိသော အီတလီနိုင်ငံတွင် ၁-ရက် အတွင်း ၆၂၇-ဦး သေဆုံးခြင်းမှာ တမြန်နေ့ထက် ၁၈ % တိုးလာခြင်းဖြစ်ကြောင်း ကြောက်မက်ဖွယ်တွေ့ရှိနေရသည်။ ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးသူအရေအတွက်မှာ ဗုဒ္ဓဟူးနေ့တွင် ၄၇၅-ဦးဖြင့် စံချိန်တင် အစပြုခဲ့ပြီး ၃-ရက်အတွင်း သေဆုံးသူ ၁,၅၀၀-ကျော်လာခြင်းဖြစ်သည်။ နိုင်ငံ့မြောက်ပိုင်း၌ တားဆီးကန့်သတ်ရာတွင် စည်းကမ်းမလိုက်နာမှုများရှိနေသဖြင့် စစ်တပ်၏ အကူအညီရယူရန် အီတလီအစိုးရက သဘောတူထားသည်။

အီတလီ၏ သေဆုံးသူအရေအတွက်မှာ ၄,၀၃၂-ဦးရှိလာပြီး တရုတ် ( ၃,၂၅၉-ဦး ) ထက် သိသာစွာ ကျော်လွန်သွားပြီဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာလည်း ၄-သောင်း ၇-ထောင်ကျော်ဖြင့် တရုတ်၏ ထက်ဝက်ကျော်ရှိနေရာမှ ရက်အနည်းငယ်အတွင်း ကျော်လွန်သွားဖွယ်ရှိနေသည်။

ယမန်နေ့ အီတလီကျန်းမာရေးအင်စတီကျု့ဒ်၏ သတင်းထုတ်ပြန်ချက်တွင် သေဆုံးသူမျာ ၈၆% မှာ အသက် ၇၀-နှစ် အထက်ရှိသူများဖြစ်သည်။ အသက် ၆၀ မှ ၆၉ နှစ်အတွင်း ရှိသူများသည် သေဆုံးသူများ၏ ၁၀ % ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကျရောက်နေသည့် အီတလီတွင် နိုင်ငံ့မြောက်ပိုင်း ဖျားနာမှုအများဆုံး နယ်မြေ၌ ရောဂါပိုးကြောင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများလည်း သေဆုံးလျှက်ရှိရာ ယမန်နေ့အထိ အသက်ဆုံးရှုံးသူ ၁၃-ဦးရှိခဲ့ပြီဖြစ်သည်။ အီတလီကဲ့သို့ အခြေအနေမျိုး ကြုံတွေ့နိုင်ဖွယ်ရှိသည့်နိုင်ငံမှာ အမေရိကန်ဖြစ်ကြောင်း သတိပေးချက်ထွက်ပေါ်သည်။

ဂျာမနီနိုင်ငံတွင်မူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရာတွင် တားဆီးကန့်သတ်ရေး တာဝန်ထမ်းဆောင်လျှက်ရှိသူ ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော်မှာ ရောဂါပိုးကူးစက်ခံနေရပြီး အခြားရဲတပ်ဖွဲ့ဝင် ၁,၅၀၀ ကျော်မှာလည်း ကူးစက်သံသယဖြင့် ရောဂါခြေချုပ်ချထားရကြောင်း DW က ယနေ့ရေးသားသည်။

စပိန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၁-ထောင်ကျော်လာပြီးနောက် လူဦးရေ ၆-သန်းကျော်နေထိုင်သည့် မြို့တော် မက်ဒရစ်နှင့် အနီးတဝှိုက်ဒေသတွင် ရောဂါပိုးကူးစက်ခံရသူ ၈၀% ခန့်ရှိမည်ဖြစ်ကြောင်း စပိန်ကျန်းမာရေးဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည်။ ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း သေဆုံးသူ ၂၃၅-ယောက်ရှိနေသော စပိန်မှာ ဥရောပ၌ အီတလီပြီးလျှင် ဖျားနာ-သေဆုံးအများဆုံးနိုင်ငံဖြစ်သည်။

https://www.rt.com/news/483666-italy-coronavirus-record-death-toll/

https://edition.cnn.com/2020/03/20/europe/italy-military-coronavirus-intl/index.html

https://www.nzherald.co.nz/world/news/article.cfm?c_id=2&objectid=12318564

https://www.dw.com/en/coronavirus-top-official-no-shortages-in-germany/a-52849294


======

ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ရောဂါမှာ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများအပေါ်၌ ထူးခြားစွာ သက်ရောက်လျှက်ရှိစဉ် ရောဂါပိုးက မျိုးဆက်သစ်လူငယ်များကိုလည်း ခြွင်းချန်ထားလိမ့်မည်မဟုတ်ကြောင်း WHO အကြီးအကဲ တက်ရော့စ်အက်ဒ်နွမ်ဂေဘရီးယပ်စ်က သတိပေးလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

နိုင်ငံများစွာတို့၏ မှတ်တမ်းများအရ ရောဂါပိုးကူးစက်ခံရသူဗိုင်းရပ်စ်စွဲလူနာများတွင် အသက် ၅၀ အောက်ရှိသူများလည်း သိသိသာသာပါဝင်လျှက်ရှိသည်ကို ရှင်းလင်းစွာသိရှိနိုင်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ထိုအသက်အရွယ်ရှိသူတို့ကိုလည်း ရက်သတ္တချီ၍ ဆေးရုံတက်ရစေခြင်းမှ သေဆုံးသည့်အထိဖြစ်စေနိုင်ကြောင်း၊ ရောဂါ ကူးစက်ပျံ့ပွားမှုနှင့်ပတ်သက်၍ မည်သို့မျှ သာမန်ကာ လျှံကာ သဘောမထားကြရန် သောကြာနေ့ ပြုလုပ်သည့် သတင်းစာတွေ့ဆုံပွဲ၌ WHO အကြီးအကဲက သတိပေးပြောဆိုသည်။

https://www.rt.com/news/483669-who-coronavirus-youth-patients-pandemic/

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.