ကိုရိုနာဗိုင်းရပ်စ် ကူးစက်- သေဆုံးသူတွေ့လျှင် ကြောက်စရာလား

ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါမှာ WHO အဆိုအရ နိုင်ငံနှင့်နယ်မြေပေါင်း ၁၆၆-ခုတို့၌ ပျံ့နှံ့လျှက်ရှိပါသည်။ အဆိုပါကူးစက်ရောဂါကျရောက်မှုမှာ ၂-နှစ်ခန့် ကြာမြင့်မည်ဟု၎င်း ကမ္ဘာ့လူဦးရေ ၄-ပုံ ၃-ပုံ သို့မဟုတ် ၄၀ မှ ၇၀ ရာနှုန်းအထိ ရောဂါပိုး ကူးစက်ခံရဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါသည်။

ထိုသို့ဆိုလျှင် မဝေးသော တစ်နေ့တွင် သင်သော်၎င်း သင့်အနီးအနားနေထိုင်သူတွင်၎င်း ရောဂါပိုး ကူးစက်ခံရနိုင်ရန် ၇၀ ရာနှုန်း သေချာသည်ဟု ဆိုရပါမည်။

ဤတွင် ရောဂါပိုး ကူးစက်ခံရတိုင်း အသက်ဆုံးရှုံးလိမ့်မည်ဟု တစ်ထစ်ချ မဆိုနိုင်ပါ။ အီတလီကဲ့သို့ လတ်တလော အပြင်းအထန်ရောဂါကျရောက်နေသည့်နိုင်ငံတွင် ၅ – ၁၅ ရာခိုင်နှုန်းသာ သေဆုံးပြီး သေဆုံးသူများမှာလည်း အသက်အရွယ်အရ ရာခိုင်နှုန်းကွဲပြားလျှက်ရှိနေပြန်သည်။ ပုံမှန်အားဖြင့် ၄ ရာခိုင်နှုန်း ကျော်ကျော်သာရှိကြောင်းတွေ့ရပါမည်။

ယခုအခါ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများ၌ပင် ကြုံတွေ့ရသော အခက်အခဲမှာ ….

♦ ရောဂါကူးစက်မှုအလွန်လျှင်မြန်သဖြင့် ပြုစုကုသပေးရမည့် လူနာများ နေ့စဉ်ထောင်ချီတိုးလာခြင်းဖြစ်သည်။

♦ ထိုအတွက် ဆေးရုံ-ဆေးခန်း-ကုတင်- ဆေးဝါးပစ္စည်း လိုအပ်ပါသည်။

♦ ကူးစက်ခံရသူများလေ အဖိတ်အစင်များလေဖြစ်သည်။

♦ ရောဂါစစ်ဆေးဖော်ထုတ်ပေးမည့် ဆေးပညာရှင်၊ ပြုစုကုသမည့် ဆေးဝန်ထမ်းတို့ လိုအပ်နေခြင်းဖြစ်ပါသည်။

စောစီးစွာ ရောဂါကျရောက်ခဲ့သည့် တရုတ်သည် အဆိုပါလိုအပ်ချက်များကို ဖြေရှင်းနိုင်ခဲ့သည်။ ထို့အပြင် တစ်ပါတီ ဗဟိုဦးစီးစံနစ်ဖြစ်၍ ရောဂါခြေချုပ်ချထားခြင်း၊ တားဆီးပိတ်ဆို့ခြင်းများ၌ အခွင့်အာဏာ အသုံးပြု ခဲ့သည်။

ထိုနည်းလမ်းမှာ လူအားလုံး တစ်ပြေးညီ ညှိပစ်ရာရောက်သည့် ဖိနှိပ်မှုဆန်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် ကပ်ရောဂါဆိုး ကျရောက်ချိန်တွင် အလွန်အကျိုးရှိကြောင်း ဥရောပနိုင်ငံများလည်း သဘောပေါက်လာကြပြီဖြစ်သည်။

♦ မြန်မာနိုင်ငံအတွက်မူ တရုတ်တွင် နေ့စဉ် ရာချီသေဆုံးနေစဉ် တစ်ယောက်တစ်လေမျှ ဖျားနာ-သေဆုံး မရှိခဲ့ပါ။ သေဆုံးသူများမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ခဲ့လျှင် အနီးအနားရှိသူများတွင် ရက်ပိုင်းအတွင်း ရောဂါလက္ခဏာ ပြသနေပါလိမ့်မည်။ လျှို့ဝှက်ထားရန် အလွန်ခက်ပါသည်။

♦ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစရာရှိလျှင် ပြည်တွင်းနေအချင်းချင်း ကူးစက်သည်ထက် ယခု တရုတ်-ထိုင်းနိုင်ငံများကဲ့သို့ ပြည်ပမှ ဝင်လာသူများတွင်သာ ဖြစ်နိုင်စရာရှိသည်။

♦ ပြုစုကုသရန် လက်ခံထားရမည့် အရေအတွက် ပမာဏတစ်ခုအတွက် နေရာကြိုတင် စီစဉ်ထားပြီး၊ စေတနာ့ဝန်ထမ်း ဗော်လံတီယာများ လေ့ကျင့် သင်တန်း ပေးထားသင့်သည်။

♦ ဆေးဝါး-ပစ္စည်းကိရိယာ ကြိုတင်စုဆောင်းထားသင့်သည်။

♦ ကာကွယ်မှုကောင်းလျှင် ကုသပေးရမည့်အရေအတွက် လျှော့နည်းပါလိမ့်မည်။

ကျွန်တော်တို့ ကြောက်ရမည်မှာ တစ်ခုသာရှိသည်။

Covid-19 ရောဂါဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်သည် လူမှ လူချင်း- လူမှ တိရိစ္ဆာန်- တိရိစ္တာန်အချင်း ချင်း- တိရိစ္ဆာန်မှ လူ သို့ ကူးစက်နိုင်ပြီး ထိုသို့ ကူးစက်စဉ် ဗီဇပြောင်း Mutation ဖြစ်သွားနိုင်ခြင်းပင် ဖြစ်ပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.