ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိစဉ် ဒုက္ခသည်ဘင်္ဂါလီများ အမြန်ဆုံးနေရပ်ပြန်ရေး မြန်မာကို ပိုမိုဖိအားပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်ကို ဗြိတိန် ကတိပြု။ ဒုက္ခသည် ဘင်္ဂါလီများအတွက် မြန်မာက ဘာမှလုပ်ဆောင်ခြင်းမရှိဟုဆို

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) အကြပ်အတည်းတွင် ရေရှည်တည်တန့်မည့် အကြပ်အတည်းအဖြေရှာရေးအဖြစ် ရခိုင်ပြည်နယ်အတွင်း အမြန်ဆုံးနေရပ်ပြန်စေရေး ဗြိတိန်နိုင်ငံက မြန်မာအပေါ် ပိုမိုဖိအားပေးရန် ဘင်္ဂလားဒက်ရှ်က တောင်းဆိုလိုက်သည်ဟု bdnews24 က ယနေ့ရေးသားသည်။

ဗုဒ္ဓဟူးနေ့၌ ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး အင်နီမာရီထရီဗဲလ်ယန်နှင့် ဗွီဒီယိုရုပ်သံမှတဆင့် ဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်ဆို၏။


ဗြိတိန်နိုင်ငံဖြစ်ပွားလျှက်ရှိသော COVID-19 ပြင်းထန်မှု အပေါ် မိမိတို့အနေဖြင့် ကောင်းစွာ စာနာနားလည်ပါကြောင်း မိုမန်က ပြောကြားသည်။ ဘင်္ဂလားဒက်ရှ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးတိုက်ဖျက်ရေး အစီအစဉ်များ၊ ပြည်ပနှင့် အထူးသဖြင့် အရှေ့အလယ်ပိုင်းရောက် ဘင်္ဂလားဒက်ရှ်ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်ဆုံးရှုံးမှုများအပါအဝင် ကူးစက်ကပ်ရောဂါကြောင့် ဘင်္ဂလားဒက်ရှ်၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ သက်ရောက်မှုများအကြောင်းတို့ကို ရှင်းပြသည်။

အခက်အခဲကိုကျော်လွှားနိုင်ရန်အတွက် ဗြိတိန်နိုင်ငံ၏ အကူအညီလိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒုက္ခသည် ဘင်္ဂါလီများ နေရပ်ပြန်ရေးအတွက် မည်သည့်အရာမျှ လုပ်ဆောင်ခြင်းမရှိသေးကြောင်း၊ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့ထားခြင်းအပါအဝင် မြန်မာနိုင်ငံအပေါ် ပိုမို ဖိအားပေးမှုမရှိပဲ ဒုက္ခသည်ဘင်္ဂါလီပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု အခိုင်အမာယုံကြည်ကြောင်း မိုမန်က ဆက်လက်ပြောဆိုသည်။

ဗြိတိန်နိုင်ငံက အထောက်အပံ့ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသရေးနှင့် ကူးစက်ခံရသူများသီးခြားခွဲထား ရေးစင်တာများသည် ဘင်္ဂလားဒက်ရှ်နှင့် ကော့ခ်ဘဇားရှိ ဒုက္ခသည်ဘင်္ဂါလီအသိုင်းအဝိုင်းတို့အတွက် ကူညီရာရောက်ရှိသည်ဟု ရှု့မြင်ကြောင်း ထရီဗဲလ်ယန်က တုန့်ပြန်ပြောဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေး အတွက် ဘင်္ဂလားဒက်ရှ်နိုင်ငံအား ပေါင်ငွေ ၂၁-သန်းကျော် လှူဒါန်းခဲ့ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ၊ ၎င်းတို့ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးဖြစ်ထွန်းလာသည်အထိ ဗြိတိန်အစိုးရအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံတို့နှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးက ကတိပြုသည်။

(( မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြီးဆုံးသောအခါ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေး ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့စဉ်အတွင်း အနောက်မြောက်တံခါးမှ တရားမဝင်ရောက်ရှိ လာသော ဒုက္ခသည်ဘင်္ဂါလီများကိုလည်း ကွာရန်တင်းစင်တာများတွင် ထားရှိခြင်း၊ ရောဂါပိုးစစ်ဆေးခြင်း စောင့်ရှောက်ပြုစုခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။


ဘင်္ဂလားဒက်ရှ်သည် မလေးရှားရောက် ဒုက္ခသည်ဘင်္ဂါလီ လှေစီးပြေးများကို ပြန်လည်ခေါ်ယူရန် ကွာလာလန်ပူအစိုးရ၏ တောင်းဆိုချက်ကို ပယ်ချထားသည်။ ထို့ပြင် ပင်လယ်ပြင်တွင် မရေမရာဖြစ်လျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီလှေများကိုလည်း ကမ်းကပ်ခွင့်ပေးရန် ငြင်းပယ်ခဲ့သည်။ ၎င်းကဲ့သို့သောနိုင်ငံက ကူးစက်ရောဂါကျရောက်နေလင့်ကစား ဒုက္ခသည်များအား မြန်မာက အမြန်ဆုံးပြန်လည်ခေါ်ယူရန် ပြောဆိုနေသည်။ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့ထားခြင်းအပါအဝင် ဖိအားမျိုးစုံပေးရန် နိုင်ငံကြီးများအား တောင်းဆိုနေသည်။ ဗြိတိန်ကဲ့သို့ မြန်မာနှင့် ဘင်္ဂလားဒက်ရှ်၏ ကိုလိုနီသခင်ဟောင်းကြီးကလည်း ကူညီမည်ဟု ကတိပြုနေပါသည်။


ကျွန်တော်တို့ ရေမြေပေါ်တွင် အမှန်တကယ်နေထိုင်ခဲ့ပြီး အကြမ်းဖက်မှု၌ ပါဝင်ခြင်းမရှိသည့် ဒုက္ခသည်ဘင်္ဂါလီများအား ပြန်လည်လက်ခံရန် မြန်မာ- ဘင်္ဂလားဒက်ရှိ- ကုလအေဂျင်စီတို့ ၃-ပွင့်ဆိုင် စာချုပ် ချုပ်ဆိုခဲ့ပြီး လက်ခံကြိုဆိုရေးစခန်းများ တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။

သို့သော် တိုင်းရင်းသားအဆင့် “ ရိုဟင်ဂျာလူမျိုး “ နှင့် နိုင်ငံသားအဖြစ်အသိအမှတ်ပြုကြောင်း မြန်မာအစိုးရက နိုင်ငံတော်ပြန်တမ်းထုတ်ပြန်ပေးမှ ပြန်လာမည်ဟု ဆိုသူမှာ ရိုလော်ဘီများဖြစ်သည်။ ယခုအတိုင်းပြန်သွားလျှင် ဒုက္ခသည်များ အသက်ဘေးစိုးရိမ်ရသည်ဟု တားဆီးသူမှာ လူ့အခွင့်အရေးအဖွဲ့များဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည်ဆိုသော ဒုက္ခသည်ဘင်္ဂါလီများ အမြန်ဆုံးနေရပ်ပြန်လိုလျှက်ရှိကြောင်း ကုလသမဂ္ဂ နိုင်ငံတကာရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအဖွဲ့ ( IOM ) ၏ ဘင်္ဂလားဒက်ရှ် ဆိုင်ရာအကြီးအကဲက ပြောကြားသည်ဟု ( ဒီဇင်ဘာ – ၀၅၊ ၂၀၁၉ ) ဘင်္ဂလားဒက်ရှ်သတင်းစာတို့၌ ဖော်ပြခဲ့ပါသည်။

မွန်-ကရင်-ဝ-ကချင်-ရှမ်း-ခမီ-ရခိုင်-နာဂလူမျိုးတို့မှာ မြန်မာနိုင်ငံတွင် တိုင်းရင်းသားဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင်လည်း တိုင်းရင်းသားဖြစ်နေသည်။ သို့သော် အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တို့၏ တရားဝင်လူမျိုး စာရင်းတွင် “ ရိုဟင်ဂျာ “ ဟူ၍မရှိ၊ အိန္ဒိယတိုက်ငယ်ကို နှစ် ၂၀၀ မျှ ကိုလိုနီပြုခဲ့သော အင်္ဂလိပ်တို့မှတ်တမ်းတွင်လည်း မရှိပါ။

မရှိသော လူမျိုးဖြစ်၍ မရှိကြောင်း ပြောဆိုခြင်းသည် “ Racism , Racist “ စွပ်စွဲလျှင် နိုင်ငံရေးဝေါဟာရများကို မသိ-မတတ်၍ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသား ဘင်္ဂါလီမွတ်စလင်များစွာရှိပြီး ကောင်းမွန်စွာလုပ်ကိုင်စားသောက်လျှက်ရှိပါသည်။ လူမျိုးတစ်မျိုးအမည်ကို ခေါ်ဆိုရန်မှာ ၎င်းတို့၏ လူ့အခွင့်အရေးဖြစ်သည်ဆိုလျှင် မရှိသောလူမျိုးဖြစ်၍ မခေါ်နိုင်ကြောင်း ထမင်းစားသော လူများဖြစ်သည့် ကျွန်တော်များတွင် ငြင်းပယ်ရန် လူ့အခွင့်အရေးရှိသည်။ ။ သတင်းဘာသာပြန်သူ ))


((( bdnews24., 25 Jun 2020, “UK minister urged to mount pressure on Myanmar over Rohingya on virtual Bangladesh visit.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))

https://bdnews24.com/bangladesh/2020/06/25/uk-minister-urged-to-mount-pressure-on-myanmar-over-rohingya-on-virtual-bangladesh-visit

http://www.aljazeera.com/news/2017/09/india-rohingya-muslims-terror-ties-170918134840406.html

http://www.newagebd.net/article/23739/bangladesh-proposes-un-run-safe-zone-for-myanmar-refugees

http://www.thedailystar.net:8080/city/rohingya-need-un-or-oic-run-safe-zone-1460452

https://www.middleeasteye.net/news/saudi-arabia-continues-deport-scores-rohingya-bangladesh-1483657865?fbclid=IwAR1t4vDLk6iMlMO-G_q0NBR5-Zytnvrpv8cXBmeSL0qeEROxlvIlCUDU76s

http://www.thedailystar.net/rohingya-crisis/rohingya-orgs-demand-security-rights-repatriation-1521685

http://www.dhakatribune.com/bangladesh/nation/2018/01/20/rohingya-leader-shot-dead-coxs-bazar/

https://timesofindia.indiatimes.com/world/rest-of-world/rohingya-refugees-in-bangladesh-protest-repatriation-move/articleshow/62568359.cms?TOI_browsernotification=true

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/09/09/probe-report-instigators-of-rohingya-mass-rally-in-ukhiya-identified

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/09/09/probe-report-instigators-of-rohingya-mass-rally-in-ukhiya-identified

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/12/04/rohingyas-to-go-back-when-they-are-ready

https://unb.com.bd/category/Bangladesh/rohingyas-to-go-back-when-theyre-ready-iom-bangladesh-chief/36945

https://www.aljazeera.com/news/2018/02/rohingya-autonomous-region-repatriation-180220061618141.html

0

Leave a Reply

Your email address will not be published.