ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရသည့် တရားသူကြီးအား လေတပ်မတော်က အရေးပေါ် ကယ်ထုတ်ပေးခဲ့။ ငွေကြေးအခက်အခဲကြောင့် ပိတ်သိမ်းရတော့မည် ကိုရိုနာစစ်ဆေးရေး ဓါတ်ခွဲခန်း ၄၀-အား ဒီဇင်ဘာလကုန်အထိ ဖွင့်လှစ်မည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ တစ်သိန်းခွဲကျော် ကူးစက်ခံရပြီး ၃-ထောင်ကျော်သေဆုံးခဲ့

ဘင်္ဂလားဒက်ရှ် လေတပ်မတော် BAF သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လျှက်ရှိကြောင်း အတည်ပြုခြင်းခံရသူ ဒင်နာ့ဂျ်ပူ ဒိစတြိတ် အကြီးတန်း တရားသူကြီး အဇစ်အာမက်နှင့် ဇနီးတို့အား တနင်္ဂနွေနွေနေ့၌ ဒါကာမြို့ သို့ ကယ်ထုတ်ကူညီပေးခဲ့သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


ဘင်္ဂလားဒက်ရှ်လေတပ်မတော်က တရားသူကြီး ဇနီးမောင်နှံအား ပိုမိုကောင်းမွန်သော ဆေးဝါးကုသမှု ပေးအပ်နိုင်ရန်အတွက် ဒါကာမြို့ ကာမင်တူလာ အထွေထွေရောဂါကုဆေးရုံကြီးသို့ MI-171SH အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို အသုံးပြု၍ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့သည်ဆို၏။ 

  
လေတပ်မတော်သည် နိုင်ငံတော်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါကျရောက်နေချိန်၌ လိုအပ်သော ကျွမ်းကျင်မှုနည်းလမ်းဖြင့် ဖြည့်ဆည်းရန် ကတိရှိပြုထားကြောင်း၊ တပ်မတော်(လေ) ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ကွပ်ကဲမှုဖြင့် အရေးပေါ်လေကြောင်းပို့ဆောင်ရေးနှင့် ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေး (MEDEVAC) မစ်ရှင်များအား ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဘင်္ဂလားဒက်ရှ်တပ်မတော် ပြည်တွင်း ပြည်သူ့ ဆက်ဆံရေးဋ္ဌာန(ISPR) ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရှိရသည်။ 

  
စောစောပိုင်းတွင် ရံပုံငွေ အခက်အခဲကြောင့် ဘင်္ဂလားဒက်ရှ်နိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စမ်းသပ်စစ်ဆေးရေး ဓါတ်ခွဲခန်း ၄၀ တို့အား သြဂုတ်လကုန်တွင် ပိတ်သိမ်းရတော့မည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ BRAC က သတင်းထုတ်ပြန်ခဲ့သည်။ 


သို့သော်လည်း Global Fund ထံမှ လှူဒါန်းမှု ရရှိခြင်းကြောင့် အဆိုပါ ဓါတ်ခွဲခန်းများကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း RRAC က ဘင်္ဂလားဒက်ရှ် ကျန်းမာရေးအထွေထွေဝန်ဆောင်မှု ညွှန်ကြားမှုဦးစီးဌာန (DGHS) သို့ တနင်္ဂနွေနေ့ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ 


BRAC သည် ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်တွင် DGHS အား ကူညီသည့်အနေဖြင့် ဓါတ်ခွဲစစ်ဆေးရေးဋ္ဌာန ၉၇-ခုကို ၆-လအတွင် ထူထောင်ပေးခဲ့သည်။ 

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။ ယမန်နေ့ နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၂၄-နာရီအတွင်း သေဆုံးသူ ၃၄-ဦးရှိ၍ ကူးစက်ခံရသူ ၂၄၈၇-ဦးရှိနေကြောင်း Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရ သည်။ 


ယခုအချိန်ထိ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Covid-19 ရောဂါဖြင့် သေဆုံးသူ ၃,၃၉၉-ဦး၊ ကူးစက်ခံရသူ ၂၅၇,၀၀၀-ဦးရှိကြောင်း Worldometer ၏ အချိန်နှင့်တစ်ပြေးညီဖော်ပြချက်များအရ သိရှိရသည်။ 

((( Dhaka Tribune., 10 August 2020,” Coronavirus: BAF airlifts coronavirus infected judge from Dinajpur to Dhaka.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


#ဘင်္ဂလားဒက်ရှ်လေတပ်မတော်_ကိုရိုနာဗိုင်းရပ်စ် 


https://www.dhakatribune.com/health/coronavirus/2020/08/10/coronavirus-baf-airlifts-coronavirus-infected-judge-from-dinajpur-to-dhaka?fbclid=IwAR1SR2x0NgvHlP7MOPpppbCiMmAo93KkuxYMlBKzx1zOGL-EFnswE9aq2A4 

https://www.dhakatribune.com/health/coronavirus/2020/08/10/brac-covid-19-testing-booths-will-stay-open-till-december-31

https://www.dhakatribune.com/health/coronavirus/2020/08/09/covid-19-bangladesh-reports-34-new-deaths-2-487-cases-in-24-hrs

https://www.worldometers.info/coronavirus/

1+

Leave a Reply

Your email address will not be published.