ကိုရိုနာဗိုင်းရပ်စွဲ ကမ္ဘာ့ကူးစက်ကပ်ရောဂါနှင့် ယနေ့နိုင်ငံတကာထူးခြား သတင်းကောက် နှုတ်ချက

အိုင်စစ် ( ISIS, IS ) ခေါ် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ဘာသာရေးအစွန်းရောက်အကြမ်းဖက်တို့က ၎င်းတို့၏ နောက်လိုက်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် ဖျားနာသေဆုံးမှများ တစ်ရှိန်ထိုးမြင့်တက်နေသည့် ဥရောပနိုင်ငံများသို့ ခရီးသွားခြင်းမပြုကြရန် သတိပေးလိုက်သည်။

ဂျီဟဒ်ဝါဒီတို့၏ ယခင်က ပစ်မှတ်အဖြစ်ထားရှိခဲ့သော ဧရိယာမှာ ရောဂါကူးစက်ပျံ့နှံ့လျှက်ရှိရာမြေအဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်သဖြင့် အိုင်စစ်ထောက်ခံသူတို့အနေဖြင့် ဝင်ရောက်ခြင်းမပြုရန် အကြမ်းဖက်အုပ်စုက အကြံပြုထားပြီး ပုံမှန် လက်ဆေးကြရန်ကိုလည်း ညွှန်ကြားထားသည်ဆို၏။

အကြမ်းဖက်အုပ်စု၏ al-Naba “ အယ်လ်နဘာ” သတင်းထုတ်ပြန်ချက်တွင် “ ကူးစက်ရောဂါနှင့် ထိတွေ့နေရသူများသို့ ညွှန်ကြာချက်များ ” ဟု အာရဗီဘာသာဖြင့် စာမျက်နှာပြည့် ဖော်ပြထားပြီး ဖျားနာမှုဖြစ်ပွားရခြင်းများမှ ကာကွယ်ရန် တာဝန်ရှိကြောင်း သတ်မှတ်ခြင်းနှင့် ထိုသို့ကူးစက်ရောဂါဖြစ်ပွားနေသူများအား ရှောင်ကျဉ်ရန်တို့ကို အလေးထားဖော်ပြထားကြောင်း တွေ့ရှိရသည်ဟု Indepandent က ဖော်ပြသည်။

https://www.independent.co.uk/news/world/middle-east/coronavirus-isis-europe-spain-italy-france-uk-covid-19-pandemic-latest-a9403421.html

=====

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါမွှေနှောက်လျှက်ရှိရာ နိုင်ငံ ၃-နိုင်ငံမှာ ၂၄-နာရီအတွင်း သေဆုံးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်ဟု BBC က ယနေ့ဖော်ပြသည်။

အီတလီသည် တစ်ရက်အတွင်း ၃၆၈-ဦးဖြင့် အများဆုံး သေဆုံးမှုဖြစ်ခဲ့ရာ ယခုထိဆိုလျှင် သေဆုံးသူစုစုပေါင်း ၁,၈၀၉-ဦးဖြစ်လာသည်။ ၉၇-ဦးသေဆုံးသော စပိန်မှာ စုစုပေါင်းသေဆုံးသူ ၂၈၈-ဦး၊ ပြင်သစ်တွင် ၂၉-ဦး သေဆုံး၍ စုစုပေါင်း ၁၂၀-ဦးရှိနေသည်။

ဗြိတိန်တွင်လည်း တစ်ရက်အတွင်း ၁၄-ဦးသေဆုံးသည်အထိ အများဆုံးဖြစ်ပွားပြီး စုစုပေါင်းသေဆုံးသူ ၃၅-ဦးရှိလာသည်။ ဥရောပတစ်ဝှမ်းလုံးရှိ နိုင်ငံအစိုးရတို့က ၎င်းတို့ပြည်သူလူထု၏ ကူးလူးသွားလာမှုတို့ကို ထိန်းချုပ်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော နယ်ခြားတို့ကိုလည်း အသီးသီးတင်းကြပ်ခဲ့ကြောင်း တွေ့ရှိရသည်။

https://www.bbc.com/news/world-europe-51901976.

=====

တနင်္ဂနွေနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသူ ၃၂-ဦး တွေ့ရှိခဲ့ရာ တစ်ရက်အတွင်း ကူးစက်ခံရသူအများဆုံးဖြစ်ခဲ့သည်။ အများပြည်သူသက်ဆိုင်ရာနေရာနှင့် လက်ဝှေ့အားကစားရုံအတွင်းမှ ၁၇-ဦးအပါအဝင် ယခုထပ်မံတွေ့ရှိရသည့် ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသူများမှာ နိုင်ငံခြားသားနှင့် ထိတွေ့ ဆက်ဆံသူများ၊ ပြည်ပခရီးမှ ပြန်လည်ရောက်ရှိလာသူများဖြစ်နေသည်။

ထိုင်းနိုင်ငံတွင် ယခုထိ ဗိုင်းရပ်စ်စွဲကပ်ခြင်းခံရသူ ၁၁၄-ဦးရှိနေပြီး၊ ၁-ဦးသေဆုံး၍ ကုသပျောက်ကင်းသူ ၃၅-ဦး ရှိသည်။

https://www.bangkokpost.com/thailand/general/1879300/thailand-reports-32-new-coronavirus-cases-in-biggest-single-day-rise

=====

မလေးရှားနိုင်ငံအတွင်း တနင်္ဂနွေနေ့ တစ်ရက်တည်း၌ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသူပေါင်း ၁၉၀-ဦးတွေ့ရှိခြင်းမှာ ယခင်ရက်များထက် အများဆုံးဖြစ်သည်။ ထိုသို့ဖြစ်ပွားရခြင်းတွင် Tabligh Jammat “ တဗ်လိုက် ဂျ မတ် “ ခေါ် ဘာသာရေးစုဝေးမှုနှင့် ဆက်နွယ်လျှက်ရှိသည်။ ဖေဖော်ဝါရီ – ၂၇ မှ မတ်လ ၁-ရက်နေ့ထိကျင်းပသည့် “ ဂျိုရ် “ ခေါ် ဘာသာရေးစုဝေးမှုတွင် စင်္ကာပူနှင့် ဘရူးနိုင်း နိုင်ငံသားများအပါအဝင် “ ဂျမာသ်သား ” ၁၆,၀၀၀ – ဦး တက်ရောက်ခဲ့သည်။

တနင်္ဂနွေနေ့အထိ မလေးရှားနိုင်ငံတွင်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသူ စုစုပေါင်း ၄၂၈-ဦးတွင် ၂၄၃-ဦးမှာ အဆိုပါစုဝေးမှုနှင့်ဆက်နွယ်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း မလေးရှားအခြေစိုက် Economic Times က ယမန်နေ့ရေးသားသည်။

ထိုအတွက် မလေးရှားနိုင်ငံရှိ ဗလီများအား သောကြာနေ့ ဝတ်ပြုခြင်းအပါအဝင် လှုပ်ရှားမှုအားလုံးတို့ကို ၁၀-ရက်ကြာ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ကြောင်း နိုင်ငံ့မြောက်ပိုင်းပြည်နယ် ဘာသာရေးအကြီးအကဲများအစည်းအဝေးက ယမန်နေ့ ဆုံးဖြတ်သည်။ ဗလီများ ပိတ်ထားရန် မလေးရှားကျန်းမာရေးဝန်ကြီး၏ အကြံပြုချက်ကို လက်ခံကြောင်း နိုင်ငံအတွင်း သြဇာကြီးမားသည့် မလေးရှားအစ္စလာမ်မစ်ဖွံ့ဖြိုးရေးဌာန (Jakim) အကြီးအကဲက ၎င်း၏ Instagram ၌ ယနေ့လွှင့်တင်ထားသည်ကို တွေ့ရှိရသည်။

(( အဆိုပါဘာသာရေးစုဝေးပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ၆-ဦးတက်ရောက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့မှာ မြန်မာနိုင်ငံအတွင်း နေထိုင်သူများမဟုတ်ကြပါ။ ထို့ပြင် မတ်လ ၁၂-ရက်နေ့အထိ သက်ဆိုင်ရာ နေအိမ်များသို့ ပြန်မရောက်ကြသေးကြောင်းနှင့် အဆိုပါဘာသာရေးစုဝေးပွဲသို့ တက်ရောက်ခဲ့သူများကို မလေးရှားအစိုးရက စိစစ်ရှာဖွေလျှက်ရှိကြောင်း၊ စနေနေ့အထိ ၅၀၀၀ ကျော်တွေ့ရှိပြီးဖြစ်ကြောင်း၊ မြန်မာနှင့် သက်ဆိုင်လျှင်လည်း ကျန်းမာရေးအရေးပေါ်အခြေအနေတွင် နိုင်ငံအချင်းချင်း လုပ်ထုံးလုပ်နည်းများအတိုင်း မပျက်မကွက် ဆောင်ရွက်ကြမည်ဟု သိရှိရပါသည်။ သတင်းဘာသာပြန်သူ )))

https://www.straitstimes.com/asia/se-asia/coronavirus-malaysias-mosques-advised-to-close-as-confirmed-cases-rise

https://economictimes.indiatimes.com/news/international/world-news/most-malaysia-coronavirus-cases-linked-to-international-islamic-gathering/articleshow/74639543.cms

=====

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာယူနီဗာစီတီ၏ ပို့ချမှုတန်းများ၊ စာမေးပွဲများကို မတ်လ ၁၈-ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆိုင်းငံ့ထားရန် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

အဆိုပါ ဆိုင်းငံ့ရက် ၁၁-ရက်ကို လာမည့်နွေရာသီကျောင်းပိတ်များနှင့် ညှိနှိုင်း စီစဉ်သွားမည်ဆို၏။ နိုင်ငံတကာတွင် လူပေါင်း ၆,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် Covid-19 ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်လျှက်ရှိသူ ၃-ဦးကို ဘင်္ဂလားဒက်ရှ်တွင် ထပ်မံတွေ့ရှိသည်။

ကူးစက်ခံရသူ စုစုပေါင်း ၈-ဦး၊ ကုသပျောက်ကင်းသူ ၃-ဦးရှိခဲ့ပြီး ယခုအချိန်အထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိသေးချေ။ ရောဂါသံသယရှိသူအား ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် သုတေသနဆိုင်ရာအင်စတီကျု့ဒ် ( IEDCR ) သို့ ပို့ဆောင်ဆေးစစ်မည့်အစား သံသယရှိကြောင်း သတင်းကြားသိရသည့်နေရာ သို့မဟုတ် သတ်မှတ်ထားသည့် ဆေးဘက်ဆိုင်ရာစင်တာတို့က အိမ်တိုင်ရာရောက် လိုက်လံစုဆောင်း၍ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

https://www.dhakatribune.com/bangladesh/dhaka/2020/03/16/coronavirus-du-suspends-academic-activities-from-march-18-28

#HtayOung, #OungMarine

#ကိုရိုနာဗိုင်းရပ်စ် #အိုင်စစ်ISIS #အီတလီ #ထိုင်း #မလေးရှား#ဘင်္ဂလားဒက်ရှ် #စပိန် #ပြင်သစ်

0

Leave a Reply

Your email address will not be published.