ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနေခိုက် ဘင်္ဂလားဒက်ရှ်တွင် ရေကြီးရေလျှံရာမှ ကူးစက် ရောဂါများဖြစ်ပွား၍ လူသေဆုံး၊ လူပေါင်း ၂.၃ သန်း ရေဘေးဒါဏ်ခံစားပြီး လူ ၃၀၀၀ ခန့် ရေမှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားခဲ့

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးရွားစွာ ကျရောက်နေခိုက် ရေကြီးရေလျှံမှု များဖြစ်ပွားလျှက်ရှိသည်။ နိုင်ငံ၏ အနိမ့်ပိုင်းဒေသများတွင် ဝမ်းပျက်ဝမ်းလျှော၊ အရေပြား၊ မျက်စိနာနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာ စသည့် ရေမှတစ်ဆင့် သယ်ဆောင်သည့် ရောဂါများဖြစ်ပွားလျှက်ရှိသည်ဟု bdnews24 က ယနေ့ရေးသားသည်။ 

  
ဇွန်လ ၃၀-ရက်နေ့မှ စတင်၍ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ အနည်းဆုံး ၅၅-ဦး ရှိခဲ့ရာ ရေနစ်၍ ၄၄-ဦး၊ ဝမ်းပျက်ဝမ်းလျှော၍ ၁-ဦး၊ မြွေကိုက်ခံရ၍ သေဆုံးသူ ၇-ဦးရှိကြောင်း အထွေထွေ ကျန်းမာရေး ဝန်ဆောင်မှ ဦးစီဋ္ဌာန DGHS က ယမန်နေ့၌ ပြောဆိုသည်။ 

  
ဇူလိုင်လ စောစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ အနိမ့်ပိုင်းဒေသ ၄-ပုံ ၁-ပုံ၌ လူပေါင်း ၂.၃ သန်းခန့်မှာ ရေလွှမ်းမိုးမှုဒါဏ်ခံစားခဲ့ရသည်။ ထို့ပြင် ရေဘေးကြောင့် အခြေခံစီးပွားရေးအဆောက်အအုံများနှင့် အခြားသော ပိုင်ဆိုင်မှုအများအပြား ပျက်စီးခဲ့ရသည်။ 


ရေလွှမ်းမိုးမှုဒဏ် အဆိုးရွားဆုံးခံစားရသောဒေသများတွင် အနည်းဆုံး လူပေါင်း ၃,၀၀၀ ခန့်မှာ ရေမှတစ်ဆင့် သယ်ဆောင်သော ကူးစက်ရောဂါများ ဖြစ်ပွားခဲ့သည်။ 


၎င်းတို့အနက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁,၅၇၁-ဦး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ ၃၄၈ -ဦး၊ အရေပြားရောဂါ ၁၃၂-ဦး နှင့် မျက်စိနာရောဂါဖြစ်ပွားသူ ၃၂ – ဦး ရှိနေသည်။ 


ရေမှတစ်ဆင့်ကူးစက်ပြန့်နှံ့သော ရောဂါများကြောင့် လူပေါင်း ၃၈၄ ဦး သေဆုံးခဲ့ရာ ၁-ရက်လျှင် သေဆုံးသူ ၅ ဦးနှုန်း သေဆုံးခဲ့ကြောင်း DGHS ၏ ကျန်းမာရေး အရေးပေါ်ကုသရေးနှင့် ထိန်းချုပ်ကာကွယ်ရေးဋ္ဌာက သောကြာနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 


သဘာဝဘေးစီမံခန့်ခွဲရေးဌာန၏ အဆိုအရ ခရိုင် ၁၈ ခုမှ မိသားစုပေါင်း ၅၄၆,၈၁၆ -စု ကျော်မှာ ရေလွှမ်းမိုးမှု ဒဏ်ကို ခံစားခဲ့ရသည်။ ရေဘေးသင့်ဒေသများတွင် ရောဂါ ကူးစက် ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့က ဆောင်ရွက် ပေးလျှက်ရှိသည်ဆို၏။ 


DGHS ၏ အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်မှုညှိနှိုင်းရေးဌာနမှ ဆန်၊ ရိက္ခာခြောက်ထုပ်များ၊ ကလေးအစားအစာ၊ မွေးမြူရေးအစားအစာများနှင့် အိမ်သုံးပစ္စည်းများဖြန့်ဝေပေးခဲ့ပြီး စုစုပေါင်း တာကာငွေ ၁၀.၉ -သန်းကို လှူဒါန်းခဲ့ကြောင်းသိရှိရသည်။


ဘင်္ဂလားနိုင်ငံ ဒေသအတော်များများတွင် ရေကြီးရေလျှံအခြေအနေများ တိုးတက်ကောင်းမွန်လာသော်လည်း အလယ်ပိုင်းဒေသခရိုင်များ၌မူ ဆက်လက် ကြုံတွေ့ရနိုင်ကြောင်း ရေကြီးရေလျှံမှု ကြိုတင်ခန့်မှန်းခြင်းနှင့် သတိပေးစင်တာက ပြောဆိုသည်။ 

((( bdnews24., 18 Jul 2020,” Dozens drown as water-borne diseases spread amid Bangladesh flash floods.By; Moinul Hoque Chowdhury” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ကိုရိုနာဗိုင်းရပ်စ်ရောဂါဘင်္ဂလားဒက်ရှ် #ရေကြီးရေလျှံ၍ရေမှတစ်ဆင့်ကူးစက်ရောဂါဖြစ်ပွား 


https://bdnews24.com/bangladesh/2020/07/18/dozens-drown-as-water-borne-diseases-spread-amid-bangladesh-flash-floods 

1+

Leave a Reply

Your email address will not be published.