
လက်ရှိပျံ့နှံ့လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ကူးစက်ရန် ၇၀ ရာခိုင်နှုန်းအထိ ပိုမိုလွယ်ကူသော ဗိုင်းရပ်စ်မျိုးကွဲမှာ ဗြိတိန်နိုင်ငံတွင် ပျံ့နှံ့လျှက်ရှိကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောဆိုသည်။ တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိရသော သီးခြားမျိုးကွဲတစ်ခုမှာလည်း စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု Reuters က ယနေ့ ရေးသားသည်။
..
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကမူ ၎င်းဗိုင်းရပ်စ်မျိုးကွဲများမှာ နိုင်ငံတကာတွင် ဖြန့်ဝေလျှက်ရှိသော ကာကွယ်ဆေးများထိရောက်မှုအပေါ် အားနည်းစေနိုင်ခြင်း ရှိ-မရှိ ဆုံးဖြတ်ရန် အချက်အလက် လုံလောက်မှု မရှိသေးကြောင်း WHO က ပြောဆိုသည်။
..
လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံ၌ ပထမဆုံး စတင်တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး၏ မျိုးကွဲများသည် ကမ္ဘာတစ်ဝှမ်းပျံ့နှံ့လျှက်ရှိရာ ကူးစက်ခံရကြောင်း သတင်းရရှိသည့်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်သည်။
..
၁- ♦ #ဆွစ်ဇာလန် ဗြိတိန်မှ ဗိုင်းရပ်စ်မျိုးကွဲကူးစက်ခံရမှု ၅-ခုနှင့် တောင်အာဖရိကမှ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ၂-ခုကို တွေ့ရှိရပြီး ထိုအရေအတွက်ထက် ပိုမိုနိုင်ကြောင်းခန့်မှန်းရသည်။
၂- ♦ #ဒိန်းမတ် ကူးစက်ခံရမှု ၃၃-ခုတို့မှာ ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲဖြစ်ကြောင်း ဒီဇင်ဘာ ၂၄-ရက်နေ့၌ သတင်းထုတ်ပြန်သည်။
၃- ♦ #ပြင်သစ် ဥရောပသမဂ္ဂတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သော ပြင်သစ်၌ ဗိုင်းရပ်စ်မျိုးကွဲကူးစက်လျှက်ရှိသော ပထမဆုံးပြင်သစ်လူမျိူးမှာ လန်ဒန်မှ ရောက်ရှိလာသူဖြစ်သည်။
၄- ♦ #အိန္ဒိယ ဗြိတိန်မှ ဆိုက်ရောက်လာသည့် လေယာဉ်၌ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု ၆-ခုကို တွေ့ရှိခဲ့ရပြီးနောက် ရောဂါပျံ့နှံ့ခြင်းမှ ကာကွယ်ရန် လေယာဉ်ပျံသန်းမှု ပိတ်ပင်ခြင်း သက်တမ်းတိုးမြှင့်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့၌ ပြောဆိုသည်။
၅- ♦ #ဂျပန် တောင်အာဖရိကဗိုင်းရပ်စ်မျိုးကွဲပိုး ကူးစက်မှုတွေ့ရှိကြောင်း ဂျပန်အစိုးရက တနင်္လာနေ့၌ ကြေညာသည်။ နိုင်ငံအတွင်း၌ ကူးစက်မှု ၁၂-ခုကျော်မှာလည်း ဗြိတိန်မျိုးကွဲဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်ဆို၏။
၆- ♦ #တောင်ကိုရီးယား ဒီဇင်ဘာ၂၂-ရက်နေ့၌ လန်ဒန်မှ ဆိုက်ရောက်လာသူ ၃-ဦးတွင် ကူးစက်လျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ဗြိတိန်တွင် တွေ့ရှိရသည့် ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်သည်။
၇- ♦ #နော်ဝေး ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲကူးစက်ခြင်းခံရသူ ၃-ဦးမှာ ဒီဇင်ဘာလစောစောပိုင်းတွင် လန်ဒန်မှ ရောက်ရှိလာသူဖြစ်သည်။
၈- ♦ #သြစတေးလျ ဗြိတိန်မှ ခရီးသွား ၂-ဦးတွင် ဗိုင်းရပ်စ်မျိုးကွဲကူးစက်လျှက်ရှိကြောင်း ပြောဆိုသည်။
၉- ♦ #ဂျော်ဒန် လွန်ခဲ့သည့်ရက်သတ္တပတ်တွင် ဇန်နဝါရီ ၃-ရက်နေ့အထိ ဗြိတိန်လေကြောင်းလိုင်းများအား ပိတ်ပင်ထားသည့်နိုင်ငံဖြစ်သည်။ ကိုရိုနာရောဂါဖြစ်ပွားသူ ၂-ဦးကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ရာ ဗြိတိန်တွင် ဖြစ်ပွားနေသည့် ဗိုင်းပ်စ်မျိုးကွဲကူးစက်ခံရခြင်းဖြစ်သည်။
၁၀- ♦ #ဂျာမနီ ဒီဇင်ဘာ ၂၀-ရက်နေ့တွင် လန်ဒန်မှ ဖရန့်ဖွတ်သို့ လေကြောင်းမှ ရောက်ရှိလာသူ ၁-ဦးတွင် ဗြိတိန်ဗိုင်းရပ်စ်မူကွဲ ကူးစက်လျှက်ရှိသည်။ ဗိုင်းရပ်စ်မျိုးကွဲသည် ဂျာမနီနိုင်ငံသို့ နိုဝင်ဘာလတည်းက ရောက်ရှိနေပုံရသည်။
၁၁- ♦ #အီတလီ ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲကူးစက်ခံထားရသူ လူနာတစ်ဦးကို တွေ့ရှိကြောင်း ဒီဇင်ဘာ ၂၀-ရက်နေ့၌ သတင်းထုတ်ပြန်သည်။
၁၂- ♦ #ပေါ်တူဂီ နိုင်ငံအတွင်းရှိ မက်ဒီးရားကျွန်းတွင် တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ဗြိတိန်မျိုးကွဲဖြစ်ကြောင်းဒေသန္တရမြို့ပြကာကွယ်ရေးအာဏာပိုင်များက ပြောဆိုသည်။
၁၃- ♦ #ဖင်လန် ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူ ၂-ဦးကို တွေ့ရှိပြီး အခြားသူ ၁-ဦးမှာ တောင်အာဖရိ က ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသည်။
၁၄- ♦ #ဆွီဒင် ဗြိတိန်မှ ဖျားနာလျှက် ဆိုက်ရောက်လာသူ ၁-ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားလျှက်ရှိပြီး ဗြိတိန်မျိုးကွဲဖြစ်သည်။
၁၅- ♦ #ကနေဒါ အွန်တီရီယိုပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ ၂-ဦးမှာ ဗြိတိန်ဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုသည်။
၁၆- ♦ #ချီလီ အင်္ဂါနေ့တွင် ဗြိတိန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရသူ ၂-ဦးကိုပထမဆုံးအကြိမ်တွေ့ရှိပြီးနောက် ပြည်ပမှဝင်ရောက်လာသူအားလုံး မဖြစ်မနေဝင်ရောက်ရမည့် ကွာရန်တင်းကာလကို ကြေညာသည်။
၁၇- ♦ #အိုင်ယာလန် ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲကူးစက်ခံရကြောင်း ခရစ်စမတ်နေ့တွင် အတည်ပြုခဲ့ပြီး ရောဂါပျံ့နှံ့မှု ကို စူးစမ်းရှာဖွေလျှက်ရှိသည်။
၁၈- ♦ #လက်ဘနွန် လန်ဒန်မှ ဆိုက်ရောက်ရှိလာသောလေယာဉ်ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို ပထမဆုံး တွေ့ရှိသည်။
၁၉- ♦ #ယူအေအီး ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံထားရသူ အနည်းငယ်တွေ့ရှိရပြီး ၎င်းတို့မှာ ပြည်ပမှ ခရီးသွားလာခဲ့သူများဖြစ်ကြောင်း အစိုးရအရာရှိများက အင်္ဂါနေ့တွင် ပြောဆိုသေည်။ သို့သော် လူနာအရေအတွက်နှင့် မည်သည့်တိုင်းပြည်သို့ သွားရောက်ခဲ့သူဖြစ်ကြောင်းဖော်ပြခြင်း မရှိချေ။
၂၀- ♦ #စင်္ကာပူ ဒီဇင်ဘာ ၆-ရက်နေ့တွင် ဗြိတိန်နိုင်ငံမှ ရောက်ရှိလာသူ ၁-ဦး၌ ဗြိတိန်ဗိုင်းရပ်မျိုးကွဲ ကူးစက်လျှက်ရှိကြောင်း ပထမဆုံးအကြိမ် တွေ့ရှိသည်ဟု အတည်ပြုသည်။ ကွာရန်တင်းဝင်ရောက်ခဲ့သူ အခြား ၁၁-ဦးသည်လည်း ဗိုင်းရပ်စ်ကူးစက်မှုအသစ် ဖြစ်ပွားလျှက်ရှိသည်ဆို၏။
၂၁- ♦ #အစ္စရေး ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု ၄-ခု တွေ့ရှိခဲ့ရာ ၃-ဦးမှာ အင်္ဂလန်မှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။
၂၂- ♦ #ဟောင်ကောင် အင်္ဂလန်မှ ပြန်လည်ရောက်ရှိလာသော ကျောင်းသား ၂-ဦးတွင် ဗြိတိန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း ကျန်းမာရေးဋ္ဌာနက လွန်ခဲ့သော ရက်သတ္တပတ်၌ ကြေညာသည်။
၂၃- ♦ #ပါကစ္စတန် နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ဗြိတိန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိသည်။
၂၄- ♦ #နိုင်ဂျီးရီးယား ကိုရိုနာဗိုင်းရပ်မျိုးကွဲကူးစက်ဖြစ်ပွားဖွယ်ရှိပြီး စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်လျှက်ရှိသည်။
..
(( ယခုအတိုင်းဆိုလျှင် ဗြိတိန်မျိုးကွဲဟု ခေါ်ဆိုနေကြသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံအချို့တွင် ယခင်လကတည်းက ရောက်ရှိနေပုံရပါသည်။ သို့မဟုတ် လက်ရှိကူးစက်လျှက်ရှိသောဗိုင်းရပ်စ်သည် ဗြိတိန်ပုံစံနှင့် တောင်အာဖရိကပုံစံဟူ၍ တစ်ပြိုင်တည်းလိုလို ဗီဇပြောင်းသွားပုံရသည်။
..
ဗိုင်းရပ်စ်တို့၏သဘောမှာ ကြားခံကူးစက်ခံများများ- အဆင့်ဆင့်ပြောင်း၍ အချိန်ကြာလေလေ ဗီဇပြောင်း လေဖြစ်လေ့ရှိပါ၍ တစ်ကမ္ဘာလုံးရှိသူအများစုကို အမြန်ဆုံး ကာကွယ်ဆေး ထိုးနှံရန် အရေးတကြီး လိုအပ်လာ ကြောင်း ပြသနေသည်ဟု ယူဆပါသည်။ ။သတင်းဘာသာပြန်သူ ))
..
#ကိုရိုနာဗိုင်းရပ်မျိုးကွဲသစ်နှင့်ကာကွယ်ဆေး
..
((( Reuters., 30 Dec 2020, “ Coronavirus variants, found in UK and South Africa, travel the world.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
https://www.reuters.com/article/health-coronavirus-britain-variants-fact/factbox-covid-variants-found-in-uk-and-south-africa-travel-the-world-idUSKBN2931EW
..
https://bdnews24.com/coronavirus-pandemic/2020/12/30/coronavirus-variants-found-in-uk-and-south-africa-travel-the-world