ကိုရိုနာရောဂါကာကွယ်ရေး တားဆီးပိတ်ဆို့မှုများ ဖြေလျော့စ အိန္ဒိယတွင် ဓါတုစက်ရုံ အဆိပ်ငွေ့များ ယိုစိမ့်ထွက်လာသဖြင့် လူအများအပြားသေဆုံး၊ ထောင်ချီ၍ ဘေးလွတ်ရာရွှေ့ပြောင်း

ကိုရိုနာရောဂါကာကွယ်ရေး တားဆီးပိတ်ဆို့မှုများ ဖြေလျော့စ အိန္ဒိယနိုင်ငံ၏ အရှေ့တောင်ဖက် အင်ဒရာပရာဒက်ရှ်ပြည်နယ် ကမ်းခြေမြို့တော် ဝိသာခါပတ္တနမ်ရှိ ဓါတုစက်ရုံမှ အဆိပ်ငွေ့များ ယိုစိမ့်ထွက်လာသဖြင့် အနည်းဆုံး လူ ၇-ဦးသေဆုံးပြီး၊ ထောင်ချီ၍ ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရသည်ဟု Bloomberg က ယနေ့ အရေးကြီး ကြားဖြတ်သတင်းအဖြစ် ဖော်ပြသည်။

ယမန်နေ့ည ပြန်လည် လည်ပတ်သော LG ဓါတုဗေဒလီမီတက်ပိုင် ပေါ်လီမာစကရုံမှ နံနက် ၀၃း၃၀ နာရီခန့်တွင် ဓါတ်ငွေ့များ ယိုစိမ့်ထွက်ခြင်းဖြစ်သည်ဆို၏။

မျက်စိ ပူစပ်ခြင်း၊ အသက်ရှုကျပ်ခြင်း ဝေဒနာများဖြစ်ပွားသဖြင့် လူ ၄၀၀ ခန့်ကို ဆေးရုံတင် ကုသပေးလျှက်ရှိသည်။ ၎င်းတို့အနက် ၃-ဦးမှာ အသက်ရှူစက် ပေးထားရပြီး စိုးရိမ်ရသော အခြေအနေ၌ရှိကြောင်း သတင်းထောက်များ မေးမြန်းချက်ကို ဝိသာခါပတ္တနမ်ခရိုင်တရားသူကြီးက တယ်လီဖုန်းဖြင့် ဖြေကြားသည်။

Evening Standard က ဖော်ပြချက်အရ နံနက်စောစောပိုင်း အနီးအနား ရွာများရှိ လူအများ အိပ်မောကျနေခိုက် စတိုင်ရင်းဓါတ်ငွေ့များ ယိုစိမ့်ထွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ လူအများမှာ သတိလစ် လဲကျသွားခဲ့ရပြီး ယခုထိသေဆုံးသူ ၉-ဦးနှင့် လူ ၃၀၀-ကျော်ကို ဆေးရုံတင်ကုသပေးနေရကြောင်း ၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသူ ၁,၀၀၀ ကျော်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အစဉ်လေးစားစွာဖြင့်
#HtayOung#OungMarine

#က;ိုရိုနာတားဆီးပိတ်ဆို့မှုဖြေလျော့စအိန္ဒိယ #အ;ိန္ဒိယပေါ်လီမာစက်ရုံမှဓါတုအဆိပ်ငွေ့များယိုစိမ့်

0

Leave a Reply

Your email address will not be published.