ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်နိုင်ဖွယ်ကိုတွေ့ရှိ၊ စတော့ဈေးကွက်ခန့်မှန်း အညွှန်းကိန်း ရုတ်တရက်ခုန်တက်။ အခြား ကာကွယ်ဆေးများ နှစ်ချီအချိန်ယူရမည်ကို ရက်ပိုင်းနှင့် ထိရောက်စွာ ကာကွယ်နိုင်မည်ဟုဆို

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ထူးခြားလျှင်မြန်စွာ ကူးစက်ပြန့်နှံ့၍ သေဆုံးဦးရေတစ်နေ့တစ်ခြားတိုးတက်လျှက်ရှိစဉ် ဗြိတိသျှသိပ္ပံပညာရှင်တစ်စုက ၎င်းဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်နိုင်သည်ကို ဖော်ထုတ်နိုင်ခဲ့ပြီး လာမည့်ရက်သတ္တပတ်၌ တိရိစ္ဆာန်များအား စတင်စမ်းသပ်မည်ဟု နော်ဝေးအခြေစိုက် cnn မီဒီယာက ယနေ့ရေးသားသည်။

အဆိုပါသတင်းထွက်ပေါ်လာခြင်းကြောင့် အနာဂါတ်ဈေးကွက်အခြေအနေကို အကဲဖြတ်ရာတွင် အရေးပါညွှန်ကိန်းတစ်ခုအဖြစ် အသုံးပြုလေ့ရှိသည့် Dow Jones Industrial Average (DJIA) မှာ ပုံမှန်နေ့စဉ် ရာဂဏန်းနှင့် အောက်၌သာ လှုပ်ရှားလေ့ရှိရာမှ ယနေ့တွင် အမှတ် ၂၄၀ အထိ ခုန်တက်သွားသည်ဆို၏။

ဗြိတိန် အင်ပီးရီးယယ်ကောလိပ်မှ သိပ္ပံပညာရှင် ရော်ဘင်ရှတ်တော့ ဦးဆောင်သည့် အဖွဲ့၏ ယနေ့သတင်း ထုတ်ပြန်ချက်အရ ကာကွယ်ကုသရာတွင် ရက်ပိုင်းအထိ အချိန်များချုံ့ပစ်လိုက်နိုင်မည်ဖြစ်သည်။

ပုံမှန်သမားရိုကျအတိုင်း ဆေးရုံဆေးပေးခန်းမှတစ်ဆင့် ၂-နှစ်မှ ၃-နှစ်အထိ အချိန်ယူရခြင်းမတိုင်မီ ယခု ကာကွယ်ဆေးက ၁၄-ရက်နှင့် ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ လာမည့်ရက်သတ္တပတ်တွင် တိရိစ္ဆာန်များနှင့် စတင်စမ်းသပ်၍ ငွေကြေးထောက်ပံ့မှု့အဆင်ပြေလျှင် နွေရာသီ၌ လူသားတို့အား စတင်စမ်းသပ်နိုင်မည်ဟု သိရှိရသည်။

အင်ပီရီယယ်ကောလိပ်သတင်းထုတ်ပြန်ချက်နှင့် (DJIA) ညွှန်းကိန်း ခုန်တက်သွားခြင်းမှာ ကိုရိုနာဗိုင်းရပ်စ် ခြောက်လှန်ခံနေရမှုမှ ပျက်ပြားသွားရဖွယ်ရှိသော်လည်း ကာကွယ်ဆေးအသုံးပြုနိုင်သည်အထိ အချိန်နောက်ကျ လွန်းနေမည်လားဟု မေးခွန်းထုတ်ရန် ပေါ်ပေါက်လာသည်။

ယခုဗိုင်းရပ်စ်မှာ လျှင်မြန်စွာ ကူးစက်ပြန့်ပွားနေပြီး ယခုကာကွယ်ဆေး အသုံးပြုချိန်တွင် နောက်ထပ်အတိမ်း အစောင်းမခံသော အခြေအနေတစ်ရပ် ဖြစ်ပေါ်နေနိုင်၍ အလွန်နောက်ကျနေလိမ့်မည်ဖြစ်ကြောင်း၊ Sky News က ဝေဖန်ပါသည်။

ထိုအချက်ကို ရှတ်တော့က ငြင်းဆိုပါသည်။ အကယ်၍ တစ်နှစ်ပတ်လုံး ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်လာသည့်တိုင် သူနှင့်အဖွဲ့၏ကာကွယ်ဆေးမှာ အလွန်အရေးပါလိမ့်မည်ဟု ရှင်းပြခဲ့သည်။ သို့သော် ကျွနု်ပ်တို့သည် ရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ သေချာမသိရသေးပါ ။ အကယ်၍ တုပ်ကွေးရောဂါနှင့်ဆင်တူပါက ပူပြင်းသော နွေရာသီကာလသို့ရောက်လျှင် ကူးစက်ပျံနှံ့မှု ကျဆင်းသွားနိုင်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒုတိယအကြိမ်တွက်ဆိုလျှင် ကာကွယ်ဆေးထိုးခြင်းကသာ ထိရောက်မည်ဖြစ်ပြီး ၎င်းကို ယခု ကာကွယ်ဆေးက အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

ယနေ့ထိ 2019 n-CoV ဗိုင်းရပ်စ်က လူပေါင်း ၅၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ၂၅,၀၀၀ ကူးစက်စေခဲ့ပြီးဖြစ်သည်။ နောက်ဆက်တွဲပြဿနာမှာ တရုတ်၏ စီးပွားရေးအခြေခံများကို ထိခိုက်၍ နိုင်ငံတကာသို့ တစ်နွယ်ငင် တစ်စင်ပါကုန်ကြမည်ကို စီးပွားရေးခန့်မှန်းတွက်ချက်သူတို့ ခေါင်းပူနေကြရချိန်ဖြစ်သည်။ ယခုသတင်းမှာ နိုင်ငံတကာ ကပ်ရောဂါအသွင် ပြောင်းလာခဲ့လျှင်နှင့် ရေရှည်စီးပွားရင်းနှီးမြုပ်နှံမည့်သူတို့အတွက် လုံလောက်သော စိတ်သက်သာရစေမည်ဖြစ်သည်။

ရောဂါတို့အတွက် ကာကွယ်ဆေးနှင့် ကုသဆေးဟု နှစ်မျိုးရှိပါသည်။ ကိုရိုနာဗိုင်းရပ်စ်လူနာအား ကုသပေးနိုင်မည့်နည်းလမ်းကို ကမ္ဘ္ဘာတစ်ဝှမ်း ဆေးသိပ္ပံပညာရှင်များက နေ့ညမအား အပြိုင်အဆိုင် ကြိုးစားလျှက်ရှိသည်။ ထိုင်းဆရာဝန်များက တုတ်ကွေးနှင့် HIV ကုသဆေးကို ရောစပ်လျှက် လူနာ ၆-ဦးကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်ဆို၏။ ဟောင်ကောင်သုတေသနပညာရှင်များတွေ့ရှိထားသော ကာကွယ်ဆေးမှာ အသုံးပြုသည့်အချိန်ထိ ၁၂- လ ကျော် ကြာမြင့်မည်ဖြစ်သည်။

သို့သော် ဗြိတိန်သိပ္ပံပညာရှင်များ၏ ယခုကာကွယ်ဆေးမှာ ကြာမြင့်မည့် အချိန်များကို ကျော်လွှားနိုင် သဖြင့် ထူးခြားသည်မှာ အမှန်ဖြစ်သည်။

((( ccn., February 5, 2020,” Dow Futures Leap on Potential Coronavirus Vaccine Breakthrough” ကို Mal Nyeinn နှင့် #HtayOung, #OungMrine တို့က ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး

https://www.ccn.com/dow-futures-leap-on-potential-coronavirus-vaccine-breakthrough/

0

Leave a Reply

Your email address will not be published.