ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့နေစဉ် ဂျာမန်မီဒီယာများ ရေးသားချက်အချို့မှာ နိုင်ငံခြားသားကြောက်ရောဂါနှင့် ခွဲခြားဆက်ဆံရာရောက်နေ တရုတ်က ပြင်းထန်စွာကန့်ကွက်။ လွတ်လပ်စွာသတင်းရေးသားခွင့်ကို နေရာတကာ အသုံးချလျှင် အရှက်နည်းရာရောက်ဟု ဆို

ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့လျှက်ရှိစဉ် ဂျာမန်မီဒီယာများ ရေးသားချက်အချို့မှာ နိုင်ငံခြားသားကြောက်ရောဂါနှင့် ခွဲခြားဆက်ဆံရာရောက်သော အန္တရာယ်ကြီးသည့် အမြင်စောင်းမှု့သာဖြစ်ကြောင်း တရုတ်က ပြင်းထန်စွာကန့်ကွက်လိုက်သည်ဟု ဇန်နဝါရီ – ၀၆ ရက် Russia Today က ရေးသားသည်။

ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဆင်ခြင်တုံတရားလက်ကိုင်ထားကြရမည့် မီဒီယာများနှင့် သတင်းထောက်တို့သည် တရုတ်လူမျိုးတို့အပေါ်သီးသန့်ပစ်မှတ်ထားလျှက်ရှိကြောင်း၊ နိုင်ငံခြားသားကြောက်အမြင်စောင်းပြီး လူမျိုးရေးခွဲခြားသည့် အကြောင်းအရာတို့ကို မရှက်မကြောက် ဖော်ပြလျှက်ကြောင်း၊ ဂျာမန်လူ့အဖွဲ့အစည်းတို့အကြား လူမျိုးရေးခွဲခြားထင်မြင်လာစေရန် လွတ်လပ်စွာသတင်းရေးသားခွင့်ကို အသုံးမချနိုင်ကြောင်း ဂျာမနီနိုင်ငံတရုတ်သံရုံးက ပြင်းထန်သော အသုံးအနှုန်းများဖြင့် ကန့်ကွက်ရှုတ်ချလိုက်သည်ဆို၏။

ကိုရိုနာဗိုင်းရပ်စ်၏ ကြောက်မက်ဖွယ်ခြောက်လှန့်မှုက နိုင်ငံတကာသို့ ပြန့်နှံ့လျှက်ရှိသည်။ ဂျာမန်မီဒီယာ Der Spiegel “ ဒါစပီးဂျဲလ် “ က တစ်ကိုယ်ရည်အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသူ၏ ရုပ်ပုံနှင့်တကွ “ ကိုရိုနာ ဗိုင်းရပ်စ်၊ တရုတ်နိုင်ငံမှာလုပ်သည် “ ဟု စာတန်းထိုးကာ ဖော်ပြခဲ့သည်။ တရုတ်သံရုံး၏ ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဂျာမနီနိုင်ငံ ထိပ်တန်းမီဒီယာကြီး ထိုကဲ့သို့ ဖော်ပြခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ် ကြောင်း တွေ့ရှိရသည်။

တရုတ်သံရုံး၏ ဒေါသတကြီး ကန့်ကွက်ကြောင်း ပေါ်ထွက်လာသော်လည်း “ ဒါ စပီးဂျဲလ်“ မူ ၎င်းဖော်ပြခဲ့သည့် သတင်းဆောင်းပါးနှင့် ဓါတ်ပုံအား ဖယ်ရှားခြင်းမရှိသည့်အပြင် တစ်စုံတစ်ရာတုန့်ပြန်ဖြေရှင်းခြင်းလည်း မရှိချေ။

“ ဒါစပီးဂျဲလ် “ က ရေးသားပြီးနောက် အခြား ဂျာမန်မီဒီယာတစ်ခုဖြစ်သည့် Deutsche Welle ခေါ် DW က “ ကိုရိုနာဗိုင်းရပ်စ်ကိုအကြောင်းပြု၍ ဂျာမနီရှိ အာရှတိုက်သားတို့အပေါ် ခွဲခြားဆက်ဆံနေပြီလား “ ခေါင်းစဉ်တပ်လျှက် စိတ်ပျက်စွာ ဝေဖန်ရေးသားသည်။

ဖင်လန်နိုင်ငံ “ Yleisradio Oy “ က ကိုရိုနာဗိုင်းရပ်စ်သည် အာရှတိုက်သားတို့အပေါ် ခွဲခြားဆက်ဆံရန် ပစ်မှတ်ဖြစ်နေ “ ဟု ယမန်နေ့က၎င်း၊ ထိုင်းနိုင်ငံ၏ ထင်ရှားသော “ Nation “ သတင်းစာမူ “ ခွဲခြားဆက်ဆံခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကျရောက်နေခြင်းကို သက်သာစေရန် အထောက်အကူ မဖြစ် “ ဟု ရောဂါဖြစ်ပွားနေသော တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူတို့အား စာနာသင့်ကြောင်း သတိပေးရေးသားသည်ကို တွေ့ရပါသည်။

(( ကျွန်ုပ်တို့ တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိသည့်အခါ “ ကျောင်းပြီးသွားပြီ “ ဟု အလွယ် ရည်ညွှန်းလေ့ရှိသည်။ သို့သော် လူတစ်ဦးတစ်ယောက်သည် တက္ကသိုလ်ကောလိပ်မှ ဘွဲ့-ဘွဲ့လွန်ဒီဂရီရသည့်တိုင် သိသင့်သိထိုက်သည့် ဆက်လက်လေ့လာရန်အကြောင်းအရာ အများအပြားကျန်ရှိနေပါသေးသည်။ ၎င်းတို့ကို ပို့ချ သည့်အလား ဆက်လက်ဖြည့်ဆည်းပေးနိုင်သည်မှာ “ သတင်းမီဒီယာ “ တို့သာလျှင်ဖြစ်ပါသည်။ ကောင်း-ဆိုး ဝေဖန်ချင့်ချိန်နိုင်ရန် အချက်အလက်များ ရှာဖွေတင်ပြကြသည်။ သတင်းမီဒီယာတို့သည် နိုင်ငံတစ်နိုင်ငံ၌ အရည်အသွေးပြည့်ဝ၍ ဦးတည်ချက်မှန်ကန်သော လူ့အဖွဲ့အစည်းဖြစ်လာစေရန် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ နည်းတူ အရေးပါခြင်းကြောင့် “ စတုတ္ထမဏ္ဍိုင် “ ဟု လေးစားစွာ နေရာပေးကြပါသည်။

မြန်မာမီဒီယာပေါ်ထွန်းစ ဘိုးဝဇီရတို့ခေတ်ကပင် “ ချစ်သူလည်း မသာစေရ၊ မုန်းသူလည်း မနာစေရ “ “ သတင်းဖြစ်မှ သတင်းစာမျက်နှာပေါ် ဖော်ပြမည် “ ဟု လက်ကိုင်ထားခဲ့ကြသည်။ သတင်းဆိုသည်မှာ အတည်ပြု ချက်နှင့်တကွ ဖော်ပြနိုင်ရပါမည်။ ကြားသမျှ မြင်သမျှ အတည်မပြုနိုင်သေးပဲ ဦးပြီးရော-ထူးပြီးရော ဖော်ပြခြင်းသည် သတင်းမဟုတ်၊ Gossip “အတင်းအဖျင်း စကား” သာလျှင်ဖြစ်သည်။

တကယ်တော့လည်း ဝါးအစည်းပြေသလိုဖြစ်နေသောတိုင်းပြည်တစ်ပြည်၌ မီဒီယာ ၁၀၀ လျှင် ၉၈ စောင်က စပွန်ဆာစားနေလျှင် ဘယ်နှယ့်လုပ် သတင်းအမှန်တွေ ထွက်လာပါမည်နည်း။ “ လွတ်လပ်စွာ သတင်းရေးသားခွင့် “ ဟု သောက်ကြီး သောက်ကျယ်ပြောလျှက် ဘာဝမ်းစာမှမရှိပဲ လူပြိန်းကြိုက်တစ်လုံးဂျိုင့်တို့သာလျှင် ကောင်းစားမည်ဖြစ်သည်။ နိုင်ငံသားတို့အတွက် “ဖွတ် မိချောင်းဖြစ်၍ မြစ် မချမ်းသာကိန်း” ဆိုက်လေသတည်း။

ပြည်သူလူထုသည် ဘာအာဏာမှ မရှိမူ၍ ဖမ်းနိုင်-ဆီးနိုင်-ထောင်ချနိုင်ခြင်းမရှိပါ။ သို့သော် #လူကိုမဖမ်းနိုင်သော်လည်းနာမည်ကိုတော့ဖမ်းနိုင်ပါသည် ။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 6 Feb, 2020 ,” ‘Dangerous tendencies’: China slams German media over ‘racist’ reports amid coronavirus outbreak.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူအချက်အလက်အချို့မှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်နှင့်အာရှတိုက်သားခွဲခြားဆက်ဆံမှု #လွတ်လပ်စွာသတင်းရေးသားခွင့်

https://www.rt.com/news/480261-china-german-media-racist-coronavirus/

https://www.dw.com/en/do-asians-face-discrimination-in-germany-due-to-coronavirus/a-52274962

https://yle.fi/uutiset/osasto/news/coronavirus_discrimination_targets_asians_in_finland/11197803

https://www.thenation.com/article/world/coronavirus-xenophobia-hong-kong/

0

Leave a Reply

Your email address will not be published.