ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ပင်လယ်စာဈေးတန်းမှ စတင်ခြင်းမဟုတ်၊ နေရာအနှံ့မှ ဈေးသို့ ဝင်ရောက်လာသည့် ဗိုင်းရပ်စ်တို့ ရောမွှေ အားကောင်းကာ မြို့နေလူအများသို့ ကူးစက်ဟု တရုတ်သိပ္ပံပညာရှင်တို့ပြောဆို။ မြန်မာနှင့် ကိုရိုနာဗိုင်းရပ်စ်

လူပေါင်း ၂၄၀၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်အသစ်မှာ ကနဦး တွေးထင်ခဲ့သလို တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ပင်လယ်စာဈေးတန်းမှ စတင်ပေါက်ဖွားခြင်းမဟုတ်ကြောင်း၊ နေရာအနှံ့ မှ ဈေးသို့ဝင်ရောက်လာသည့် ဗိုင်းရပ်စ်က ရောမွှေစွမ်းရည်မြင့်တက်လာခြင်းဖြစ်သည်ကို ဗီဇပစ္စည်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာတွေ့ရှိချက် ၉၃- ခု တို့က အခိုင်အမာသက်သေပြလျှက်ရှိကြောင်း တရုတ်သိပ္ပံပညာရှင်တို့က ပြောဆိုသည်ဟု South China Morning Post ( SCMP ) ယနေ့ရေးသားသည်။

COVID-19 ခေါ် ပြင်းထန်အသက်ရှူလမ်းကြောင်းရောင် ရောဂါစုကို ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်သစ် – ၂ novel coronavirus 2 (SARS-CoV-2) သည် နေရာအနှံ့အပြားမှရောက်ရှိလာခြင်းဖြစ်ကြောင်း တရုပ်သိပ္ပံ ပညာရှင်များအကယ်ဒမီနှင့် တရုတ်ဦးနှောက်သုတေသနဆိုင်ရာအင်စတီကျု့ဒ်တို့ ပူးပေါင်းလေ့လာ တွေ့ရှိ ချက်အရ သိရှိရသည်။

ဗိုင်းရပ်စ်ကူးစက်ပျံနှံ့ပုံကို သိရှိနိုင်ရန် နိုင်ငံ ၁၂-နိုင်ငံတို့က စီစဉ်ပေးသည့် SARS-CoV-2 ဗိုင်းရပ်စ်၏ ဗီဇဆိုင်ရာပစ္စည်း ၉၃- ခုတို့ကို တရုတ်သိပ္ပံပညာရှင်များက နှိုင်းယှဉ်သုတေသနပြုခဲ့ကြသည်။ စောစောပိုင်းက အဆိုပါရောဂါပိုးမှာ ဝူဟန်မြို့ “ဟွာနမ်ပင်လယ်စာလက်ကားဈေး” မှ လူအများနေထိုင်ရာနေရာ ၂-နေရာသို့ ဒီဇင်ဘာ ၈-ရက်နှင့် ဇန်နဝါရီ ၆ -ရက်တို့တွင် ကူးစက်သည်ဟု မှတ်ယူခဲ့ကြသည်။

သုတေသနပြုချက်များအရ ဒီဇင်ဘာလစောစောပိုင်း၌ ပြင်ပမှ အစပြုသော ဗိုင်းရပ်စ်သည် လူစည်ကားသည့် ဈေးတွင် SARS-CoV-2 အဖြစ်စွမ်းရည်မြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း ကြာသပတေးနေ့ ၎င်းအင်စတီကျု့ဒ်အင်တာနက်ဝဘ်ဆိုက်က သတင်းအဖြစ် လွှင့်တင်ထားသည်ဆို၏။

သို့သော် သုတေသနပြုသူများအနေဖြင့် ဒီဇင်ဘာလစောစောပိုင်း သို့မဟုတ် နိုဝင်ဘာလနှောင်းပိုင်း အစောဆုံးကာလအတွင်း လူမှ လူအချင်းချင်း ပျံ့နှံ့ခဲ့ဟန်ရှိသည်ကို Genome ခေါ် သက်ရှိတို့၏ ဗီဇနှင့်ဆိုင်သောပစ္စည်းကို အခြေခံလျှက် လေ့လာရန် ကျန်ရှိနေကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှု့ကို ထပ်မံမဖြစ်ပွားစေရန် ထိန်းချုပ်ကာ ကွယ်ရာ၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 အဖြစ် ( ဗီဇပြောင်း ) ထူးခြားသိသာလာရသည့် အရင်းအမြစ်နှင့် ထိုသို့ဖြစ်လာရာတွင် “ ကြားခံ “ တို့ကို အသေးစိတ်လေ့လာရမည်ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၆-ရက်နေ့တွင် တရုတ်အမျိုးသားရောဂါထိန်းချုပ်ရေးဗဟိုက ယခုဖြစ်ပွားနေသောကူးစက်ရောဂါမှာ အသစ်တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ကြောင်း “ အဆင့် (၂ ) ကာကွယ်ရေး အရေးပေါ်သတိပေးချက် “ ကို ထုတ်ပြန်ကြေညာခဲ့သော်လည်း ကမ္ဘ္ဘာက ဆက်လက်ဖြန့်ဝေခြင်းမရှိခဲ့ချေ။

(( လက်ရှိဖြစ်ပွားနေသော ကူးစက်ရောဂါဆိုး၏ တရားခံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်ဖြစ်ကြောင်း တရုတ်က ကြေညာသော်လည်း စောစောပိုင်း ကမ္ဘ္ဘ္ဘာအရပ်ရပ်တွင် ကောလဟလ ပျံ့နှံ့ခဲ့သည်က ဇီဝလက်နက်ဟူ၍ ဖြစ်နေပါသည်။ အမေရိ ကန်၏လက်ချက် သို့မဟုတ် တရုတ်၏ ဇီဝလက်နက်နည်းပညာစက်ရုံမှ လွတ်ထွက်လာသော ဗိုင်းရပ်စ်ဟူ၏။ ၁၉၂၅-ခုနှစ်တွင် BWC, or Biological and Toxin Weapons Convention, abbreviation: BTWC ဇီဝလက်နက်တားဆီးရေး ဂျီနီဗာကွန်ဖရင့် ထွက်ပေါ်လာသည့်တိုင် ၎င်းမတိုင်မီနှင့် ၎င်းနောက်ပိုင်းတို့၌ ဇီဝလက်နက်အသုံးပြုသည်ဟု စွပ်စွဲချက်များ သောသောညံခဲ့သည်။

ဤတွင် ဇီဝလက်နက်သုံး-မသုံး၊ ဟုတ်-မဟုတ်ဆိုသည်မှာ စာမေးပွဲအောင်စာရင်းနှင့်တူပါသည်။ စာဖြေသူက မည်၍ မည်မျှတော်ကြောင်း- တတ်ကြောင်းနှင့် မဆိုင်ပဲ၊ စာစစ်သူ၏ မှတ်ချက်သာအတည်ဖြစ်ပါသည်။ သို့သော် ဇီဝလက်နက်သုံးသည်ဟု အဖြေထွက်သည့်တိုင် အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ခဲ့သည် များရှိခဲ့ပါသည်။

ယနေ့ခေတ်သည် ညူကလိယပ်စ်ကို လက်နှင့် ကိုင်ကြည့်သလို လုပ်နိုင်ပြီး၊ ဗိုင်းရပ်စ်-ဘက်တီးရီးယားများအကြောင်း အတော်လေးသိရှိထားပြီး သက်ရှိတို့၏ DNA ကို အိမ်ဆောက်သလို ဆောက်နိုင်သော ခေတ်ဖြစ်ပါသည်။ ဇီဝရုပ်တို့၏ အဆင့်ဆင့်ပြောင်းလဲပုံအရ ဇီဝလက်နက် ဟုတ်-မဟုတ် ပြတ်ပြတ်သားသား သိရှိနိုင်စွမ်းရှိပါ သည်။

SARS-CoV-2 ဆိုသည်မှာ ဇီဝလက်နက်မဟုတ်ကြောင်း ယတိပြတ်ပယ်ချသူတို့မှာ အမေရိကန်လည်းမဟုတ်- တရုတ်လည်းမဟုတ်ပဲ နိုင်ငံတကာမှ ဗိုင်းရပ်စ်နှင့်ကူးစက်ရောဂါဗေဒ ပညာရှင်များသာဖြစ်သည်။ လူအများ ဆောက်တည်ရာမရ စိုးရိမ်ကြောက်လန့်နိုင်သည့် ဇီဝလက်နက်ဆိုသည်ကို ယခု နောက်ပိုင်းမီဒီယာကြီးအားလုံး က ဖော်ပြခြင်းမရှိတော့သည့်အပြင် ယခင်အွန်လိုင်း လွှင့်တင် ဖြန့်ဝေခဲ့သည်များကိုလည်း ဖယ်ရှားလျှက်ရှိသည်။

#ကျွန်တော်၏တစ်ဦးတည်းပုဂ္ဂလိကအမြင်ကိုတင်ပြလိုပါသည်။

 SARS-CoV-2 ကို ဖြစ်စရာရှိ ဇီဝလက်နက်သာဖြစ်စေလိုသည်။ သဘာဝအတိုင်း အဆင့်ဆင့် ဗီဇပြောင်းလာသော ဗိုင်းရပ်စ်အသစ် မဖြစ်ချင်ပါ။ ဓါတ်ခွဲခန်းတွင် ဖန်တီးသည့် ဇီဝလက်နက်ဗိုင်းရပ်စ်နှင့် ဗီဇပြောင်းဗိုင်းရပ်စ်မှာ “ ဖန်ပြွန်သန္ဓေသား “ နှင့် “ မိခင်က ကိုးလလွယ်-ဆယ်လဖွားသော သန္ဓေသား“ ကဲ့သို့ စွမ်းရည်ချင်း အဆမတန်ကွာခြား၍ ဖြစ်သည်။

 မြန်မာနိုင်ငံတွင် ယနေ့ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ မတွေ့ဟု ဆိုပါသည်။ အမှန်တကယ်လည်းဖြစ်နိုင်ပါသည်။

ရောဂါတစ်ချို့သည် မျိုးရိုးကိုလိုက်တတ်သည်။ လူမျိုးတစ်မျိူးတွင် တွေ့ရသော ရောဂါမျိုး အချို့လူမျိုးတွင် မဖြစ်တတ်ချေ။

SARS-CoV-2 ဗိုင်းရပ်စ်အစွမ်းပြနိုင်သော အပူချိန်မှာ ၂၆- ၂၇ ဒီဂရီဆဲလ်စီးယပ်စ်ဖြစ်ရာ ကျွန်တော်တို့ဆီတွင် ကာလတစ်ခု၌သာ တွေ့နိုင်သော ပတ်ဝန်းကျင်အပူချိန်ဖြစ်နေသည်။

ကျွန်တော်တို့ဆီက လူတိုင်းသည် ယမ်းစိမ်း၊ ဖော်မလင်၊ ဆိုးဆေးစသည့် အပြင်းစားရောဂါမျိုးဖြစ်ပွားစေတတ်သည့် ဓါတုဗေဒပစ္စည်းများကို နေ့စဉ် နည်းနည်းစီလောက်တော့ စားသုံးပြီးဖြစ်နေပါသည်။ များများစားမိသူက ရောဂါဖြစ်ကြသော်လည်း နည်းနယ်းစားမိသူက ကိုယ်ခံအားပင် မြင့်တက်နေပါမည်။

မြန်မာနိုင်ငံ ဂူအောင်းလင်းနို့တွင် အခြားမည်သည့်နေရာမျှ မတွေ့ရသော ကိုရိုနာဗိုင်းရပ်စ်သစ်တစ်မျိုးကို တွေ့ရှိထားသည်ဟု ယခုရှာဖွေတွေ့ရှိသော သတင်းမှာ ၂၀၂၀ ဖေဖော်ဝါရီလ ဒုတိယပတ်ဖြစ်နေသည်။ ကျွန်တော် ဖတ်မှတ်ဖူးသည်မှာ ၂၀၁၉-ခုနှစ်ခန့်တွင်ဖြစ်ပြီး ကျွန်တော် ဘာသာပြန် သတင်းတင်ဖူးသည်။

#လင်းနို့ကိုရိုနာဗိုင်းရပ်စ်က#လူကိုတိုက်ရိုက်ရောဂါကူးစက်သည်ဟုအထောက်အထားမရှိသေးပါ။

လင်းနို့တွင် တွေ့ရသော ကိုရိုနာဗိုင်းရပ်စ်မှ လူတို့အား သတ်ဖြတ်သည့် SARS-CoV-2 အဖြစ် ဗီဇပြောင်းလဲလာရာတွင် “ ကြားခံ” မှာ ယခင်က “ မြွေ “ ဖြစ်ပြီး နောက်ဆုံး “ သင်းခွေချပ် “ ဖြစ်ကြောင်း တရုတ်တို့က ပြောခဲ့သည်။ ယခုသတင်းအတိုင်းဆိုလျှင် “ ကြားခံ “ သည် “ လူ” သော်၎င်း ဖြစ်တန်ရာ၏။

ကျောက်ရောဂါဆိုသည်မှာ Variola major and ဗိုင်းရပ်စ် ၂-မျိုးကြောင့်ဖြစ်သည်။

ကျောက်ရောဂါကာကွယ်ဆေးဆိုသည်မှာ Orthopoxvirus ဗိုင်းရပ်စ်ဖြစ်ပြီး လူတို့ကျောက်ရောဂါနှင့် နီးစပ်သော Cowpox ခေါ် “ နွားကျောက်ဗိုင်းရပ်စ် အယဉ် “ ဖြစ်ပါသတည်း။

ထို့ကြောင့် SCMP ၏ သတင်းကို တစိမ့်စိမ့် ဖတ်ရင်း “ ဟီး.. ဟီး “ ဟု အသံထွက်အောင်ပင် ကျွန်တော်ရယ် လိုက်မိသည်။ ။ သတင်းဘာသာပြန်သူ ))

#ကိုရိုနာဗိုင်းရပ်စ် #SARS-COV-2 #ဝူဟန်ပင်လယ်စာလက်ကားဈေး #မြန်မာဂူအောင်းလင်းနို့နှင့်ကိုရိုနာဗိုင်းရပ်

(((South China Morning Post., 23 Feb, 2020, “Coronavirus did not originate in Wuhan seafood market, Chinese scientists say” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))

https://www.scmp.com/news/china/science/article/3051981/coronavirus-did-not-originate-wuhan-seafood-market-chinese.

https://mmlivenews.com/archives/31304

0

Leave a Reply

Your email address will not be published.