တရုတ်နိုင်ငံ၌ ယနေ့နံနက်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံး-ကူးစက်ဦးရေ အဆများစွာ တိုးမြင့်လာသည်။

ဗိုင်းရပ်စ်စတင်ကူးစက်မှုဖြစ်ပွားရာ ဟူဘေးပြည်နယ်မှ ကွန်မြူနစ်ပါတီအကြီးအကဲ ယင်ရောင်မှာ ရာထူးမှ ဖယ်ရှာခြင်းခံရကြောင်း၊ ၎င်းနေရာ၌ ရှန်ဟိုင်းမြို့တော်ဝန်ကို အစားထိုးခန့်အပ်သည်ကို တွေ့ရှိရသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 နှင့် နိုင်ငံတကာ မီဒီယာများက ယနေ့ဖော်ပြသည်။
(( ယနေ့နံနက် South China Morning Post သတင်းအရ ……..
၂၀၁၉ ဒီဇင်ဘာ ၃၁ ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ကြောင်း စတင်တွေ့ရှိ- ရောဂါလက္ခဏာများ သတ်မှတ်ခဲ့ – သီတင်း ၆- ပါတ်ခန့်ကြာပြီးနောက် ယမန်နေ့မှစ၍ ရောဂါလက္ခဏာ သတ်မှတ်ချက်ကို ပြောင်းလဲ ။ Covid-19 ဟု အမည်ပေး
ဝေဒနာရှင်တို့၏ ရောဂါအမျိုးအမည်ကို ဖော်ထုတ်၍ အချိန်မီဆေးဝါးကုသမှုပေးနိုင်ရန် ယခင်နှင့်မတူသော အသေးစိတ် စံသတ်မှတ်ချက်များကို ပြောင်းလဲခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်။
ဆိုလိုသည်မှာ ဟူဘေးပြည်နယ်တွင် နေ့စဉ် လူ ၁၀၀ မက သေဆုံးနေခဲ့ပါမည်။ ၎င်းတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀ ကျော်ခန့်ဟု သတ်မှတ်ခဲ့ခြင်းမှာ မပြည့်စုံသေးဟု အဓိပ္ပါယ်ထွက်သည်။
ယခင်နှင့်မတူသော အသေးစိတ် စံသတ်မှတ်ချက်များကို ပြောင်းလဲပြီးနောက် ယခုကဲ့သို့ တစ်ရက်အတွင်း သေဆုံး ၂၄၂- ဦး၊ ကူးစက်ခံရသူ ၁၄,၈၄၀- ဦးသို့ အရေအတွက် တိုးလာသည်ဟု ဆိုလိုရာရောက်နေပါသည်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
#ဟူဘေးတရုတ်ကွန်မြူနစ်ပါတီအကြီးအကဲဖယ်ရှားခံရ
====