ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင် သေဆုံး-ကူးစက်ဦးရေ အနည်းငယ်ကျဆင်း၊ အခြားနိုင်ငံတို့တွင် တိုးမြင့်။ ဗိုင်းရပ်စ်ကြောင့် အီတလီတွင် ပထမဆုံး ၁-ဦးသေဆုံး၊ အီရန် ၄-ဦး၊ ဂျပန် – ၃-ဦးသေဆုံးခဲ့။ တောင်ကိုရီးယားတွင် ၂-ဦးသေဆုံးပြီး ကူးစက်ခံရသူ ၆-ဆ တိုးမြင့်လာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်-သေဆုံးမှု့ အများဆုံးဖြစ်ပွားလျှက်ရှိသော တရုတ်နိုင်ငံတွင် ယနေ့နံနက်စောစောပိုင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူများ သတင်းထုတ်ပြန်ချက်အရ ၂၄-နာရီအတွင်း သေဆုံးသူ ၁၀၉-ဦးသို့ လျှော့ကျသွားသော်လည်း တရုတ်နိုင်ငံပြင်ပ အီရန်တွင် ၄-ဦးသေဆုံး၍၊ တောင်ကိုရီးယားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပိုမိုလာကြောင်း South China Morning Post က ယနေ့ဖော်ပြသည်။

လွန်ခဲ့သော ရက်သတ္တပတ်မှစကာ တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်သဖြင့် သေဆုံးသူများ သိသာစွာမြင့်တက်လာသည်။ တစ်ရက်အတွင်း ကူးစက်ခံရသူ အများဆုံးမှာ တောင်ကိုရီးယားဖြစ်ပြီး နိုင်ငံ့အရှေ့တောင်ပိုင်း ခရစ်ယာန်ဘာသာဝင်တို့ နေထိုင်ရာဒေသတွင် ရက်သတ္တပတ်အတွင်း ၆-ဆ ပိုမိုများပြားလာ ကြောင်း တွေ့ရသည်။

အီတလီ၊ ပြင်သစ် တို့တွင် ၁-ဦးစီ သေဆုံးကြခြင်းမှာ မှတ်သားဖွယ်ဖြစ်သည်။ တောင်ကိုရီးယားတွင် သေဆုံး ၂-ဦး၊ ကူးစက်ခံရသူ ၃၄၆-ဦး ရှိသဖြင့် ဂျပန် ၃-ဦးသေဆုံး၊ ကူးစက် ၇၂၇-ဦးပြီးလျှင် အများဆုံးဖြစ်နေသည်။ ရွေးကောက်ပွဲကျင်းပလျှက်ရှိသော အီရန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄-ဦးမှာ တရုတ်သို့ ရောက်ဖူးခြင်း မရှိဟုဆိုသည်။ အခြား အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သော လက်ဘနွန်နှင့် အစ္စရေးတွင် ကူးစက်ခံရသူ ၁-ဦးစီကိုတွေ့ရှိရပြီးနောက် ဗိုင်းရပ်စ်လူနာ ၁-ဦး သေဆုံးသော အီတလီက ၎င်း၏ မြို့ကြီးများတွင် တားဆီးကန့်သတ်မှုများ စတင်လိုက်သည်။

ယမန်နေ့ တရုတ်နိုင်ငံ ပြည်နယ် ၃-ခုရှိ အကျဉ်းထောင်များတွင် အကျဉ်းသားနှင့် ထောင်ဝန်ထမ်း ၅၀၀ ကျော်တို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း တွေ့ရှိရပြီးနောက် အစိုးရက ထိပ်တန်းစုံစမ်းစစ်ဆေးသူများကို စေလွှတ်လိုက်သည်ဆို၏။ တရုတ်အရှေ့ပိုင်း ရှန်ဒေါင်းနှင့် ဇော့ကျန်ပြည်နယ်များမှ အုပ်ချုပ်ရေးအရာထမ်းများကို လွဲမှားသော စီမံခန့်ခွဲမှုကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်သော SARS နှင့် MARS ရောဂါများရင်ဆိုင်ခဲ့ရသော တရုတ်ပြည်တွင် ၁၄-နှစ်ကြာ ပြီးနောက် အဆိုပါဗိုင်းရပ်စ်ဆေးဝါးများ မရှိတော့ချေ။ ထို့ပြင် ုအမျိုးအစားမတူသော ယခု ဗိုင်းရပ်စ်အတွက် ဆေးဝါးအသစ်ရှာဖွေရမည်ဖြစ်သည်။

((( South China Morning Post., 22 Feb, 2020, “Coronavirus: China reports fewer new cases as death toll rises to 2,345.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။ ဆက်စပ်သတင်းများမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်စ်အီတလီအီရန်တောင်ကိုရီးယား

https://www.scmp.com/news/china/society/article/3051887/coronavirus-china-reports-fewer-new-cases-death-toll-rises-2345

https://www.scmp.com/week-asia/opinion/article/3051829/coronavirus-no-chernobyl-wake-call-chinas-top-down-autocratic

https://www.theguardian.com/world/2020/feb/21/coronavirus-window-of-containment-narrowing-after-iran-deaths-who-warns

https://www.scmp.com/news/world/europe/article/3051875/italy-coronavirus-cases-quadruple-day-cluster-emerges

https://www.scmp.com/news/china/society/article/3051858/china-sends-top-investigators-after-coronavirus-erupts-jails

0

Leave a Reply

Your email address will not be published.