ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂-ဦးသေဆုံးပြီးနောက် အီတလီမှာ ဥရောပတွင် ရောဂါထိုးနှက်ခံရဆုံးနိုင်ငံဖြစ်လာ။ မြို့ကြီး ၁၁-မြို့အား တားဆီးပိတ်ဆို့။ တရုတ်၏ ကိုရိုနာတိုက်ဖျက်ထိန်းချုပ်ရေး အောင်မြင်။ တောင်ကိုရီးယား-ဂျပန်-အီရန်တို့၌ သေဆုံး-ကူးစက် စိုးရိမ်ဖွယ်တိုးမြင့်လာ

COVID-19 ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် လူ ၂-ဦးသေဆုံးခဲ့ရသော အီတလီနိုင်ငံသည် ကူးစက်ခံရကြောင်း အတည်ပြုခံရသူ ၇၉-ဖြင့် ဥရောပဒေသတွင်း ၅-နိုင်ငံ၌ ရောဂါထိုးနှက်မှု့ အခံရဆုံးနိုင်ငံဖြစ်လာသည် ဟု Russia Today က ယနေ့ရေးသားသည်။

သောကြာနေ့ညပိုင်းတွင် အသက် ၇၈-နှစ်နှင့် ၇၆-နှစ်အရွယ် အသီးသီးရှိကြသူများ သေဆုံးပြီးနောက် မြောက်ပိုင်း လွန်ဘာဒီနှင့် ဗင်နီတိုဒေသတို့တွင် အီတလီအာဏာပိုင်များက တင်းကြပ်သော ကန့်သတ်ထိန်းချုပ်မှုများ နှင့် ကွာရန်တင်း #ရောဂါခြေချုပ်ချထားခြင်းတို့ကို ပြဋ္ဌာန်းလိုက်သည်ဆို၏။

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပထမဆုံး လူနာတစ်ဦးသေဆုံးပြီးနောက် မြို့ပေါင်း ၁၀- မြို့တွင် အသွားအလာ တားဆီးကန့်သတ်မှု့များ စတင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘ္ဘာအနှံ့အပြား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖျားနာသေဆုံးမှုမြင့်တက်လျှက်ရှိစဉ် ရောဂါစတင်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့၌ စနေနေ့နံနက်အထိ ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းအတည်ပြုခံရသူမှာ ၃၉၇-ဦးသာရှိ ပြီး သောကြာနေ့ ၈၈၉-ဦးနှင့်ယှဉ်လျှင် ၅၅ ရာခိုင်နှုန်း ကျော် စတင်ကျဆင်းလာကြောင်း တွေ့ရှိရသည်။

သို့သော် ယနေ့နံနက်တွင် သေဆုံး ၉၆-ဦးအထိ ဆက်လက်ကျဆင်းသွားသော်လည်း ကူးစက်ခံရသူဦးရေတွင် ၆၃၀ -ဦးသို့ ပြန်လည်မြင့်တက်လာသည်။

ဟူဘေးပြည်နယ်မှ လွဲ၍ အခြားပြည်နယ်အချို့တွင် ကူးစက်ခံရကြောင်းအတည်ပြုခံရသာ ၁၈ -ဦးထပ်မံတွေ့ရှိရသော်လည်း တိဘက်-အတွင်းမွန်ဂိုလီးယားအပါအဝင် ပြည်နယ် ၂၁-ခုတို့၌ ကူးစက်ခံရသူ ထပ်မံမတွေ့ရချေ။

ယနေ့နံနက် ၀၉း၄၃ နာရီအထိ ကမ္ဘ္ဘာတစ်ဝှမ်းလုံးတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခံရ သူ ၇၈,၇၆၆-ဦးရှိသည့်အနက် တရုတ်တစ်နိုင်တည်း၌ပင် ၇၆,၉၃၆-ဦးရှိနေသည်။ ၂,၄၆၁-ဦး သေဆုံးခဲ့ပြီး ၂,၄၄၂-ဦးမှာ တရုတ်မှ ဖြစ်သည်။

ကမ္ဘ္ဘာတစ်ခွင် ကုသပျောက်ကင်းသူ စုစုပေါင်း ၂၃,၁၃၃ – ဦးရှိသည်။ တောင်ကိုရီးယားသည် ကူးစက် ၅၅၆-ဦး သေဆုံး ၄-ဦးနှင့် တရုတ်ပြင်ပတွင် အများဆုံးဖြစ်နေကြောင်း အချိန်နှင့် တစ်ပြေးညီ မှတ်တမ်းကောက်ယူလျှက်ရှိသည့် Johns Hopkins CSSE ‘s Cororavirus COVID-19 Global Cases အရ သိရှိရသည်။

((( Russia Today., 23 Feb, 2020 , “ Italy becomes Europe’s largest coronavirus hot spot with 2 deaths & 79 cases across FIVE regions.” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူ ကိုးကားသတင်းများမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ ))

#ကိုရိုနာဗိုင်းရပ် #တရုတ်-တောင်ကိုရီးယား-ဂျပန်-အီရန်-ပြင်သစ်

https://www.rt.com/news/481488-italy-coronavirus-death-lockdown/

https://www.scmp.com/news/china/society/article/3051942/coronavirus-hubei-province-reports-630-new-cases-and-96-new

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

0

Leave a Reply

Your email address will not be published.