ကိုရိုနာဗိုင်းရပ်စ်ကြောက်သူများ တရုတ်သာမက စင်္ကာပူနှင့် ဂျပန်ခရီးစဉ်များကိုပါ ဖျက်သိမ်းနေ

ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှုကြောင့် သေဆုံးနာဖျားဦးရေ စိုးရိမ်ဖွယ် တရိပ်ရိပ်မြင့်တက်လျှက်ရှိသည်။ ခရီးသွားသူများမှာ တရုတ်နိုင်ငံသို့သာမက စင်္ကာပူနှင့် ဂျပန်နိုင်ငံခရီးစဉ်များကိုလည်း ရှောင်ရှားလာကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောက်လန့်လျှက်ရှိစဉ် အားလပ်ရက်နှင့် အလုပ်လုပ်ရန်အစီအစဉ်ရှိသူများမှာ Quarantine ရောဂါခြေချုပ်ချခံရခြင်းနှင့် ခရီးသွားလာမှုတားဆီးခံရနိုင်ခြင်းတို့ကြောင့် ဗျာများလျှက်ရှိသည်။ တရုတ်နိုင်ငံပြင်ပတွင် ကူးစက်ခံရသူအရေအတွက် တိုးမြင့်လာနေသည့် စင်္ကာပူနှင့် ဂျပန်နိုင်ငံများသို့ လေယာဉ်ခရီးစဉ်နှင့် ဟိုတယ်အခန်းငှားထားခြင်းတို့ကို ကမန်းကတန်း ဖျက်သိမ်းရန် လူမှု့ကွန်ယက်တွင်ပြောဆိုလျှက်ရှိကြောင်း South China Morning Post က ယနေ့ရေးသားသည်။

ဗြိတိသျှနိုင်ငံသား ဘဏ်လုပ်ငန်းရှင်တစ်ဦးသည် လာမည့်ရက်သတ္တပတ်၌ ယောက်ဖဖြစ်သူ မင်္ဂလာဆောင်နှင့် ကုမ္ပဏီရုံးခွဲများအား ကြည့်ရှု့ရန် စင်္ကာပူနိုင်ငံသို့ သွားရောက်ရန်ရှိနေသည်။ သို့သော်လည်း သူစတင်ခရီးထွက်ခွာသည့်နိုင်ငံမှာ ဟောင်ကောင်ဟူ၍ ဖြစ်နေပြီးကတည်းက နေအိမ်မှမခွာပဲ အလုပ်များလုပ်ရတော့သည်။ ထိုင်ဝမ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရပါသည်။ ထိုင်ဝမ်အစိုးရက သူ့အား ရောဂါခြေချုပ် ၁၄-ရက် ချမှတ်မည်မှာ သေချာနေသောကြောင့်ဖြစ်သည်။

ဟောင်ကောင်မှ ခရီးထွက်ခွာလာသူများအား အလားတူ သတ်မှတ်မထားသည့် ဂျပန်နိုင်ငံသို့ ရှေ့လဆန်းတွင် သွားရောက်မည်ဟု စိတ်ကူးထားသည်။ သို့သော် လတ်တလော ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူဦးရေမှာ ဟောင်ကောင်ထက် တစ်ရက်ပြီးတစ်ရက် များလာနေသဖြင့် မဖြစ်နိုင်ချေ။

ဧပြီလခန့်တွင် မလေးရှားသို့ သွားခြင်းသာ အကောင်းဆုံးဟု သူ ယူဆသည်။ သို့သော် ထိုအချိန် မလေးရှား၌ မည်သို့ရှိနေမည်ကို ဗိုင်းရပ်စ်ကူး လုံးဝမခံလိုသူ သူ့အတွက် အတိအကျသေချာပြီဟု မဆိုနိုင်ချေ။

သူသည် စင်္ကာပူသို့ အလုပ်နှင့် အပမ်းဖြေကိစ္စသွားရောက်ရန် ခရီးစဉ်ဖျက်သိမ်းခဲ့သူများအနက် တစ်ဦးဖြစ်လေသည်။ ဝူဟန်မှ အစပြုသောကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် စင်္ကာပူသာမက အခြားအာရှနိုင်ငံနိုင်ငံအချို့ အပါအဝင် နေရာပေါင်း ၂၀ ကျော်၌လည်း အလားတူဖြစ်ပွားနေသည်။

စင်္ကာပူဆိုလျှင် လွန်ခဲ့သည့် သောကြာနေ့က လူ့အဖွဲ့အစည်းအတွင်း တစ်ဦးမှ တစ်ဦးသို့ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိသဖြင့် ကျန်းမာရေးသတိပေးချက်အဆင့်ကို အဝါရောင်မှ လိမ္မော်ရောင်သို့ တိုးမြှင့်ထားရသည်။

ကျွန်းနိုင်ငံဖြစ်သော စင်္ကာပူ၌ ဗိုင်းရပ်ကူးစက်ခံရကြောင်း နောက်ထပ်တွေ့ရှိရသူ ၄-ဦးမှာ ရောဂါဖြစ်ပွားနေသူနှင့် ထိတွေ-ဆက်ဆံခြင်းမရှိခဲ့၊ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်ပြည်သို့ သွားရောက်ဖူးသူလည်း မဟုတ်ချေ။

ဗိုင်းရပ်စ်ကူးစက်ပြန့်နှံံပြီး လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၃၁-ရက်နေ့ကတည်းက ကိုရိုနာကြောင့် သေဆုံးသူ ၇၀၀ ကျော်နှင့် ကူးစက်ခံရသူ ၃၄,၀၀၀ ကျော်ရှိပြီး ကုသပျောက်ကင်းသူ ၁.၅၀၀ နီးပါးရှိခဲ့သည်။ ထိုနှုန်းထားသည် တရုတ် နိုင်ငံပြင်ပတွင် တဖြည်းဖြည်းတိုးလာရာ ဂျပန်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံမှာ ကူးစက်ခံရသူ အများဆုံးအဖြစ် မှတ်တမ်းဝင်လျှက်ရှိသည်။ လေကြောင်းလိုင်း ၅၀ ကျော်တို့က တရုတ်သို့ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း သို့မဟုတ် ဆိုင်းငံ့ထားကြပါသည်။

((( South China Morning Post., 9 Feb, 2020.” Coronavirus: not just China, travellers also avoiding Singapore and Japan.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.scmp.com/week-asia/health-environment/article/3049662/coronavirus-not-just-china-travellers-also-avoiding

0

Leave a Reply

Your email address will not be published.