ကိုရိုနာဗိုင်းရပ်စ်ဖြင့် ဝူဟန်တွင် အမေရိကန်နိုင်ငံသား ၁-ဦး သေဆုံး။ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူအရေအတွက်မှာ SARS ရောဂါကျရောက်စဉ်ကထက်ပိုမိုလာ။ တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ ဝင်ရောက်လာသူအားလုံး မလွဲမသွေရောဂါခြေချုပ် ချထားခြင်းခံရမည်။

ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်ဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးသေဆုံရာ တရုတ်နိုင်ငံဗိုင်းရပ်စ် ပြန့်နှံ့ကူးစက်ပြီးနောက် ပထမဆုံးအသက်ဆုံးရှုံးရသူ အမေရိကန်နိုင်ငံသားဖြစ်ကြောင်း Russia Today က ယနေ့ရေးသား သည်။

ဖေဖော်ဝါရီလ ၆-ရက်နေ့ ဝူဟန်တွင် သေဆုံးသည့် အသက် ၆၀ အရွယ် အမျိုးသမီးသံရုံးဝန်ထမ်း မိမိတို့နိုင်ငံသားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက AFP နှင့် New York Times သို့ ပြောကြားသည်ဆို၏။

ဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း ၃၀ နီးပါးတွင် ပြန့်နှံ့ကူးစက်မှုကြုံတွေ့နေရစဉ် ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်သံသယဖြင့် သေဆုံးခဲ့သော မိမိတို့နိုင်ငံသား သံရုံးဝန်ထမ်းမှာ နမိုးနီးယားအဆုတ်ယောင်ရောဂါကြောင့်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုသည်။

သေဆုံးသူ စုစုပေါင်း ၇၂၂ – ဦးဖြစ်လာသည့် တရုတ်နိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်မှာ SARS ရောဂါကျရောက်စဉ်ကထက် အသေအပျောက်ပိုမိုများပြားလာခြင်းဖြစ်သည်။ Severe acute respiratory syndrome-related coronavirus (SARS-CoV, SARSr-CoV) ကိုရိုနာဗိုင်းရပ်နှင့်ဆက်နွယ်သော ဆားစ် ပြင်းထန်အသက်ရှူလမ်းကြောင်းရောင်ရောဂါစုသည် ၂၀၀၂-ခုနှစ် နိုဝင်ဘာလ တရုတ်တောင်ပိုင်းမှ အစပြုလျှက် နိုင်ငံပေါင်း ၂၉ နိုင်ငံ သို့ကူးစက်ပျံနှံ့ခဲ့သည်။ ၂၀၀၃-ခုနှစ် ဇူလိုင်လတွင် ရပ်တန့်သွားခဲ့သော်လည်း ထိုစဉ်က ကမ္ဘ္ဘာတစ်ဝှမ်း သေဆုံးသူ ၇၇၄-ဦး ရှိခဲ့သည်။

SARS ရောဂါကျရောက်စဉ် လူသေဆုံးပမာဏမှာ ကူးစက်ခြင်းခံရသူ၏ ၁- ရာခိုင်နှုန်းရှိခဲ့ပြီး ယခု 2019 n-CoV တွင်မူ ၂ သို့မဟုတ် ၂ အောက် ရာခိုင်နှုန်းရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။

တရုတ်၏ အုပ်ချုပ်ခွင့်ရဒေသဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရန် ပြည်မကြီးမှ ဝင်ရောက်လာသူအားလုံး မဖြစ်မနေလိုက် နာရမည့် ရက်သတ္တ ၂-ပတ်ကြာ Quarantine ရောဂါခြေချုပ် အမိန့်ကို စတင်ပြဋ္ဌာန်းလိုက်သည်ဟု BBC က ယနေ့ရေးသားသည်။ ပြည်မကြီးမှ ဝင်ရောက်လာသူများသည် သတ်မှတ်ထားသော ဟိုတယ် သို့မဟုတ် အစိုးရသတ်မှတ်ပေးထားသော စင်တာများတွင် တစ်ဦးချင်း သီးခြားခွဲလျှက် နေထိုင်ကြရမည်ဖြစ်ပြီး၊ ဋ္ဌာနေများမှာ မိမိတို့နေအိမ်တွင် တစ်ဦးချင်းသီးခြားခွဲ၍ နေထိုင်ကြရမည်ဖြစ်သည်။ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ကြီးလေးသော ဒါဏ်ငွေအပြင် ထောင်ဒါဏ်ကျခံရမည်ဖြစ်ကြောင်း အမိန့်၌ ပါရှိသည်။

တရုတ်နိုင်ငံအတွင်း၌လည်း မြို့ကြီးများစွာတို့တွင် သွားလာဝင်ထွက်ခြင်း တားမြစ်ထားပြီး လူပေါင်း ၄၆-သန်းခန့်ကို Quarantine ရောဂါခြေချုပ်ချထားကြောင်း တွေ့ရှိရသည်။

((( Russia Today., 8 Feb, 2020, “American in Wuhan, China dies of coronavirus, reported to be 1st US citizen killed in fast-moving outbreak.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူဖော်ပြချက်များအတွက် ကိုးကား Links များမှာ ပေးထားပါအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်စ် #ကိုရိုနာဗိုင်းရပ်နှင့်ဆက်နွယ်သောဆားစ်ပြင်းထန်အသက်ရှူလမ်းကြောင်းရောင်ရောဂါစု #Quarantineရောဂါခြေချုပ်

https://www.rt.com/news/480382-american-dies-wuhan-coronavirus/

https://www.physiciansweekly.com/death-toll-from-new/

https://www.businessinsider.com/quarantine-history-following-china-wuhan-coronavirus-lockdowns-2020-1

https://www.bbc.com/news/world-asia-china-51419015

https://www.bbc.com/news/world-asia-china-51419015

0

Leave a Reply

Your email address will not be published.