ကိုရိုနာဗိုင်းရပ်စ် ထပ်မံသေဆုံး-ကူးစက်ခံရသူ အရေအတွက် ဆက်လက် လျှော့ ကျ။ တရုတ်ပြင်ပ ၅ နိုင်ငံ၌ သေဆုံးသူ ၁-ဦးစီ ရှိနေ။ နှစ်လည်ပါလီမန်ကျင်းပရန်အစီအစဉ် တရုတ်ရွှေ့ဆိုင်း

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဗဟိုချက်သဖွယ်ဖြစ်နေသော ဟူဘေးပြည်နယ်တွင် တနင်္လာနေ့ ညသန်းခေါင်အထိ ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၃-ဦးဖြစ်ပြီး ကူးစက်ခံ ရကြောင်းအတည်ပြုနိုင်သူ ၁,၈၀၇ – ဦး ရှိရာ ၎င်း၌ ဝူဟန်တစ်မြို့တည်းမှာပင် ၁,၆၀၀ ဦး ရှိနေသေးကြောင်း South Morning Post က ယနေ့ရေးသားသည်။

ဗိုင်းရပ်စ်ဗဟိုချက် ဟူဘေးပြည်နယ်တွင် နေ့စဉ်အသက်ဆုံးရှုံးရသူဦးရေ ၁၀၀ အောက်သို့ ကျဆင်းနေခြင်းဖြစ် သော်လည်း တရုတ်ပြည်မကြီးတစ်ခုလုံး  သေဆုံးသူဦးရေ စုစုပေါင်း ၁,၈၆၈-ဦး၊ ကူးစက်ခံရကြောင်း အတည်ပြု ခံရသူ ၇၂,၄၃၆-ဦး၊ ကုသပျောက်ကင်းသူ ၁,၇၀၁-ဦး ရှိကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယမန်နေ့ (တနင်္လာနေ့) ထပ်မံတိုးလာသော သေဆုံး-ဖျားနာအရေအတွက်ကို တရုတ်အမျိုးသား ကျန်းမာ ရေး ကော်မရှင်က သတင်းထုတ်ပြန်ခြင်းမရှိချေ။ ယခုအထိ တရုတ်ပြည်မကြီ၏းအပြင်ဖက်တွင် ဟောင်ကောင်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ပြင်သစ်တို့၌ ဗိုင်းရပ်စ်ကြောင့် လူ ၁-ဦးစီသေဆုံးသည်ကို တွေ့ရသည်။ တစ်ကမ္ဘာ လုံးအနေဖြင့် ရောဂါပျောက်ကင်းသူ ၁၀၆၁၅ – ဦးသို့ တိုးမြင့်လာသည်။

ဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှုကြောင့်  လာမည့် မတ်လဆန်းတွင် ကျင်းပမည့် တရုတ်နိုင်ငံ နှစ်ပါတ်လည်ပါလီမန်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

 (((  South China Morning Post., 18 Feb. 2020 , “Coronavirus death toll in China rises to 1,868 as epicentre reports 93 new fatalities.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်

https://www.scmp.com/news/china/society/article/3051063/coronavirus-chinas-hubei-province-records-1807-new-cases-93

0

Leave a Reply

Your email address will not be published.