ကုလသမဂ္ဂ၌ Informal အလွတ်သဘောဆွေးနွေးသည်ဆိုခြင်းမှာ အကြောင်း အရာတစ်ခုနှင့် ပတ်သက်၍ မည်သူမဆို တက်ရောက်ကြပြီး ကောင်းနိုးရာရာ အကြံဉာဏ်ထွက်ပေါ်စေရန် စုဝေး စကားပြောဆိုကြခြင်းမျိုး ဖြစ်သည်။

ကုလသမဂ္ဂ၌ Informal အလွတ်သဘောဆွေးနွေးသည်ဆိုခြင်းမှာ အကြောင်း အရာတစ်ခုနှင့် ပတ်သက်၍ မည်သူမဆို တက်ရောက်ကြပြီး ကောင်းနိုးရာရာ အကြံဉာဏ်ထွက်ပေါ်စေရန် စုဝေး စကားပြောဆိုကြခြင်းမျိုး ဖြစ်သည်။
..
ဆုံးဖြတ်ချက် Resolution ချမှတ်ခြင်းလည်း မရှိတတ်ကြောင်း လေ့လာမိပါသည်။
..
သို့သော် ဦးကျော်မိုးထွန်းသည် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နအဖ လက်ထက်တွင် ဗိုလ်မှူးအောင်လင်းထွဋ်ကဲ့သို့ မမျှော်လင့်ပဲ ဘက်ပြောင်းသွားခြင်းဖြစ်ကြောင်း ထိုမျှလောက်အထိ သိမြင်သူ .. မရှိသလောက် အလွန် နည်းပါမည်။
..
လူထုဆက်သွယ်ရေးနည်းလမ်းမှာကား အလွန်ကွာခြားသည် ထိုစဉ်က “ #အင်တာနက်ကြီး_ကျကွဲသွားလို့_လျော်လိုက်ရသည်. “ ဆိုခြင်းကို လူရွှင်တော်တို့ ပြက်လုံးထုတ်ရသည့် ကာလဖြစ်သည်။
..
နိုင်ငံတကာ၌ပင် ဖြစ်စဉ်အရပ်ရပ်ကို မှတ်တမ်းသဖွယ် စံနစ်တကျမှတ်သားသူ ရှားပါသည်။ လတ်တလော မီဒီယာတို့၌ ဖော်ပြသမျှကိုသာ ခံစားလေ့ရှိကြသည်။

လူအများ၏ အမြင်တွင် ကုလသမဂ္ဂ၌ မြန်မာအမြဲတန်း သံအမတ်ကြီးသည် CRPH ဘက်မှ ရပ်တည်သည်။ CRPH မှာ နိုင်ငံတကာအသိအမှတ်ပြု အစိုးရအဖွဲ့ ဖြစ်ပြီ ဟုသာ နားလည်ကြပါမည်။
..
GSC အထွေထွေ သပိတ်အား နိုင်ငံတကာ ထောက်ခံ၍ ကုလသမဂ္ဂက နစအ ကို ချက်ချင်းအရေးယူ ဖယ်ရှားရန် ပြောဆိုနေကြပြီ ဟုသာ ထင်မှတ်ကြပါမည်။
..
ထို့ကြောင့် ( မြန်မာစံတော်ချိန် ) ယမန်နေ့ည ကုလသမဂ္ဂတွင် မြန်မာအရေးနှင့်ပတ်သက်၍ ဦးကျော်မိုးထွန်း၏ မြန်မာဘာသာဖြင့် ပြောဆိုချက်များသည် မြန်မာနိုင်ငံအရပ်ရပ်၌ ဖြစ်ပေါ်နေသော CDM လှုပ်ရှားမှုများ ပိုမိုတက်ကြွလာစေရန် ရာနှုန်းပြည့် တွန်းအားကြီးတစ်ခု အမှန် ဖြစ်ပါသည်။
..
ပြည်တွင်း ပြည်ပ၌ အထွေထွေသပိတ် တိုးမြှင့်ဆင်နွှဲကြရန် ကုလသမဂ္ဂ စကားပြောစင်မြင့်မှနေ၍ နှိုးဆော်လိုက်ခြင်း အောင်မြင်ပါသည်။
..
..
ဘာတွေဆက်ဖြစ်လာမည်လဲဆိုသည်မှာကား..
ကောဏ္ဍည အရှင်ကိုယ်တော်မြတ်ကြီးသာ သိနိုင်ပါတော့မည်။
..
..
..
အစဉ်လေးစားးစွာဖြင့်
..
#HtayOung, #OungMaine

https://www.channelnewsasia.com/news/asia/myanmar-un-ambassador-appeal-stop-military-coup-kyaw-moe-tun-14290928 

Leave a Reply

Your email address will not be published.