ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ပြန်လည်ယုံကြည်စေရန်ဟုဆိုကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO လက်ရှိအကြီးအကဲ ရာထူးမှ နှုတ်ထွက်ပေးရေး ဆန္ဒပြုလက်မှတ် ကောက်ယူနေ

လက်ရှိဖြစ်ပွားနေသော Covid-19 နှင့် ပတ်သက်၍ WHO အနေဖြင့် အမှားများစွာ ကျူးလွန်ခဲ့သည်။ ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်ကြောင်း ကြေညာရန် နှောင့်နှေးခြင်း၊ လူအချင်းချင်း မကူးနိုင်၊ မြို့ရွာကြီးများ Lock-down ပြုလုပ်ခြင်းမှာ အကျိုးမရှိဟု ၎င်း၊ လေထုမှတစ်ဆင့် ကူးစက်ကြောင်း အထောက်အထားမရှိဟု ပြောဆိုခဲ့ခြင်းအပြင် Mask အသုံးပြုသင့်- မသင့်၊ Asymptomatic ခေါ် ရောဂါလက္ခဏာမပြပဲ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူတို့အတွက် မိမိမှ အခြားသူသို့ အလွယ်တကူ ကူးစက်ခြင်းမှ ဟန့်တားရန် အသုံးပြုသင့်သည့် Mask အမျိုးအစားကိုလည်း အချိန်မီ အကြံပြုနိုင်ခြင်း မရှိခဲ့ပါ။

ယခုနောက်ဆုံး Covid-19 ရောဂါဖြစ်ပွားပြီး နလံထူလာသူများတွင် ကိုရိုနာဗိုင်းရပ်စ် ပြန်လည်စွဲကပ်ခြင်း ရှိ- မရှိကိုလည်း ယခုထက်တိုင် ပြတ်သားစွာ ထောက်ပြနိုင်ခြင်းမရှိပါ။

ထိုစဉ်အတောအတွင်း ကမ္ဘာအဝှမ်း လူပေါင်း ၁ သန်း ၈ သိန်းနီးပါး ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး လူ ၁-သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပါသည်။ ကမ္ဘာ့ကူးစက်ကပ်ရောဂါကျရောက်စဉ် အထောက်အကူပြုအကြံဉာဏ်များ အချိန်မီ မပေးနိုင်ခြင်းကြောင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အတွက် ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်ဆို၏။

ထိုအတွက် WHO အထွေထွေညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus တက်ဒရော့စ်အက်ဒ်ဟာနွန်ဂီးဘရီးယက်စ် တွင် လုံး၀ တာဝန်ရှိသည်ဟု change.org က မှတ်ယူကြောင်း သိရှိရပါသည်။

ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ပြန်လည်ယုံကြည်စေရန်အတွက် တာဝန်ရှိသူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO လက်ရှိအကြီးအကဲ ဂီးဘရီးယက်စ်ရာထူးမှ နှုတ်ထွက်ပေးရန် ဆန္ဒပြုလက်မှတ် ကောက်ယူလျှက်ရှိရာ အောက်ပါ Link တွင် မိမိတို့အမည်-အီးမေးလ်လိပ်စာဖြည့်သွင်း၍ ဆန္ဒပြုနိုင်သည်ဟု ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

အစဉ်လေးစားစွာဖြင့်

HtayOung, #OungMarine

https://www.change.org/p/united-nations-resignation-of-tedros-adhanom-ghebreyesus-the-who-director-general

0

Leave a Reply

Your email address will not be published.