အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ တောင်အာဖရိကနှင့် စင်္ကာပူနိုင်ငံအစိုးရတို့က မျက်နှာဖုံးဝတ်ဆင်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ရာတွင် ( အပြည့်အ၀ ) အသုံးမဝင်သော်လည်း ဝတ်ဆင်ထားကြရန် ၎င်းတို့နိုင်ငံသားများအား ယခုအခါ တိုက်တွန်းလျှက်ရှိသည်။ မျက်နှာဖုံးဝတ်ဆင်ရန် မထောက်ခံခဲ့သော WHO ကိုယ်တိုင်ကမူ လွန်ခဲ့သော ရက်အနည်းရောက်မှ ယခင်နှင့်မတူ လုံးဝခြားနားစွာ ပြောင်းလဲပြောဆိုသည်ကို အနောက်နိုင်ငံအများစုတို့ အံ့သြဖွယ် ကြားသိလိုက်ရသည်ဟု AFP အား ကိုးကားလျှက် Dhaka Tribune က ယမန်နေ့ရေးသားသည်။
သေဆုံးအရေအတွက် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ဒေါသနှင့် စိတ်ရှုတ်ထွေးလျှက်ရှိသော ပြည်သူတို့မှာ ဖြစ်ပျက်နေပုံအား အလျှင်အမြန် ပြန်လည်သုံးသပ်ရန် ဖြစ်လာရသည်။ အချို့ဆိုလျှင် ၎င်းတို့ အစိုးရများမှာ နိုင်ငံသားတို့အား လှည့်စား လိမ်ညာနေသည်ဟုပင် စွပ်စွဲခဲ့ကြသည်။
စတင်ပြောင်းလဲပြောဆိုခြင်းမှာ အမေရိကန်ဖြစ်ပြီး နေအိမ်မှ ထွက်ခွာစဉ်တွင် မျက်နှာဖုံးဝတ်ဆင်ကြရန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့၌ ၎င်း၏နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။
ရောဂါကူးစက်မှုစတင်ကတည်းက အာရှ၌ မျက်နှာဖုံးဝတ်ဆင်ခြင်းအမူအကျင့် တွင်ကျယ်လျှက်ရှိသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် နိုင်ငံအတော်များများ၏ အစိုးရတို့ကမူ ဗိုင်းရပ်စ်စွဲလူနာများအား ပြုစုစောင့်ရှောက်သူတို့သာလျှင် ဝတ်ဆင်သင့်ကြောင်းပြောကြားခဲ့သည်။
WHO ကျန်းမာရေး အရေးပေါ်အစီအစဉ်၏ အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာ မိုက်ရိုင်ယန်ဆိုလျှင် ” လူအများစု၏ မျက်နှာဖုံးများ ဝတ်ဆင်နေခြင်းမှာ အကျိုးရှိနိုင်ကြောင်းတိကျတဲ့ သက်သေအထောက်အထား မရှိပါဘူး” ဟုပင် ပြောကြားခဲ့သည်။
ယခုရက်သတ္တပတ်တွင်မူ လုံးဝပြောင်းလဲသွားသည်။ “ လူ့အသိုင်းအဝိုင်းတို့တွင် မျက်နှာဖုံးများ၊ အိမ်တွင်းဖြစ်နှင့် အဝတ်မျက်နှာဖုံး နှစ်မျိုးစလုံးတို့ကို ဝတ်ဆင်ခြင်းတို့မှာ ယခုကပ်ရောဂါအား အပြည့်အဝ တုန့်ပြန်ရာ၌ အထောက်အကူပြုကြောင်း ကျွန်ုပ်တို့ အမှန်တကယ်မြင်တွေ့နေရသည်ဟု “ ပြောဆိုပြန်သည်။
တုတ်ကွေးရာသီ၌ အာရှတိုက်တို့၏ ပုံမှန်လို မျက်နှာဖုံး ဝတ်ဆင်ခြင်း ဓလေ့မှာ အနောက်နိုင်ငံသားတို့အတွက် အမြင်ဆန်းနေပြီး လိုက်နာရန် အတော်ခက်ပါသည်။
ဆန္ဒမရှိလျှင် မျက်နှာဖုံးမဝတ်ဆင်ပဲ နေနိုင်သည်ဟု ဆိုခဲ့သော စင်္ကာပူသည် တနင်္ဂနွေနေ့နံနက်တွင် သေဆုံးသူ စုစုပေါင်း ၆-ဦး၊ ကူးစက်ခံရသူ ၁၀၀၀ ကျော်ဖြစ်လာပြီးနောက် ပြန်လည်အသုံးပြုနိုင်သောမျက်နှာဖုံးများကို အိမ်တိုင်းစေ့ ဝေငှပေးတော့မည်ဖြစ်သည်။
#အမှားကြီးမှားခဲ့ မျက်နှာဖုံးဝတ်ဆင်ရေးနှင့်ပတ်သက်၍ အမေရိကန်၏ ယခုရပ်တည်ချက်မှာ အတိအကျ ပြောင်းလဲသွားပြီဖြစ်ကြောင်း ဗြိတိန်ရှိဘာမင်ဂမ်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး အထူးကျွမ်းကျင်သူ ပါမောက္ခ ကေကေချန်းက မှတ်ချက်ပြုသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံတို့၏ အကြီးဆုံးအမှားမှာ ၎င်းတို့နိုင်ငံနေသူများ မျက်နှာဖုံး မဝတ်ဆင်ခြင်းပင်ဖြစ်ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲဖြစ်သူ ဂျော့ဂျ်က Science Journal သို့ ရှင်းပြသည်။ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးဝတ်ဆင်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်အား ခုခံကာကွယ်ရာတွင် အရူးထ ခြင်းမဟုတ်ကြောင်း ကျွမ်းကျင်သူများက သဘောတူပါသည်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူများအနေဖြင့် အခြားသူများသို့ပျံ့နှံ့မှုကိုရပ်တန့်ရန် သူတို့ကိုယ်တိုင် မလွဲမသွေ ဝတ်ဆင်သင့်သည်။ သို့သော် ပိုးရှိသော်လည်း ဖျားနာလျှက်ရှိကြောင်း ကိုယ်တိုင်မသိသေးသူတစ်ဦးမှာ အခြားသူများသို့ ကူးစက်ကြောင်း အထောက်အထားများရှိသည်။ ဗိုင်းရပ်စ်ပိုးသည် လေမှတစ်ဆင့် ကူးစက်နိုင်သည်ဟု ယုံကြည်ရသော် လည်း အခိုင်အမာ သက်သေပြနိုင်ခြင်း မရှိသေးပါ။
#စကားပြောဆိုခြင်းမှပျံ့နှံ့ အမေရိကန်အစိုးရ၏ ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးတွင် ဦးဆောင်နေသူ ဒေါက်တာ အန်တိုနီဖော်စီကမူ လူတို့အသက်ရှူထုတ်ရာမှ ထွက်ပေါ်လာသော အလွန်သေးငယ်သည့် အမှုံအမွှားများတို့အား တားဆီးနိုင်မည့်နည်းလမ်းကို သုသေသနပြုခဲ့သူဖြစ်ပြီး ( မျက်နှာဖုံးအသုံးပြုရေး ) ကို ထောက်ခံသည်။ ဗိုင်းရပ်စ်ပိုးသည် ချောင်းဆိုးခြင်းနှင့်နှာချေခြင်းသာမက လူအချင်းချင်း စကားပြောဆိုယုံမျှနှင့် အမှန်တကယ် ပျံ့နှံ့နိုင်ကြောင်း လောလောဆယ် သုတေသနက ညွှန်ပြလျှက်ရှိကြောင်း၊ ထိုအချက်ကို အတည်ပြုနိုင်ပါလျှင် အဘယ်ကြောင့် ယခုလောက် ကူးစက်ပျံနှံ့ရသည်ကို ရှင်းပြနိုင်လိမ့်မည်ဟု Fox News သို့ ရှင်းပြပါသည်။
အမေရိကန်တွင် ဗိုင်းရပ်စ်ရောဂါထိုးနှက်မှုဒါဏ် အခံရဆုံး နယူးယောက်မြို့တော်၏ မြို့တော်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်မှာ ဒေသခံများအနေဖြင့် အပြင်ထွက်ချိန်တွင် လက်ကိုင်ပဝါ သို့မဟုတ် ကိုယ်တိုင်လုပ်မျက်နှာဖုံး ဝတ်ဆင်သင့်ကြောင့် ၊ အမေရိကန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တိုင်မီကတည်းက ပြောဆိုခဲ့သူဖြစ်သည်။
ဥရောပတစ်လွှားနေထိုင်သူများနှင့် ဂျာမန်ပြည်သူတို့အနေဖြင့် အသုံးပြုသူအား ကာကွယ်ရန် အထောက်အကူ မများနိုင်သော်လည်း အခြားသူများအား ရောဂါပိုးမကူးစက်စေနိုင်သဖြင့် အိမ်လုပ်မျက်နှာဖုံးများ အသုံးပြုကြရန် ဂျာမန် ရောဂါထိန်းချုပ်ရေးအေဂျင်စီက တိုက်တွန်းထားသည်။ မြောက်အမေရိက ဆေးသိပ္ပံကျွမ်းကျင်သူတို့ကလည်း DIY သင်ခန်း စာကို YouTub TikTok အဖြစ် အွန်လိုင်းလွှင့်တင်သည်။
“ ဒါကို နားလည်ဖို့ အလွန်အရေးကြီးပါတယ်။ မျက်နှာဖုံး ဝတ်ဆင်ထားရင် ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းထဲ
ဝင်ရောက်လာတဲ့ အမှုံအမွှားလေးတွေကို လျှော့ချပေးနိုင်ပါတယ်။ လူတိုင်းက ဝတ်ဆင်ပြီးမှသာ
အလုပ်လုပ်မယ်၊ လုပ်ကြမယ်ဆိုရင် အလွန်အခြေခံကျတဲ့ မျက်နှာဖုံးလောက်သာ လိုပါတယ်။
” တစ်ရှူးစလေး တစ်စဟာ အမှုံအမွှားလေး တွေကို တားဆီးနိုင်ပါတယ်။ ဒီလောက်နဲ့ ပြည့်စုံလုံလောက်တယ်လို့ ကျွန်တော် မဆိုလိုပါဖူး၊ ဒါပေမဲ့ ဘာမှ အကာအကွယ်မယူပဲ နေတာထက်တော့ အများကြီး အကျိုးရှိပါတယ် .. “
ဟု ပါမောက္ခ ကေကေချန်က ဖြည့်စွက်ပြောဆိုသည်။
((( Dhaka Tribune., April 5, 2020, “Face masks debate: WHO makes U-turn while countries tell citizens to start wearing masks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))
#ကိုဗစ်နိုင်တင်းနှင့်မျက်နှာဖုံးဝတ်သင့်-မသင့်ပြဿနာပြီးဆုံး
https://apps.who.int/iris/handle/10665/330376
https://www.businessinsider.com/coronavirus-face-masks-how-effective-are-they-evidence-so-far-2020-3
https://edition.cnn.com/2020/03/30/world/coronavirus-who-masks-recommendation-trnd/index.html