ကူးစက်ရောဂါ တားဆီးရေးကန့်သတ်ချက်များနှင့်အတူ အမေရိကန်တွင် အိမ်သာသုံးစက္ကူများကို ကြောက်လန့်တကြား ဝယ်ယူနေ၊ ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်ပေါ်၊ ကာကွယ်ဆေးထိုးနှံရန် ရက်သတ္တပတ်အနည်းငယ်အလို၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် တစ်ရက်တည်း ၂,၀၁၅-ဦးသေဆုံးပြီး ပိုးတွေ့သူ ၁၈၇,၀၀၀- ဦးဖြင့် စံချိန်တင်မြင့်တက်

  
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်နှင့် အမေရိကန် တစ်နိုင်ငံလုံး အရှေ့မှ အနောက်ထိ ပိတ်ပင်ခြင်းများသည် ကူးစက်ကပ်ရောဂါကြောင့် ထိတ်လန့်နေသော ဈေးဝယ်သူများအတွက် မရှိမဖြစ် လိုအပ်ချက်အသစ်ဖြစ်ပေါ်လာစေပြီး အိမ်သာသုံးစက္ကူပြတ်လပ်မှု တဖန်ပြန်လည်မြင့်တက်လာရသည်ဟု Reuters က ယနေ့ရေးသားသည်။ 


သောကြာနေ့တွင် ဝေါလ်မာ့တ်ခ်က ပြောဆိုရာ၌ အမေရိကန်နိုင်ငံတစ်ဝှမ်း ကူးစက်မှုအရှိန်လျှော့ကျသွားဖွယ် မရှိခြင်းနှင့် အချို့သောလူတန်းစားများအတွက် ပိန်လာပြီဖြစ်သော အိတ်ကပ်လေးများကိုကြည့်ရင်း အိမ်သာသုံးစက္ကူနှင့် သန့်ရှင်းရေးပစ္စည်းများဝယ်ထားမှဖြစ်မည်ဟု တွေးကြပုံရကြောင်း ခန့်မှန်းသည်။ 

  
သောကြာနေ့ မွန်းလွဲပိုင်း၌ စတင်သည့် ကူးစက်ပျံ့နှံ့မှုကိုလျှော့ချရန် ရည်ရွယ်၍ ကန့်သတ်ချက်များချမှတ်လိုက်ခြင်းသည် ပြည်နယ် ၂၂ ခုရှိ ဈေးဝယ်သူများအား ကြောက်လန့်တကြား ဈေးဝယ်ယူမှုအသစ်ဖြစ်ပေါ်လာစေပြီး Kroger ကဲ့သို့ လက်လီအရောင်းဆိုင်များအပါအဝင် နိုင်ငံ၏အကြီးဆုံးစူပါမားကက်များသို့ စုပြုံရောက်ရှိလာကြသည်။ 


ယာယီပိတ်ပင်မှုများအပါအဝင် စည်းမျဉ်းသစ်များ ချမှတ်ခဲ့သော ဝါရှင်တန်တွင် အိမ်သာသုံးစက္ကူအပါအဝင် စက္ကူမျက်နှာသုတ်ပုဝါ၊ ပိုးသတ်တစ်ရှူး၊ လက်အိတ်နှင့် ဝက်ပေါင်စည်သွပ်ဗူးများ ပြတ်လပ်သည်အထိ ဖြစ်ပေါ်ခဲ့ရသည်။ လော့စ်အိန်ဂျယ်လိစ်မြို့တွင် အိမ်သာသုံးစက္ကူများ ဝယ်မရတော့ချေ။

  
ထို့အပြင် ကယ်လီဖိုးနီးယားတွင် နေထိုင်သူများအတွက် အိမ်သာသုံးစက္ကူရှာဖွေရခြင်းမှာ အလုပ်သစ်တစ်ခု ဖြစ်လာသည်။ ၎င်းပြည်နယ်မှာ ညမထွက်အမိန့်၊ အိမ်တွင်းလူမှုရေးစုဝေးခြင်း မပြုရန်နှင့် မလိုအပ်ပဲ အိမ်ပြင် မထွက်ကြရန် ကြာသပတေးနေ့တွင် တားမြစ်မိန့် ထုတ်ပြန်ခဲ့သည်။ 

  
လက်လီရောင်းချသူများသည် ပြီးခဲ့သည့်လများအတွင်း မမျှော်လင့်ဘဲများပြားလာသော ဝယ်လိုအားကို ဖြည့်ဆည်းရန် ၎င်းတို့၏ အရောင်းနှင့် ဖြည့်တင်းရေးကွင်းဆက်ကို အလေးထားပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ယခု ပစ္စည်းပြတ်လပ်မှုအတွက်လည်း အမြန်ဆုံးဖြည့်ဆည်းပေးရန် လုပ်ဆောင်လျှက်ရှိသည်ဆို၏။ 


ကြာသပတေးနေ့၌ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူပေါင်း ၂,၀၁၅ – ဦးနှင့် ကူးစက်မှု အသစ် ၁၈၇,၀၀၀ ကျော်ရှိခဲ့ရာ မေလကတည်းက ရှိခဲ့သည့် တစ်ရက်တာအတွင်း ဦးရေထက် အများဆုံးဖြစ်သည်ဟု Guardian က ယနေ့ရေးသားသည်။ နိုင်ငံအတွင်းနေသူများအား ကာကွယ်ဆေးထိုးနှံရန် မျှော်လင့်ထားသည့် ရက်သတ္တပတ်အနည်းငယ်အလို၌ ယခုကဲ့သို့ဖြစ်ရသည်ဆို၏။ 

  
ဗုဒ္ဓဟူးနေ့တွင် Covid-19 ကြောင့် အသက်ဆုံးရှုံးရသူ အမေရိကန်ပေါင်း ၂၅၀,၀၀၀ အထိရောက်ရှိခဲ့ပြီး ယနေ့တွင် ၂၆၀,၀၀၀ ကျော်ဖြစ်လာသည်။ အမေရိကန်သည် နိုင်ငံတကာတွင် ရောဂါကျရောက်မှု အပြင်းထန်ဆုံးဖြစ်ပြီး ဇန်နဝါရီလတွင် ကူးစက်ရောဂါ စတင်ထိုးနှက်ခံရချိန်မှ ယခုထိ အနည်းဆုံးအမေရိကန် ၁၁ သန်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းခံနေရသည်။ 


#ကူးစက်ရောဂါတားဆီးကန့်သတ်ချက်များ #အမေရိကန်တွင်ကြောက်လန့်တကြားဈေးဝယ်ယူနေကြပြန် #စတိုးဆိုင်များတွင်_အိမ်သာသုံးပစ္စည်းပြတ်လပ် 



((( Reuters., 21 Nov 2020 ,” Panic buying of toilet paper hits US stores again with new pandemic restrictions.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန် ဆိုသည်။ ))) 

  

https://www.reuters.com/article/us-health-coronavirus-toiletpaper-idUSKBN2802W3 


https://www.theguardian.com/us-news/2020/nov/20/us-daily-coronavirus-deaths-cases-record 


https://bdnews24.com/world/americas/2020/11/21/panic-buying-of-toilet-paper-hits-us-stores-again-with-new-pandemic-restrictions 

0

Leave a Reply

Your email address will not be published.