ကနေဒါရှေးဟောင်း ဒေသန္တရကက်သလစ်ကျောင်းအနီး အမှတ်အသားမဲ့ သင်္ချိုင်းမြေပုံ ၇၅၁ -ခုကို ဌာနေတိုင်းရင်းသားများ ထပ်မံ ဖော်ထုတ်။ ကျောင်းနေ ဌာနေတိုင်းရင်းသားကလေးငယ်များစွာတို့အား အစုအပုံလိုက် မြှုပ်နှံထားခြင်းလည်းပါဝင်။ တစ်ကျင်းထဲ တစ်ဦးထက်ပိုသော ရုပ်ကြွင်းများ ရှိနေ


ကက်သလစ် ဒေသန္တရကျောင်းမှ ဌာနေတိုင်းရင်းသားကလေးငယ်မြှုပ်နှံထားကြောင်း ယူဆရသည်တို့အပါဝင် အမှတ်အသားမဲ့ ရာပေါင်းများစွာသော သင်းချိုင်းရာတို့ကို ကနေဒါနိုင်ငံ ဆက်ကက်ချီဝမ်ပြည်နယ်တွင် ပထမဆုံးအကြိမ် တွေ့ရှိရသည်ဟု Russia Today က ယနေ့ရေးသားသည်။

…  
အမေရိကန်နိုင်ငံတောင်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆက်ကက်ချီဝမ်ပြည်နယ်ရှိ ယခင် မာရီဗဲလ်ဒေသန္တရ အင်ဒီးယန်းကျောင်း၏ သချိုင်းတွင် သချိုင်းမြေပုံများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောင်းမှာ ၁၈၉၉ – ၁၉၉၇ ခုနှစ်အထိ ရာစုနှစ် တစ်စုနီးပါးမျှ ကက်သလစ်အင်စတီကျုးရှင်းက အုပ်ထိန်းခဲ့ခြင်းဖြစ်ပြီး ကနေဒါစာသင်ကျောင်းစနစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဋ္ဌာနေတိုင်းရင်းသားများအား ဥရောပ-ကနေဒါလူ့အဖွဲ့အစည်း၏ ခရစ်ယာန်ဘာသာအတွင်း သွတ်သွင်းရာ၌ ပါဝင်ခဲ့သည်။

…    
လွန်ခဲ့သည့်လတွင် ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ ကျောင်းဟောင်းမြေနေရာအနီးတွင် မြှုပ်နှံထားသော ကလေးငယ် ၂၁၅-ဦးတို့၏ ရုပ်ကြွင်းများကို အလားတူ တွေ့ရှိခဲ့ရပြီးဖြစ်သည်။
အမှတ်အသားမဲ့ သင်းချိုင်းရာများကို မြေပြင်ထိုးဖောက်ကြည့်ရှုနိုင်သည့် ရေဒါများအား အသုံးပြု၍ ပထမနိုင်ငံသား ဋ္ဌာနေတိုင်းရင်းသားများဖောင်ဒေးရှင်းနှင့် ကောင်းဝက်ဆက် ပထမနိုင်ငံသားအဖွဲ့တို့က ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်သည်။

…  
သုတေသနပြုသူများသည် စကင်ဖတ်ရှု့၍ ရုပ်အလောင်း ၇၅၁-လောင်းကို မှတ်တမ်းတင် စာရင်းသွင်းနိုင်ခဲ့ကြသော်လည်း မြေပုံကျင်းတစ်ခုတည်းတွင် တစ်ဦးထက်ပိုသော ရုပ်ကြွင်းများလည်းရှိခဲ့ကြောင်း၊ ထိုအတွက် နည်းပညာအကူအညီဖြင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ သချိုင်းရာများတွင် အရွယ်ရောက်သူများကိုလည်း မြှုပ်နှံခဲ့သည်ဟု ပါးစပ်ပုံပြင်များ ရှိခဲ့ကြောင်း ကောင်းဝက်ဆက်အဖွဲ့ အကြီးအကဲက ပြောဆိုသည်။

…  
စောစောပိုင်း၌ ကျောင်း-ကျောင်းသားများနှင့် ပတ်သက်သော မှတ်တမ်းများကို ထုတ်ပြန်ပေးရန် ဒေသခံနိုင်ငံရေးခေါင်းဆောင်တို့က ကက်သလစ်ကျောင်းတော်အား တောင်းဆိုခဲ့သည်။ ဒေသန္တရကျောင်းမြေများနှင့် သင်းချိုင်းနေရာများတွင် အမှတ်အသားမဲ့ သချိုင်းမြေပုံများကို ဆက်လက်ရှာဖွေရာ၌ လူ့အဖွဲ့အစည်းအတွင်း အတူတကွ လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ပြောဆိုသည်။

…     
ဋ္ဌာနေတိုင်းရင်းသားများ စာသင်ကျောင်းစနစ်ကို ကနေဒါအစိုးရ၏ ထောက်ပံ့ငွေဖြင့် ကက်သလစ်ကျောင်းတော်က ၁၉၉၀ နှောင်းပိုင်းအထိ ထိန်သိမ်းမောင်းနှင်ခဲ့သည်။ ကနေဒါနိုင်ငံတစ်ဝှမ်းလုံးတွင် ထိုကဲ့သို့သော စာသင်ကျောင်းအဖွဲ့အစည်း ၁၄၀ နီးပါးရှိခဲ့သည်။

 ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ရာသာသာအသစ် တို့ကို သင်ကြားရန်အတွက် ၎င်းတို့၏မိသားစုများထံမှ အတင်းအဓမ္မဆောင်ယူခြင်းခံရသည့် ဋ္ဌာနေတိုင်းရင်းသား ကလေးငယ် ၁၅၀,၀၀၀ ခန့်ကို စာရင်းပေးသွင်းခဲ့သည်။

အဆိုပါကျောင်းများတွင် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ပြင်းထန်ကျယ်ပြန့်စွာ ကျူးလွန်လျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

…  
အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကော်မရှင်၏ ၂၀၀၈ ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုများအရ ၎င်းကျောင်းများ၌ အစိုးရ၏ အလုံးစုံဝါးမြိုရေးမူဝါဒနှင့်အတူ ယဉ်ကျေးမှုလူမျိုးသုဉ်းပြုခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။

…   
တိုင်းရင်းသားကလေးများအတွက် မိသားစုများနှင့် ကွဲကွာစေပြီး အဖွဲ့အစည်းတစ်ခုအတွင်း သွတ်သွင်းလျှက် မုဒိန်းကျင့်ခြင်းနှင့် အကြမ်းဖက်ရိုက်နှက်ခြင်းများမှာ အမှန်တကယ်ရှိခဲ့ကြောင်း၊ မာရီဗဲလ်ဒေသန္တရ အင်ဒီးယန်းကျောင်း၌ ရှိနေစဉ် တစ်ည၌ ငယ်သံပါအောင် အော်ဟစ်လျှက် ဒရွတ်တိုက်ဆွဲထုတ်ခံရသည့် သူငယ်ချင်းတစ်ဦးရှိခဲ့ဖူးကြောင်း၊ ၎င်း၏ အမည်မှာ ဘရိုယန်ဟုခေါ်ပြီး ၎င်းကို နောက်ထပ်မတွေ့ရတော့ကြောင်း ယခင် ကျောင်းသားဟောင်းတစ်ဦးက ရင်ဖွင့်ပြောဆိုသည်။

…  
စာသင်ကျောင်းစံနစ် အလွဲပြုမှုများ၏ အမှးအယွင်းများကို ကနေဒါအစိုးရက ဝန်ခံအသိအမှတ်ပြုခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် နိုင်ငံတွင်းနေ ဒေသခံတိုင်းရင်းသားများတို့အား တရားဝင် တောင်းပန်ခဲ့သည်။

…  
ကနေဒါနိုင်ငံ၏ ဌာနေတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သူကမူ ဒေသန္တရ ကက်သလစ်ကျောင်းများ၏ အလွဲပြုမှု များအတွက် ပုပ်ရဟန်းမင်းကြီးအနေဖြင့် တရားဝင် တောင်းပန်သင့်ကြောင်း ၂၀၁၇-ခုနှစ် ကနေဒါဝန်ကြီးချုပ် နည်းတူ ကြာသပတေးနေ့၌ တောင်းဆိုသည်။

#ကနေဒါ_ရှေးဟောင်းဒေသန္တရကက်သလစ်ကျောင်း #ရာနှင့်ချီသော_အမှတ်အသားမဲ့သင်္ချိုင်းမြေပုံ
#ကနေဒါ_ဋ္ဌာနေတိုင်းရင်းသားများ

(((Russia Today., 24 Jun, 2021,” 751 unmarked graves found near former Catholic residential school in Canada, indigenous group reveals.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/527477-canada-indigenous-children-graves-saskatchewan/
https://www.rt.com/op-ed/512302-death-9000-infants-ireland/ 

Leave a Reply

Your email address will not be published.