ကနေဒါဝန်ကြီး အလိမ်ပေါ်၍ ရာထူးမှ နှုတ်ထွက်ရ။ Lockdown ချထားစဉ် ပြည်ပသို့ အားလပ်ရက် လှို့ဝှက်ခရီးထွက်။ လူမှုကွန်ယက်တွင် ပို့စ်အတုများတင်ကာ အဖြစ်မှန်ကို ဖုံးကွယ်ခဲ့။ ကပ်ရောဂါကာလ ကိုယ့်စည်းကမ်း ကိုယ်တိုင်ချိုးဖောက်သည့် အစိုးရအဖွဲ့ဝင်များ ကမ္ဘာတစ်ဝှန်း ရှိခဲ့

..  
ကနေဒါနိုင်ငံ #အွန်တာရီယိုပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ရော့ဒ်ဖိလစ်သည် ၎င်းနေထိုင်ရာ ပြည်နယ်၌ Lockdown တားဆီးပိတ်ဆို့များ ပြုလုပ်ထားစဉ် ဆောင်းလယ်အားလပ်ရက်အဖြစ် ကရစ်ဘီယန်သို့ တိတ်တဆိတ်သွားရောက်ခဲ့ကြောင်း ပေါ်ပေါက်လာသဖြင့် ရာထူးမှ နှုတ်ထွက်လိုက်ရသည်။ ဖိလစ်သည် လူမှုကွန်ယက်ပို့စ်အတုများ လွှင့်တင်ခြင်းဖြင့် ထိုသို့ ခရီးသွားနေသည့် အဖြစ်မှန်ကို ဖုံးကွယ်ခဲ့သည်ဟု Russia Today ယမန်နေ့ ရေးသားသည်။ ..  
ဘဏ္ဍာရေးဝန်ကြီး ပြည်ပခရီးထွက်မည်ကို မိမိအနေဖြင့် သတိမထားမိကြောင်း၊ တစ်စုံတစ်ယောက်က ပြောပြမှသာ လွန်ခဲ့သည့် ရက်သတ္တ ၂-ပတ်က “ #စိန့်ဘတ်ကျွန်း “ ၌ ရောက်ရှိနေခဲ့သည်ကို မိမိသိရှိကြောင်း၊ သို့သော်လည်း ပြန်လာရန် မတောင်းဆိုမိခဲ့ကြောင်း အွန်တာရီယိုပြည်နယ် ဝန်ကြီးချုပ် ဒတ်ခ်ဖို့ဒ်က သတင်းထောက်များ ရှေ့မှောက်တွင် ဝန်ခံရပြီး နောက်တစ်နေ့တွင် ဖိလစ်သည်လည်း ရာထူးမှ နှုတ်ထွက်လိုက်ရသည်ဆို၏။..    
ကြာသပတေးနေ့တွင် ဘဏ္ဍာရေးဝန်ကြီး ရော့ဒ်ဖိလစ်ခမျာ အမြီးကုပ်ကာ ကနေဒါသို့ ပြန်ရောက်လာသည်။ ၎င်းအနေဖြင့် ဆုံးဖြတ်ချက် ဆိုးရွားစွာ ချမှတ်မိကြောင်း၊ အလွန်မှားယွင်းပါကြောင်း၊ ဝမ်းနည်းနောင်တရမိပြီး ထိုအတွက် တောင်းပန်ပါကြောင်း အွန်တာရီယိုသို့ ပြန်ရောက်ပြီးနောက် CP24 မီဒီယာအား ပြောဆိုသည်။ ..  
ကနေဒါနိုင်ငံ တစ်ဝှန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုကာကွယ်ရန် စည်းကမ်းများ ချမှတ်ထားပြီး မလိုအပ်ပဲ ခရီးမသွားကြရန် တားမြစ်ထားသည်။ စိန့်ဘတ်ကျွန်းသို့ ဖိလစ်ထွက်ခွာသွားပြီး နောက်တစ်ရက် ဒီဇင်ဘာ ၁၄-ရက်နေ့တွင် အွန်တေရီယိုပြည်၌ ပိုမိုတင်းကြပ်သော Lockdown တားဆီးပိတ်ဆို့ခြင်းများ ချမှတ်ခဲ့သည်။ ..  
စိန့်ဘတ်ကျွန်းတွင် ရောက်နေသော ဖိလစ်သည် အွန်တာရီယိုတွင် ရှိနေဆဲဖြစ်လေဟန် Twitters တွင် ပို့်စ်များ ဆက်တိုက်တင်ခဲ့သည်။ ရေခြားမြေခြား ကာရစ်ဘီယန်တွင် အပန်းဖြေခရီးထွက်နေသည့် ဝန်ကြီးသည် ကနေဒါတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနေကြောင်း ဓါတ်ပုံများ လွှင့်တင်ခဲ့သည်။ အားလပ်ရက်၌ပင် ချစ် မြတ်နိုးရသူတို့နှင့်အတူ မဆုံတွေ့နိုင်သော ကနေဒါနိုင်ငံသား၏ဘဝဖြစ်အင်ကို ခရစ်စ်မတ်ညနေခင်းဗွီဒီယိုမက် ဆေ့ချ်တစ်ခု၌ ညည်းညူပြခဲ့သည်။ ..
ဒီဇင်ဘာ ၁၆-ရက်နေ့ ဗွီဒီယိုကွန်ဖရင့်တစ်ခု၌ ကနေဒါဥပဒေပြုအဆောက်အအုံ၏ ပုံရိပ်အတုကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဖိလစ်က ထည့်သွင်းထားသည်။ နောက်ခံပုံတွင် အစင်းလှိုင်းများ ပေါ်နေသည့်အတွက် စိတ်ဝင်စားသူများက သတိပြုမိသွားခဲ့သည်။ 
..
ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကာလအတွင်း ကိုယ်တိုင်ပြဋ္ဌာန်းသည့် တားဆီးကန့်သတ်ခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ကိုယ်တိုင်ချိုးဖောက်ကြသည့် အစိုးရအရာရှိများ ကမ္ဘာတစ်ဝှန်းလုံး၌ ရှိခဲ့ရာ ကဲ့ရဲ့လှောင်ပြောင်ခြင်း ခံရသည်။ .. #ဗြိတိန်ဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နီးလ်ဖာဂူဆန်၊ #အင်္ဂလန်ဝန်ကြီးချုပ်ရုံးလက်ထောက်အရာရှိ ဒိုမင်းနစ်ကမ်းမင်းစ်၊ #ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ် နှင့် အမေရိကန် အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ #နန်စီပလိုဆီ တို့မှာ လွန်ခဲ့သည့်နှစ်အတွင်း ကိုယ့်စည်းကမ်း ကိုယ်ချိုးဖောက်သူများအဖြစ် လက်ပူးလက်ကြပ် အမိခံရသူများဖြစ်သည်။..   
#တားဆီးပိတ်ဆို့စဉ်_ကာရစ်ဘီယန်သို့#ကနေဒါဝန်ကြီး_လျှို့ဝှက်အပန်းဖြေခရီးထွက် ..
((( Russia Today., 31 Dec, 2020,” Canadian minister resigns after lying about lockdown-defying Caribbean vacation.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။))) 
..
https://www.rt.com/news/511261-canada-minister-resigns-lockdown/ ..
https://www.rt.com/news/511177-ontario-minister-travel-covid-guidelines/ 

0

Leave a Reply

Your email address will not be published.