ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်၊ တက္ကနဖ်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူများအနက် ပြိုင်ဖက်ဒါးပြ ဂိုဏ်းသားများဟု ယူဆရသည့် ဒုက္ခသည်ဘင်္ဂါလီ နှစ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင့် လူ ၁-ဦး သေဆုံး ပြီး အခြား ၂-ဦး ဒါဏ်ရာရရှိသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။
လွန်ခဲ့သည့် စနေနေ့ ည ၀၉း၃၀ နာရီခန့်တွင် တက္ကနဖ်မြို့နယ် နှီလာယူနီယံရှိ နာရာပါယာဒုက္ခသည်စခန်းတွင် အခင်းဖြစ်ပွားခဲ့၍ သေဆုံးသူမှာ ဒါးပြတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ အလောင်းကို ဆေးစစ်ချက် ရယူရန် ကော့ခ်ဘဇားဆေးရုံသို့ ပို့ဆောင်ထားခဲ့ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်၍ အသေးစိတ်ပြောဆိုနိုင်ခြင်းမရှိ ကြောင်း သိရှိရသည်။
စခန်း၌ ခိုလှုံနေထိုင်သူများ ပြောပြချက်အရ ပြိုင်ဖက်အုပ်စု ၂-စုတို့အကြား သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်ကြပြီးနောက် ယခုကဲ့သို့ သေနတ်ထိမှန် သေဆုံးရခြင်းဖြစ်ကြောင်း၊ အခြားဒါဏ်ရာရရှိသူှ ဒုက္ခသည်ဘင်္ဂါလီ ၂-ဦးမှာ ရှမ်ရှူအလမ်နှင့် မိုဟာမက်ဖိုင်ဆယ်တို့ဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု သတင်း၌ ဆက်လက် ဖော်ပြသည်။
(( သိရှိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံအား နိုင်ငံတကာ တရားခုံရုံး ICJ ၌ Genocide Convention ဖောက်ဖျက်မှု့ဖြင့် တိုင်ကြားခြင်းခံရပါသည်။ Genocide မျိုးသုဉ်းပြုခဲ့ပြီး ခြိမ်းခြောက်မှု့များလည်း ရှိနေသဖြင့် မြန်မာနိုင်ငံအပေါ် Provisional measures (ယာယီကန့်သတ်ချက်) အမိန့်ကို ၄-လအတွင်း ချမှတ်ပေးပါရန် ဂမ်ဘီယာက လျှောက်ထားသည်။ Genocide သည်ဆိုခြင်းမှာ မီဒီယာများ ဖော်ပြချက်အရ အသတ်ခံရသူ လူ ၉,၀၀၀ ဟု၎င်း၊ ၇,၀၀၀ ကျော်ဟု၎င်း ကွဲပြားစွာ တွေ့ရှိရသည်။
၎င်းဖြစ်စဉ်သည် ၂၀၁၇-ခုနှစ် သြဂုတ်လ ၂၅-ရက်နေ့ ရခိုင်မြောက်ဖျား ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ နယ်ခြားစောင့် ရဲကင်း ၃၀ ကျော်ကို ARSA တို့ ဝင်ရောက်တိုက်ခိုက်ခြင်းမှ စတင်ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းခိုက် ဖြစ်ပွားသည်ဟု ဆိုပါသည်။
ရဲကင်းများကို လူအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခံရစဉ် တပ်မတော်နှင့် လုံခြုံရေးတပ်များ တုန့်ပြန်မှု့ကြောင့် သေဆုံးသူချည့်ပင် တပ်မတော်ထုတ်ပြန်ချက် တရားဝင် စာရင်းအရ လူ ၄၀၀ ခန့်ရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် လူအများအပြားသေဆုံးရာတွင် ARSA များလည်း ပါဝင်နိုင်ဖွယ်ရှိပြီး စစ်ပွဲနှင့်ပတ်သက်ခြင်းမရှိသော အရပ်သား သို့မဟုတ် ARSA နှင့်ပတ်သက်သူ မည်ရွေ့မည်မျှသေဆုံးသည်ဆိုခြင်းကို အတိအကျ သိနိုင်သူများအနက် ARSA ခေါင်းဆောင်လုပ်သူများလည်း ပါဝင်သည်။
ကော့ခ်ဘဇား ဒုက္ခသည်စခန်းအတွင်း ARSA ရောနှောလျှက်ရှိသည်ဟု အိန္ဒိယသတင်းစာများက ရေးသားကြသည်။ မလေးရှားတွင် ARSA နှင့်ပတ်သက်သူများ ဖမ်းဆီးရမိသည်ဆိုခြင်းမှာ ရခိုင်မြောက်ဖျားတွင် နေထိုင်ခဲ့ဖူးသူများ ကော့ခ်ဘဇားဒုက္ခသည်စခန်းနှင့် ဆက်နွယ်လျှက်ရှိသူများ ဖြစ်ပါသည်။ သို့သော် ဘင်္ဂလားဒက်ရှ် နယ်မြေတွင် ARSA လုံးဝမရှိကြောင်း ရှိတ်ဟာစီနာ အစိုးရက အစဉ်တစိုက် ငြင်းဆိုသည်။ ဘင်္ဂလားဒက်ရှ် သတင်းစာများကလည်း လုံး၀ မရေးကြပါ။ ဒုက္ခသည်စခန်းအတွင်း လူသတ်မှု၊ ခိုက်ရန်ဖြစ်ပွား ဒါဏ်ရရရှိမှု့ အားလုံးတို့မှာ ဒုက္ခသည်ဘင်္ဂါလီအချင်းချင်း မြန်မာပြည်ဖက်၌ရှိစဉ် ရန်ငြိုး ရန်စကြောင့်သာဖြစ်ကြောင်း သတင်းရေးကြသည်။
လွန်ခဲ့သော နိုဝင်ဘာလဆန်းပိုင်းတွင် ARSA ခေါင်းဆောင် အတ္တားအူလာ ပျောက်ဆုံးနေကြောင်း သတင်းထွက်ပေါ်သည်။ ပြိုင်ဖက်တို့က အတ္တားအူလာ၏ လက်နှစ်ဖက်ကို ဖြတ်တောက်ပစ်သည်ဟုပင်ကြားရသည်။
ထို့ပြင် Arakan Rohingya Society for peace & Human Rights ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာဆိုသူများအသင်း ( ARSPH ) ကို ဘင်္ဂလားဒက်ရှ်အစိုးရက ချိတ်ပိတ်လိုက်ကြောင်း VOA ( ဒီ-၀၇-၂၀၁၉ ) က ဖော်ပြပါသည်။ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အဖွဲ့၏ လှုပ်ရှားမှု့အားလုံး ရပ်ဆိုင်းထားရန်လည်း တားဆီးလိုက်ပါသည်။
ARSPH ၏ ဥက္ကဋ္ဌ မိုဟီဘူလာ ( မူဟစ်အူလာ) သည် လွန်ခဲ့သည့် သြဂုတ် ၂၅-ရက် ဘင်္ဂလားဒက်ရှ် အူခီယာ ဒုက္ခသည်စခန်းတွင် ဘင်္ဂါလီများ အစုအပုံလိုက် ထွက်ပြေးရခြင်း၂-နှစ်ပြည့်အထိန်းအမှတ်ပွဲကျင်းပရာ၌ ဦးဆောင်ခဲ့သူဖြစ်သည်။ အခန်းအနားကို အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်နွယ်သော ပါကစ္စတန်အခြေစိုက် အယ်လ်ခစ်မက်ဖောင်ဒေးရှင်း Al-Khidmat Foundation က ဦးဆောင်စီစဉ်ပေးခဲ့ကြောင်း၊ မိုဟီဘူလာ ( မူဟစ်အူလာ) သည် ၎င်းတို့လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားဖြစ် သည်ဟု အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်မီဒီယာများက ရေးသားကြပါသည်။
အဆိုပါအခန်းအနား ကျင်းပပြီးနောက် မိုဟီဘူလာ ( မူဟစ်အူလာ) တစ်ယောက် မတွေ့ရတော့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ARSPH ၏ Facebook စာမျက်နှာမှာလည်း အောက်တိုဘာ ၂-ရက်နေ့ နောက်ပိုင်း ထပ်မံလွှင့်တင်ခြင်း မတွေ့ရတော့ပေ။ ထိုမှ ARSPH ရုံးခန်း ချိတ်ပိတ်ခံရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))
((( Dhaka Tribune., December 7th, 2019, “Rohingya killed in Cox’s Bazar ‘gunfight’.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.dhakatribune.com/bangladesh/nation/2019/12/08/rohingya-killed-in-cox-s-bazar-gunfight