ကျွန်တော်တို့ ဇာတ်ကြီး ဆယ်ဘွဲ့ ” တေမိယဇာတ်တော် ” ကြားဖူး ဖတ်ဖူးကြမှှာပါ။ ဘုရင့်သားပေမဲ့ တေမိမင်းသား လူ့ဘဝရတာ ရှင်ဘုရှင်လုပ်ဖို့ မဟုတ်ဖူးဗျ။ဘုရားဖြစ်ဖို့ ပါရမီဖြည့်ဆည်းရအောင် လာတဲ့ ဘုရားလောင်း ကိုး ….

ကျွန်တော့် ဖွတ်စဖုတ် Htay Oung , Oung Marine အကောင့်ပြန်ရတာ ၃ ရက် မပြည့်သေးဖူးဗျ။ သို့သော် စာရေးတဲ့သူဆိုတာ ရေးစရာမြင်ရင် ဘယ်လိုမှ မအောင့်နိုင်ဖူးရယ်ကျကာမှ ကျရော
အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

========================


အကြမ်းဖက်ဥပဒေဖြင့်ပြည်ထဲရေးမှတရားစွဲဆိုခြင်းကို လူအများက NLDအစိုးရသာထင်မြင်နေကြောင်း မုံရွာအောင်ရှင်ပြော
အကြမ်းဖက်တိုက်ဖျက်ရေးဥဒေဖြင့်ပြည်ထဲရေးမှတရားစွဲဆိုခြင်းကို လူအများက NLDအစိုးရသာထင်မြင်နေကြောင်း NLDပြန်ကြားရေးကော်မတီအတွင်းရေးမှူးမုံရွာအောင်ရှင်ကပြောကြားလိုက်သည်။
ရခိုင်လက်နက်ကိုင်အဖွဲ့AAကိုအကြမ်းဖက်အုပ်စုနှင့်မတရားသင်းအဖြစ်ပြီးခဲ့သည့်မတ်လ၂၃ရက်ကအစိုးရမှကြေညာထုတ်ပြန်ခဲ့ပြီးနောက်AAအဖွဲ့အားဆက်သွယ်ခဲ့ခြင်းအတွက်သတင်းမီဒီယာသမားအချို့အားအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်ဖမ်းဆီးအမှုဖွင့်နေသည့်အပေါ်မုံရွာအောင်ရှင်ကအထက်ပါအတိုင်းPeople Mediaသို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
“ပြည်ထဲရေးကတရားစွဲတာလူတွေကတော့ထစ်ကနဲရှိNLDအစိုးရပေါ့ဗျာ။တချို့ကလည်းဒီမိုကရေစီခေတ်မှာမဖြစ်သင့်ဘူးတို့၊အမျိုးသားပြန်လည်သင့်မြတ်ရေးကိုထိခိုက်နိုင်တယ်တို့ ငြိမ်းချမ်းရေးကိုထိခိုက်နိုင်တယ်တို့ပြောဆိုကြတယ်”ဟု မုံရွာအောင်ရှင်ကပြောသည်။
ထို့အပြင်သတင်းသမားများကိုအကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်ခြင်းသည်ပြင်းထန်လွန်းကြောင်း၊အရေးမယူမီသတင်းမီဒီယာကောင်စီနှင့်တိုင်ပင်သင့်ကြောင်း၊သတင်းမီဒီယာသမားများအနေဖြင့်AAအဖွဲ့ကို အားပေးထောက်ခံသည့်ပုံစံဖြင့်ဆက်သွယ်ခြင်းမျိုးသို့မဟုတ် ပြည်သူကိုသတင်းအချက်အလက်ပေးရန်ဆက်သွယ်ခြင်းမျိုးစသည်တို့ကို သုံးသပ်သင့်ကြောင်းလည်း၎င်းကဆိုသည်။
သတင်းမီဒီယာသမားများအားယခင်ကတရားစွဲဆိုခြင်းများရှိသော်လည်းနှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့်အကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်ခြင်းသည် ပထမဆုံးအကြိမ်လည်းဖြစ်ပြီး လက်ရှိတွင်သတင်းမီဒီယာနှစ်ခုမှသတင်းသမားများကိုအမှုဖွင့်ထားသည်။
#PeopleMedia
https://www.facebook.com/People-Media-1120229281493723

0

Leave a Reply

Your email address will not be published.