ကျွန်တော်တို့ လက်ရှိဖြစ်နေသည့် ပြဿနာ အခက်အခဲမှာ ကိုယ်သိရှိ – ကိုယ်လိုချင်ရာကိုသာ တစ်ထစ်ချ မှတ်ယူ-ပြောဆိုနေကြပြီး နောက်ဆက်တွဲနှင့် ဆန့်ကျင်ဘက်များ ရှိနိုင်သည်ကို ထည့်သွင်း မစဉ်းစားခြင်းပင်ဖြစ်သည်။

လောလောဆယ်တွင် ကျွန်တော်တို့ လက်ရှိဖြစ်နေသည့် ပြဿနာ အခက်အခဲမှာ ကိုယ်သိရှိ – ကိုယ်လိုချင်ရာကိုသာ တစ်ထစ်ချ မှတ်ယူ-ပြောဆိုနေကြပြီး နောက်ဆက်တွဲနှင့် ဆန့်ကျင်ဘက်များ ရှိနိုင်သည်ကို ထည့်သွင်း မစဉ်းစားခြင်းပင်ဖြစ်သည်ဟု ယုံကြည်ပါသည်။

..

..

ဥပမာအားဖြင့် … ဂျင်နရေတာ ( မီးစက် ) မောင်းလျှင် လျှပ်စစ်မီး ရသည်ဟုသာ သိရှိကြပြီး ထိုသို့ မီးစက်မောင်းနှင်ခြင်းကြောင့် အသံဆူညံခြင်း၊ အဆိပ်ငွေ့များ ထွက်ခြင်း၊ မီးစက်အတွက် လိုအပ်သော လောင်စာဆီများ ဝယ်ယူရခြင်း၊ ထိုလောင်စာဆီများ သိုလှောင်ရသည့်အတွက် မီးဘေးအန္တရာယ်ရှိခြင်း၊ စက်ပစ္စည်း ဖြစ်၍ ပျက်တတ်သည့် သဘာဝရှိပြီး ပြင်ဆင်ရန် လိုအပ်နိုင်ခြင်း .. စသည်တို့ကို ထည့်သွင်း မစဉ်းစားခြင်းမျိုး ဖြစ်သည်။

..

 ..

ထိုသို့သိုလျှင် လိုအပ်၍ မီးစက်တစ်လုံးပိုင်ဆိုင်ရန် မီးသတ်ဋ္ဌာနနှင့် ကြိုတင်ဆက်သွယ်ရမည်လား၊ မက္ကင်းနစ် တစ်ယောက်လို စက်ပြင်တတ်မှာ မီးစက်သုံးရတော့မည်လားဟု ဦးနှောက်ခြောက်ရန် မလိုပါ။

..

..

မည်သူမျှ စွယ်စုံကျမ်း အလွတ်ကျက်ထားသလို အရာရာတွင် သိရှိနားလည်နိုင်ခြင်း မရှိပါ။ နောက်ဆက်တွဲ များကို အထိုက်အလျှောက် စဉ်းစားမိပြီး မီးလောင်ခဲ့လျှင် မီးငြိမ်းသတ်ရန် မီးသတ်ဆေးဗူးလောက်တော့ ရှိသင့်ပြီး စက်ပျက်လျှင် မည်သည့်နေရာသို့ ပို့ရမည်ကို သိရှိထားရန် လိုအပ်မည်ဖြစ်သည်။

..

..

ဘောလုံးပွဲတစ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားသည် ဆိုကြပါစို့ .. အနည်းဆုံး ဘောလုံး အသင်း တစ်သင်းစာ လူအရေအတွက် ရှိရပါမည်။

..

..

ထိုသူတို့သည် ဘောလုံးကစားတတ်ပြီး၊ ဘောလုံးကစားပွဲ စည်းကမ်း-ဥပဒေများကို နားလည်သိရှိသူ ဖြစ်ရပါမည်။ ထို့ပြင် ပွဲစဉ်အားလုံး၌ ယှဉ်ပြိုင်ကစားနိုင်မည့် လေ့ကျင့်မှုနှင့် သက်လုံရှိသူများ ဖြစ်ရပါမည်။

..

..

စသည့် လိုအပ်ချက်များနှင့် ပြည့်စုံလျှင် ဘောလုံးပွဲဝင်ရောက်ယှဉ်ပြိုင်ရန် Standard နှင့် ညီညွတ်မည်ဖြစ်သည်။

..

..

အကယ်၍ အဆိုပါ အချက်များအနက် တစ်ခုလောက် ချို့ယွင်း-ပျက်ကွက်သွားလျှင် Sub-Standard ဖြစ်သွားသည်။

..

..

အားနာနာနှင့် ပြောရလျှင် စံမမီ- ကျပ်မပြည့် ဖြစ်သွားရလေသည်။

..

..

ထို့ကြောင့်လည်း ရိုသေလေးစားထိုက်သည့် ပုဂ္ဂိုလ်၊ ထေရ်ကြီးဝါကြီး ရဟန်းတော်များမရှောင် စော်ကားခြင်း၊ မိမိတို့အပေါ် ဝေဖန်သည်ဟု ထင်မှတ်လျှင် စစ်ခွေး၊ ဘောမ၊ အရိုးကိုက်၊ mုNားကုန်း၊ နီပိန်းဟု #အလွယ်တကူ ဆိုင်းဘုတ်ချိတ် ကင်ပွန်းတပ် ဆန့်ကျင်ကြခြင်းဖြစ်သည်။ #ဘာအကြောင်းပြချက်မှမရှိပဲ #ရှိလျှင်လည်း နားမထောင်ပဲ ဗလာချီ ပျစ်ပျစ်နှစ်နှစ် ဆဲရဲကြခြင်း ဖြစ်တော့သည်။

..

..

ထိုသို့ .. ဆဲရင်း ဆဲရင်း ဆင်းရဲ ကုန်ကြလေသတည်း။

..

..

အစဉ်လေးစားစွာဖြင့်

..

#HtayOung, #OungMarine

Leave a Reply

Your email address will not be published.