
မနေ့ကစပြီး Facebook မှာ တွေ့ရတဲ့ “ တပ်မတော်၏ စစ်သုံးစရိတ် တောင်းခံမှုကိုဖြတ်တောက်ကြောင်း ကြေညာအပြီး နာရီဝက်အကြာ၊ ICJ ရောက် မြန်မာအစိုးရကို အမှုသည်အဖြစ် လွှဲပြောင်းရယူရန် ICC ပြင်ဆင် “ ကြောင်း သတင်းမှာ ရှေ့နောက်ကိုက်ညီခြင်း မရှိ- အထောက်အထားလည်း မခိုင်လုံ- ဆက်စပ်သတင်းလည်း ရှာမတွေ့ပါ ခင်ဗျာ…
မူရင်း ပို့စ်ရေးသားသူ ပြောတဲ့အတိုင်း မြန်မာလွှတ်တော်ဆုံးဖြတ်ပြီး နာရီဝက်အတွင်းဆိုလျှင် ICC, ICJ ရုံးစိုက်ရာ နယ်သာလန်မှာ နံနက်အရုံတက်ချိန်လောက်သာရှိပါဦးမယ်။ ရုံးမဖွင့်သေး လင်းဆွဲလေး ဆွဲနေလောက်တဲ့ အချိန်ပါ။
ကိုးကားချက်များကို လိုက်ကြည့်တဲ့အခါ ရိုလော်ဘီထင်ရတဲ့ Arif Kassim ဆိုသူ ၂၅ ရက်နေ့က ရေးသားထားတာကို ကိုးကားထားပါတယ်။ Arif Kassim့လည်း ၂၄-မေ မဇ္ဈိမ ( အင်္ဂလိပ်ဘာသာ ) ကို ကိုးကား ပြန်ပါတယ်။ လွှတ်တော်မှာ တပ်မတော်စစ်သုံးစရိတ် ဆွေးနွေး-အတည်ပြုတာ မေ-၂၇ ရက်နေ့ပါ။
မူရင်းတင်သူဟာ ဘယ်သူ ဘယ်ဝါနဲ့ ကျောင်းနေဖက်ဖြစ်ကြောင်း ပြောဆိုပြီး အမျိုးသမီး ချောချော ကိတ်ကိတ် အကောင့်များကို Tag တွဲလေ့ရှိကြောင်း သိရပါတယ်။ ကျွန်တော်တော့ ထောင်ချောက်တစ်ခုလို့ မြင်ပါတယ်။
သတိထားမိတာက အဲဒီလို သတင်းတု- သတင်းလိမ် ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာများကို ဓါတ်ပုံ-Links များနဲ့ ရေးသား ဖြန့်ဝေခြင်းဟာ အုပ်စုလိုက်ရှိနေပါတယ်။ “ သတင်းတုလဲ အကျိုးပြုပါတယ် “ လို့ အတုမှန်း သိသော်လည်း အားရပါးရ ရှယ်နေကြတာ တွေ့ရပါတယ်။ Links များကို လိုက်ဖွင့်ကြည့်လျှင် မဆိုင်တာများဖြစ်နေပါတယ်။
အမှန်မသိလို့ ရိုးရိုးသားသား မှားလျှင် ကိစ္စမရှိပါ။ တစ်ကြိမ်ပြီး တစ်ကြိမ် တမင်ရည်ရွယ်လုပ်တယ်ဆိုရင်တော့ အုပ်စုတစ်စုလုံးမှာ တာဝန်ရှိပါတယ်။
ဆက်စပ် အမှန်အချက်အလက်များကို Link များအဖြစ် ဖော်ပြထားပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
==========
Arif Kassim
25 May at 06:29 •
https://www.facebook.com/arif.kassim.9
====
မဇ္ဈိမ ၂၅-မေ၊ ၂၀၂၀
http://enews.mizzima.com/?download=mizzima-digital-newspaper-25-may-2020
မဇ္ဈိမ ၂၄-မေ၊ ၂၀၂၀ ( အင်္ဂလိပ် )
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု့များအား ကာကွယ်ရန် စွမ်းဆောင်နိုင်စွမ်းမရှိခြင်းကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ၏အမှု့ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC သို့ လွှဲပြောင်းပေးသင့်ကြောင်း ICJ အထွေထွေအတွင်းရေးမှူး Sam Zarifi က ပြောဆိုသည်။