ခန့်မှန်းရခက်သော ဒေါ်နယ်ထရမ့်အား တရုတ်တို့က မဲရှုံးစေလိုဟု အမေရိကန် ထောက်လှမ်းရေးပြောဆို။ လာမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တရုတ်က ဒေါ်နယ်ထရမ့်အား အရေးနိမ့်စေလို၍ ရုရှားက ပြိုင်ဘက် ဂျိုးဘိုင်ဒင်အား ရှုံးနိမ့်စေလို

 လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ တရုတ်နိုင်ငံက သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများကို တိုးမြှင့်ခဲ့ပြီး လက်ရှိသမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်မှာ ကြိုတင်ခန့်မှန်းရခက်သဖြင့် ရှုံးနိမ့်သည်ကို တွေ့မြင်လိုကြောင်း အမျိုးသားတန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာမှ ဒါရိုက်တာ ဝီလျံ အီဗန်နီနာက ပြောကြားသည်ဟု AFP က ယနေ့ရေးသားသည်။ 


အမေရိကန်၏ မူဝါဒပတ်ဝန်းကျင်ကို ပုံဖော်ရန်အတွက် ရွေးကောက်ပွဲမတိုင်မီ ၎င်း၏ သြဇာလွှမ်းမိုးမှုကို တရုတ်က တိုးချဲ့လျှက်ရှိကြောင်း၊ ၎င်းအပေါ် ဝေဖန်မှုများအား လျှော့ချရန်နှင့် တန်ပြန်ရန်အတွက် တရုတ်၏ အကျိုးစီးပွားကို ဆန့်ကျင်ပုံရသည့် နိုင်ငံရေးထင်ပေါ်ကျော်ကြားသူတို့အား ဖိအားပေးလျှက်ရှိကြောင်း ထောက်လှမ်းရေးဒါရိုက်တာဖြစ်သူက ပြောဆိုသည်။ 

  
ဒေါ်နယ်ထရမ့်၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအား ကိုင်တွယ်ပုံကို တရုတ်က ဝေဖန်ရှုတ်ချခြင်း၊ ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်က ပိတ်ပစ်ခြင်း၊ ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ်၌  တရုတ်ဆောင်ရွက်မှုများအပေါ် ဒေါ်နယ်ထရမ့်အစိုးရ၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ တရုတ်၏ဝေဖန်မှုများမှာ အသိသာဆုံးဖြစ်သည်ဆို၏။ 

  
၎င်းအားထုတ်မှုများမှာ အမေရိကန် သမ္မတရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်နိုင်သည်ကို တရုတ်အစိုးရက ကောင်းစွာ သိရှိထားကြောင်း၊ တရုတ်က ခြိမ်းခြောက်လျှက်ရှိကြောင်း မိမိတို့၏ သတိပေးချက်ကို သမ္မတထရမ့်က စိတ်ပါဝင်စားစွာ နားထောင်ကြောင်း၊ သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် ဂျိုးဘိုင်ဒင်အား ရှုံးနိမ့်ရခြင်းဖြင့် အမေရိကန်အပေါ် အောင်ပွဲဆင်ရာ ရောက်လိမ့်မည်ဟု တရုတ်က စိတ်ကူးယဉ်လျှက်ရှိကြောင်း၊အီရန်ကလည်း လူမှုကွန်ရက်ဆိုင်ရာအချက်အလက်များကို အသုံးပြု၍ အမေရိကန်အား ဝေဖန်ကာ ဒေါ်နယ်ထရမ့်အား ထိုးနှက်လျှက်ရှိကြောင်း၊  

ရုရှားကမူ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်၏ မဲဆွယ်စည်းရုံးရေးကို ပျက်ပြားစေရန် ဝင်ရောက်စွက်ဖက်လျှက်ရှိကြောင်း၊ ရုရှားအနေဖြင့် ယခင် ဒုတိယသမ္မတဟောင်းဘိုင်ဒင်အား ရုရှားဆန့်ကျင်ရေး အဖွဲ့အစည်းအဖြစ်ရှုမြင်သည့်အတွက် အဓိကအားဖြင့် အပုပ်ချ ဝေဖန်သည့် နည်းလမ်းများစွာတို့ကို အသုံးပြုလျှက်ရှိကြောင်း၊ ဂျိုးဘိုင်ဒင် ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့သည့် အိုဘားမားအစိုးရလက်ထက်၌ ယူကရိန်းနိုင်ငံဆိုင်ရာ မူဝါဒနှင့် ရုရှားနိုင်ငံအတွင်းရှိ ပူတင်ဆန့်ကျင်ရေးအတိုက်အခံများအပေါ် ထောက်ခံမှုများအတွက် ရုရှား၏ လူသိရှင်ကြားဝေဖန်မှုများတွင် တွေ့ရှိနိုင်ပါကြောင်း ဝီလျံအီဗန်နီနာက ပြောဆိုသည်။ 


ရုရှားက ၎င်းအား နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်တင်မြှောက်စေလိုကြောင်း အမေရိကန်ထောက်လှမ်းရေး၏ သတိပေးချက်ကို  ဒေါ်နယ်ထရမ့်က လက်မခံနိုင်ကြောင်း၊ အမေရိကန်ခေါင်းဆောင်များတွင် သူ့လောက် ရုရှားအပေါ် သဘောထားတင်းမာသူ မရှိဟု ဆိုကြောင်း၊ ဘယ်သူ ဘယ်သို့ပြောဆိုသည်ဟု အမေရိကန်ထောက်လှမ်းရေးက သတိပေးသော်လည်း မိမိအနေဖြင့် ဂရုစိုက်မည်မဟုတ်ကြောင်း တုန့်ပြန်ခဲ့သည်ဟု သိရှိရသည်။ 

  
သို့သော် မည်ကဲ့သို့သော ခြိမ်းခြောက်မှုများဖြစ်သည်ဆိုခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းများကို စောင့်ကြည့်နေသည့် ထိပ်တန်းထောက်လှမ်းရေးအရာရှိ အီဗန်နီနာက အသေးစိတ်မပြောဆိုခြင်း မရှိချေ။ 


၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံမှ အင်အားကောင်းသော ဟက်ကာများနှင့် လူမှုကွန်ရက် လှု့ံ့ဆော်ရေးအစီအစဉ်များက ဟီလာရီကလင်တန်အပေါ် ဒေါ်နယ်ထရမ့်အနိုင်ရရှိစေရန် ကူညီခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးတို့က စွပ်စွဲခဲ့သည်။ 

  
အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲများတွင် သြဇာလွှမ်းမိုးစေရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် ပြည်ပမှ အားထုတ်မှုများသည် အမေရိကန်၏ ဒီမိုကရေစီဖွဲ့စည်းတည်ဆောက်ပုံအား တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ကြောင်း အမျိုးသားတန်ပြန်ထောက်လှမ်းရေးနှင့်လုံခြုံရေးစင်တာမှ ဒါရိုက်တာ ဝီလျံအီဗန်နီနာက ပြောဆိုသည်။ 

(( ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိပါသည်။ အင်အားကြီးနိုင်ငံတို့သည် တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ ဖြစ်နိုင်-မဖြစ်နိုင်။ ထိုသို့ စွက်ဖက်ခြင်းမရှိသော ကမ္ဘာကြီးတွင် အထူးသဖြင့် စစ်ရေး၌ ထိပ်တိုက်တွေ့စရာ ရှိ-မရှိ၊ တစ်နွယ်ငင် တစ်စင်ပါလျှက် အုပ်စုဖွဲ့စရာ လို-မလိုတို့ဖြစ်သည်။     ။သတင်းဘာသာပြန်သူ ))

#အမေရိကန်သမ္မတရွေးကောက်ပွဲ_တရုတ်_ရုရှား 


((( Dhaka Tribune., 8 August 2020, “ US intelligence: China wants unpredictable Trump to lose election.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

 https://www.dhakatribune.com/world/north-america/2020/08/08/us-intelligence-china-wants-unpredictable-trump-to-lose-election

0

Leave a Reply

Your email address will not be published.