ခိုရတ်ရှော့ပင်းစင်တာနှင့် လူအစုအပုံလိုက် ပစ်သတ်ခဲ့သူ ထိုင်းစစ်သားကို အသေဖမ်းဆီး။

ထိုင်းနိုင်ငံ အရှေ့ပိုင်း ခိုရတ်ဟုလူသိများသော နာခွန်ရတ်ချာစီမာမြို့ ” တာမင်နယ်တွမ်တီဝမ်းရှော့ပင်းစင်တာတွင် ဒါးစာခံများဖမ်းဆီး၍ ၁၇-နာရီကြာ ပုန်းအောာင်းနေသော ထိုင်းစစ်သားကို ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက အသေဖမ်းဆီးလိုက်သည်ဟု Bangkok Post က ယနေ့ရေးသားသည်။

စနေနေ့မွန်းလွဲပိုင်းတွင် ထိုင်းတပ်မတော် ဆူရတ်သမ်ပီသပ်တပ်မှ အသက် ၃၂-နှစ်အရွယ် တပ်ကြပ်ကြီး ဂျာကရာပန် သွန်မာအမည်ရှိသူသည် ၎င်း၏တပ်မှူးနှင့် အခြား ၂-ဦးကို ပစ်သတ်ပြီးနောက် စစ်တန်းလျှားမှ လက်နက်ကြီး-ငယ်များခိုးယူ ထွက်ပြေးရာမှ ယခုအဖြစ်အပျက်စတင်သည်။

သေနတ်သမားသည် ထွက်ပြေးရာလမ်းတစ်လျှောက် ရဲတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ အရပ်သားများကို သေနတ်ဖြင့် ဒလကြမ်းပစ်ခတ်ခဲ့ပြီး “ကိုရတ်တာမင်နယ်တွမ်တီဝမ်းရှော့ပင်းမောလ် ” သို့ ရောက်ရှိလာခဲ့သည်။

ထိုင်းစစ်သားသည် ၎င်း၏ တွေ့ရာပစ်သတ်ခဲ့သော လှုပ်ရှားမှုများကို Selfie ရိုက်ကူး၍ Facebook တွင် Live Video လွှင့်တင်ခဲ့သည်။ ထိုနောက် ဒါးစာခံများဖမ်းဆီး၍ ရှော့ပင်းမောလ်အတွင်း ပုန်းအောင်းနေသည်။

ယမန်နေ့ ညပိုင်းတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ရှော့ပင်းမောလ်မြေညီထပ်ကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး နောက်ထပ် လူသေအလောင်း ၄-လောင်းကို တွေ့ရှိရပြီး လူပေါင်းများစွာကို ကယ်ထုတ်နိုင်ခဲ့သည်ဆို၏။

တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ရှော့ပင်းမော်လ်အတွင်း ပစ်ခတ်သံနှင့် ပေါက်ကွဲသံများကြားရပြီး ရှော့ပင်းစင်တာ မြေညီထပ် Foodland supermarket အနီးတွင် ထိုင်းစစ်သား ဂျာကရပန်အား အသေဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

ပစ်ခတ်မှု့ဖြစ်ပွားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၁-ဦးသေဆုံးပြီး အခြား ၁-ဦး ဒါဏ်ရာရရှိကြောင်း၊ ဖြစ်စဉ်အတွင်း ဂျာကရာပန်လက်ချက်ဖြင့် သေဆုံးသူ ၂၅-ဦးရှိ၍ ၃၁-ဦးဒါဏ်ရာရရှိခဲ့ကြောင်း ရှော့ပင်းစင်တာတွင် လူအချို့ ပိတ်မိနေခဲ့ပြီး စိုးရိမ်ထိတ်လန့်လျှက်ရှိသော်လည်း အခြေအနေအရပ်ရပ်ကို တည်ငြိမ်စွာထိန်းသိမ်းထားနိုင်ပြီး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

((( Bangkok Post., 9 FEB 2020, “ Mass shooter killed at Terminal 21 in Korat. “ ကို #HtayOung, #OungMarine ဆီလျှော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။ )))

#ထိုင်းနိုင်ငံခိုရတ်ရှော့ပင်းစင်တာလူအစုအပုံလိုက်ပစ်သတ်ခံရ

https://www.bangkokpost.com/thailand/general/1853804/mass-shooter-killed-at-terminal-21-in-korat

https://www.bangkokpost.com/thailand/general/1853334/20-killed-as-soldier-opens-fire-in-korat

0

Leave a Reply

Your email address will not be published.