ဂျာကာတာ အာဆီယံထိပ်သီးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့တွေ့ဆုံ။ မြန်မာသို့ လာခွင့်ပြုရန် အထူးကိုယ်စားလှယ်၏ တောင်းဆိုချက် စစ်ခေါင်းဆောင် အကြောင်းမပြန်။ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်ဖွယ်ရှိသည့် အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟောင်းဆိုသည်မှာ


[ဘန်ကောက်] စနေနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပသည့် အာဆီယံခေါင်းဆောင်များ၏ အထူးထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် မြန်မာစစ်အစိုးရအကြီးအကဲ #ဗိုလ်ချုပ်မှူးကြီး_မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း ဒေသဆိုင်ရာ အကြီးတန်းသံတမန်များက ပြောဆိုသည်ဟု Nikkei Asia က ယနေ့ရေးသားသည်။

…   
#အထူးကိုယ်စားလှယ်_ခရစ်စတင်း_ရှာရန်နာ_ဘာဂီနာနှင့် တွေ့ဆုံစဉ် နိုဝင်ဘာလရွေးကောက်ပွဲတွင် မဲမသမာမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၁-ရက်နေ့၌ တိုင်းပြည်ကို ထိန်းသိမ်းခဲ့ရကြောင်း စစ်အစိုးရအကြီးအကဲက ခုခံကာကွယ်ပြောဆိုသည်။ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် အထူးကိုယ်စားလှယ်က တောင်းဆိုသော်လည်း စစ်အစိုးရအနေဖြင့် ဝင်ရောက်ခွင့်ပြုမည့်ကိစ္စကို ချက်ချင်းဖြေကြားခြင်းမရှိသေးကြောင်း အာဆီယံသတင်းရပ်ကွက်များအဆိုအရ သိရှိရသည်။

…   
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှာရန်နာဘာဂီနာကလည်း မှတ်ချက်ပေးရန် ငြင်းဆိုသည်။

…   
ထိုင်း၊ ဂျာမနီနိုင်ငံနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရှာရန်နာဘာဂီနာသည် ထိုင်းနိုင်ငံမှ ဂျာကာတကာသို့ ထွက်ခွာမလာမီ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သည်။ မကြာမီ ကျင်းပမည့် အစည်းအဝေးများအတွက် အရှေ့တောင်အာရှတွင် ဆက်လက် နေထိုင်ဖွယ်ရှိသည်။

…   
အာဆီယံအစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် ကုလအထူးကိုယ်စားလှယ်အား တွေ့ဆုံရန် စစ်အစိုးရအကြီးအကဲက သဘောတူညီခြင်းမှာ အားတက်စရာပင်ဖြစ်ကြောင်း အစည်းအဝေးနှင့် နီးစပ်သူဒေသတွင်း သံတမန်များက ပြောဆိုသည်။ အရပ်သား ၇၅၀ ကျော်သေဆုံးခြင်း ၄,၄၇၀-ဦးထက်မနည်းကို ဖမ်းဆီးခြင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအစိုးရခေါင်းဆောင်များအား ထိန်းသိမ်းခြင်းတို့အတွက် တာဝန်ရှိသည့် (အဖွဲ့အစည်းကို ) အစည်းအဝေးဖိတ်ကြားခြင်းဖြင့် #တရားဝင်_အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရစေရန် အထောက်အကူဖြစ်စေသည်ဟု ဝေဖန်သူများ၏ စွပ်စွဲချက်များကို ၎င်းတို့က ငြင်းပယ်ခဲ့သည်။

…   
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမှာ သံတမန်ရေးအောင်ပွဲတစ်ခု ဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်စာချုပ်အရ အဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတွင် အစိုးရပိုင် သတင်းမီဒီယာတို့က တနင်္ဂနွေနေ့၌ ဖော်ပြခဲ့သည်။

အခြားအကြောင်းအရာအနေဖြင့်မူ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ #ဟတ်ဆန်_ဝီရရူဒါအား #မြန်မာနိုင်ငံဆိုင်ရာ_အာဆီယံအထူးကိုယ်စားလှယ် အဖြစ် ရွေးချယ်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံက စဉ်းစားလျှက်ရှိသည်ဟု သတင်းထွက်ပေါ်သည်။ အဆိုပြုချက်ကို အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အကြောင်းကြားပြီးဖြစ်သည်ဆိုသော်လည်း လက်ခံကြောင်း သေချာခြင်း မရှိသေးပါ။ စင်ကာပူနှင့်ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်လောင်းများကိုလည်း အဆိုပြုထားကြောင်း သိရှိရသည်။

…  
စနေနေ့တွင် အာဆီယံခေါင်းဆောင်များကအဆိုပြုထားသည့် အချက် ၅ ချက်ကို မြန်မာစစ်ဘက်အကြီးအကဲက သဘောတူခဲ့ရာ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်တွင် စေ့စပ်ဖြန်ဖြေရန်အတွက် #အာဆီယံဥက္ကဋ္ဌ၏_မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အာဆီယံအတွင်းရေးမှူးချုပ်အား ကူညီရန်လည်း ပါဝင်သည်။

…   
ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်း အဆုံးသတ်ရန်အတွက် ပါဝင်ပတ်သက်သူအားလုံးတို့အနေဖြင် အစွမ်းကုန်  ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသောအဖြေတစ်ခုရရှိရန် သက်ဆိုင်အားလုံးတို့အကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ဒေသန္တရအကျပ်အတည်းများအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ရပ်ကို  ဖွဲ့စည်းရန်၊ အာဆီယံအထူးသံတမန်နှင့် ကိုယ်စားလှယ်အဖွဲ့တို့က မြန်မာနိုင်ငံသို့လာရောက်လည်ပတ်၍ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်တွေ့ဆုံရန် အာဆီယံက သဘောတူခဲ့သည်။

…   
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ် ၂၀၀၉-ခုနှစ်၌ ဝီရရူဒါသည် ဘင်္ဂလားပင်လယ်အော်တွင် လှေစီးပြေး #ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ရာပေါင်းများစွာတို့အရေးတွင် မြန်မာနိုင်ငံ၏ ပြုမူပုံကို ဝေဖန်ခဲ့ပြီး စက်မပါသော ဒုက္ခသည်လှေများအား ပင်လယ်ပြင်သို့ ပြန်မောင်းထုတ်သည့် ထိုင်းနိုင်ငံကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

…  
ယခုအခါ အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဝီရရူဒါသည် အင်ဒိုနီးရှား အစိုးရ ၂-ဆက်တိုင် သမ္မတ၏အကြံပေး ကောင်စီတွင် ပါဝင်ခဲ့သည်။ #ကုလသမဂ္ဂအထွေထွေ_အတွင်းရေးမှူးချုပ်ဟောင်း_ကွယ်လွန်သူ_ကိုဖီအာနမ် က ဥက္ကဌဖြစ်အဖြစ် ဆောင်ရွက်သည့် Global Commission on Elections, Democracy and Security တွင် ၂၀၁၀ မှ ၂၀၁၁-ခုနှစ်အထိ အဖွဲ့ဝင်ဖြစ်ခဲ့သည်။

…   
နောက်ပိုင်းတွင် ကိုဖီအာနမ်သည် #ကိုဖီအာနမ်ဖောင်ဒေးရှင်းနှင့်အတူ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည်အစိုးရက ဖွဲ့စည်းပေးသည့် #ရခိုင်ပြည်နယ်ဆိုင်ရာ_အကြံပေးကော်မရှင်ကို ဦးဆောင်သူ ဖြစ်လာသည်။

(((Nikkei Asia., April 26, 2021, “ Myanmar junta chief meets UN special envoy in Jakarta. ASEAN chair considers former Indonesian foreign minister for Myanmar portfolio.By: Gwen Robinson.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ဗိုလ်ချုပ်မှူးကြီးနှင့်_ကုလအထူးကိုယ်စားလှယ်တို့_ဂျာကာတာ၌တွေ့ဆုံ #မြန်မာနိုင်ငံဆိုင်ရာ_အာဆီယံအထူးကိုယ်စားလှယ်ဖြစ်ဖွယ်ရှိသည့်_အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟောင်း

https://asia.nikkei.com/Spotlight/Myanmar-Coup/Myanmar-junta-chief-meets-UN-special-envoy-in-Jakarta 

+2

Leave a Reply

Your email address will not be published.