စက်ရုံများဖျက်ဆီးခံရပြီးနောက် အကြမ်းဖက်အပြုအမူများအားလုံးရပ်တန့်ရန်နှင့် ဥပဒေချိုးဖောက်သူများအား အပြစ်ပေးရန် မြန်မာအား တရုတ်တောင်းဆို၊ လိုလားချက်များကို ဥပဒေနည်းကျ ဖော်ပြကြရန်နှင့် တရုတ်-မြန်မာဆက်ဆံရေးကို အားနည်းစေသည့် နည်းလမ်းဖြင့် အသုံးချ/လှုံ့ဆော်ခြင်း မပြုရန် တိုက်တွန်း


တရုတ်နိုင်ငံထောက်ပံ့မှုဖြင့် လည်ပတ်သည့် စက်ရုံများစွာတို့အား မီးရှို့ဖျက်ဆီးခံရပြီးနောက် အကြမ်းဖက်မှုများဖြစ်ပွားနေခြင်းအား ရပ်တန့်ရန်နှင့် ဥပဒေချိုးဖောက်သူများကို အပြစ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက မြန်မာအား တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် တရုတ်နိုင်ငံသား အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အစိုးရပိုင် CGTN သတင်းဋ္ဌာနက ယမန်နေ့ရေးသားသည်။..     


အကြမ်းဖက်အပြုအမူများအားလုံးကို ရပ်တန့်ရန်၊ အပြစ်ကျူးလွန်သူများကို ဥပဒေနှင့် အညီအရေးယူရန်နှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ၏ အသက်-ပိုင်ဆိုင်မှုတို့အား ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ထိရောက်သော အရေးယူမှုများ ဆက်လက်၍ ဆောင်ရွက်ပါရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း သံရုံး၏ ကြေညာချက်၌ ဖော်ပြထားသည်။..  

ထို့ပြင် မြန်မာပြည်သူလူထုတို့အနေဖြင့် မိမိတို့၏ တောင်းဆိုချက်များကို ဥပဒေနည်းလမ်းတကျ ဖော်ပြကြရန် နှင့် တရုတ်-မြန်မာဆက်ဆံရေးအပေါ် အားနည်းစေသည့် နည်းလမ်းကို အသုံးချခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း မပြုလုပ်ကြရန်လည်း တောင်းဆိုကြောင်း သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။..   


တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခု၌ တရုတ်ထောက်ပံ့မှုဖြင့်လည်ပတ်သည့် စီးပွားရေးလုပ်ငန်းအချို့ အပါအဝင် စက်ရုံ ၁၀ ခု ကျော်တို့ကို ရမ်းကားဖျက်ဆီး၍ မီးတင်ရှို့ခံရပြီးနောက် ယခုသတင်းထုတ်ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။..   


သံဒုတ်၊ ပုဆိန်နှင့် ဓါတ်ဆီများ ကိုင်ဆောင်ထားသည့် ပြစ်မှုကျူးလွန်သူများသည် လုံခြုံရေးဝန်ထမ်းများကို ရိုက်နှက်၍ စက်ရုံဝင်ပေါက်များနှင့် ဂိုဒေါင်များအား မီးတင်ရှို့ခဲ့ကြသည်။ မော်တော်ယာဉ်များနှင့် အနီးအနားရှိ ဈေးဆိုင်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။..   


သတင်းများအရ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း မီးရှို့သူမည်သူမည်ဝါဖြစ်သည်ကို စိစစ်ဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။
..


#အကြမ်းဖက်အပြုအမူများအားလုံးရပ်တန့်ရန်နှင့်_ဥပဒေချိုးဖောက်သူများအား_အပြစ်ပေးရန်
#လိုလားချက်များကို_ဥပဒေဘောင်အတွင်းမှ_ဖော်ပြရန်_မြန်မာအား_တရုတ်တောင်းဆို

(((CGTN., 14-Mar-2021,” China urges Myanmar to stop violence, punish perpetrators after plants smashed.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
https://news.cgtn.com/news/2021-03-14/Two-Chinese-funded-garment-factories-set-on-fire-in-Myanmar-YCP1cUIQIE/index.html 

Leave a Reply

Your email address will not be published.