စက်ရုံ ၃၀ ကျော် ဖျက်ဆီး-လုယက်-မီးရှို့ခံရပြီးနောက် အနောက်နိုင်ငံများ အနေဖြင့် မြန်မာလူထုအား လှုံဆော်ခြင်းမပြုရန် တရုတ်တောင်းဆို။ တိုက်ခိုက်မှုတွင် ပါဝင်လာစေရန် လှုံဆော်၍ ကျည်အစစ်ဖြင့် အပစ်ခံရစေရန် အသုံးချနေဟု ပြော။


တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသော ရန်ကုန်မြို့ရှိ စက်ရုံ ၃၂-ရုံတို့မှာ တနင်္ဂနွေနေ့တွင် ဖျက်ဆီး-လုယက်-မီး တင်ရှို့ခံရသည့်အတွက် ဆုံးရှုံးရသည့် ပိုင်ဆိုင်မှုအရပ်ရပ်မှာ ယွမ်ငွေ သန်း-၂၄၀ ( ကန်ဒေါ်လာ ၃၆.၈၉ သန်း) အထိ ရှိနိုင်ကြောင်း၊ တရုတ်နိုင်ငံသား ၂-ဦး ဒဏ်ရာရရှိသော်လည်း သေဆုံးသူ မရှိကြောင်း တနင်္လာနေ့၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရှင်းပြသည်ဟု Global Time သတင်းစာက ယမန်နေ့ရေးသားသည်။

..  
တရုပ်စီးပွားရေးလုပ်ငန်းများအား ရမ်းကားဖျက်ဆီးခြင်းမှာ အလွန်ဆိုးရွားသည့် လုပ်ရပ်ဖြစ်ပြီး အကြမ်းဖက်အပြု အမူများအားလုံးကို ရပ်တန့်စေရန်နှင့် တရုတ်နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဘေးကင်းလုံခြုံရေးအတွက် အပြစ်ကျူးလွန်သူများအား တရားဥပဒေနှင့်အညီအပြစ်ပေးရာ၌ မြန်မာပြည်သူလူထုတို့ စုစည်းပါဝင်ကြရန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့ မီဒီယာတွေ့ဆုံပွဲ၌ ထပ်မံတိုက်တွန်းလိုက်သည်။

..     
မြန်မာနိုင်ငံတွင် လုံခြုံရေးတိုးမြှင့်နိုင်ရန်အတွက် ရန်ကုန်မြို့ရှိဘေးဒဏ်သင့်ဒေသများသို့ မီးသတ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ထပ်မံစေလွှတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားများအား ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ရေးအတွက် တရုတ်အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများအတွက် အလွန်အမင်း စိုးရိမ်ပူပန်လျှက်ရှိပြီး အခြေအနေအရပ်ရပ်ကို အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်း၊ မြန်မာ(အစိုးရ)အနေဖြင့်လည်း တရုတ်နိုင်ငံသားများအား လုံခြုံဘေးကင်းစေရေး အစီအမံများကို ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊

..   
တရုတ် – မြန်မာစီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးဖြစ်ထွန်းရေး နိယာမကိုအခြေခံလျှက် မြန်မာနိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူစေရန်နှင့် ဒေသခံပြည်သူများအပေါ် အကျိုးရှိစေရန်ဖြစ်ကြောင်း၊ ဥပဒေချိုးဖောက်သူများ၏ ယခုလုပ်ရပ်များသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ အကျိုးစီးပွားအတွက် မဟုတ်ကြောင်း၊ မြန်မာပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏တောင်းဆိုချက်များကို ဥပဒေနှင့်အညီ ဖော်ပြကြရန် လိုအပ်ကြောင်း၊ တရုတ်-မြန်မာ ရင်းနှီးပူးပေါင်းဆောင်ရွက်မှု ပျက်ပြားစေရန် လှုံဆော် (သို့မဟုတ်) အမြတ်ထုတ်နေကြခြင်းမှ ရှောင်ရှားကြရန် တိုက်တွန်းပါကြောင်း၊ #တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန_ ပြောခွင့်ရပုဂ္ဂိုလ်_ကျောက်လီရှန် က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ အမေးကို ဖြေဆိုသည်။
..
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့် လေ့လာသုံးသပ်သူများကမူ တရုတ်စက်ရုံများအား တိုက်ခိုက်မှုများမှာ စနစ်တကျစည်းရုံး၍ ကြိုတင်ရည်ရွယ်မှုဖြစ်ကြောင်း ယုံကြည်ကြသည်။ မြန်မာပြည်တွင်းနှင့် ပြည်ပရှိ ရန်လိုသောအင်အားစုများသည် (မြန်မာပြည်သူလူထုအား) မုန်းတီးစိတ်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်၍ တရုတ်နိုင်ငံနှင့်ဝေးကွာ သွားစေရန် ရည်ရွယ်စီစဉ်ခြင်းဖြစ်သည်ဟု သိရှိထားကြသည်။

..    
ရန်ကုန်မြို့မှ လျှူတောင်အမည်ရှိ တရုတ်နိုင်ငံသားတစ်ဦးက တနင်္လာနေ့၌ ပြောဆိုရာတွင် လှိုင်သာယာစက်မှု ဇုံ၌ တနင်္လာနေ့နံက်အထိ ရှိနေခဲ့ကြောင်း၊ တနင်္ဂနွေနေ့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ကိုကြောက်ရွံ့၍ အပြင် မထွက်ဝံ့ကြောင်း၊ နယ်မြေအား မာရှယ်လောပြဋ္ဌာန်းပြီးနောက် သေနတ်သံနှင့် မီးခိုးလုံး ကြီးကြီးမားမား မတွေ့ ရကြောင်း၊ မြန်မာ့တပ်မတော်သည် စက်မှုဇုန်ကို ထိန်းချုပ်ထားသော်လည်း တရုတ်စက်ရုံများအား သတ်သတ်မှတ်မှတ်ကာကွယ်ရန်ဟူ၍ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ခြင်း မရှိကြောင်း ရှင်းပြသည်။

..   
တရုတ်စက်ရုံများ ဖျက်ဆီးခံခဲ့ပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ရန်ကုန်ရှိ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့အား ဘေးကင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးပိုမိုထိရောက်စေရန်အတွက် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် အပြည့်အဝသတ်မှတ်သည်ဟု တပ်မတော်အစိုးရက ကြေညာကြောင်း Bloomberg က ရေးသားသည်။

..    
အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက် တရုတ်အလုပ်သမားတဦးက တနင်္ဂနွေနေ့ ပြောဆိုရာတွင်မူ လုပ်သားအင်အားများပြားသော တရုတ်ကုမ္ပဏီများသည် ယခုအခါ အတူတကွပူးပေါင်း၍ သူတို့ကိုယ်သူတို့ ကာကွယ်ရန် နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းရန် စီစဉ်လျှက်ရှိကြောင်း ပြောဆိုသည်။

..  
လှိုင်သာယာတွင် ဟိုတယ် ၂-လုံးနှင့် ကုမ္ပဏီ ၁-ခု ပိုင်ရှင် ယန်ဟု အမည်လွှဲထားသော တရုတ်လူမျိုးတစ်ဦးက ရှင်းပြရာ၌ သူ၏ လုပ်ငန်းအားလုံးမှာ တနင်္ဂနွေနေ့က ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း၊ တနင်္လာနေ့ မွန်းတည့်ချိန်တွင် သူ၏ ဟိုတယ်တစ်ခုအနီး၌ ဒါးကိုင်လူအချို့က ဆန္ဒပြလျှက်ရှိကြောင်း၊ နောက်တစ်ကြိမ် ထပ်မံလုယက်ကြလိမ့်မည်ဟု လုပ်ဖော်ကိုင်ဖက်များက ပြောဆိုနေကြပြီး မြန်မာစစ်သားများ ရောက်ရှိလာ၍ ဘေးကင်းလုံခြုံပြီဟု မခံစားရကြောင်း၊ ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများနှင့်အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရသည့် အတွက် သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူတို့ကို ပြင်းထန်စွာ အပြစ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

..  
တရုတ်စက်ရုံအချို့ရှိ ဒေသခံမြန်မာဝန်ထမ်းများသည် တရုတ်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သူတို့၏ အသက်မွေးရာလုပ်ငန်းများကို ကာကွယ်ခဲ့ကြသည်။ စက်မှုဇုန်သို့ စစ်သား ၃၀၀ မှ ၅၀၀ ခန့်ရောက်ရှိလာချိန်တွင် ပိုမိုလုံခြုံလာပြီဟု ခံစားရသော်လည်း စက်ရုံတိုင်းအား ကာကွယ်ရန် စစ်သားတစ်ယောက်မျှ ချထားခြင်း မရှိကြောင်း၊ ထို့ကြောင့် စက်ရုံအား အလုပ်သမားများက ကိုယ့်ဖာသာ ကာကွယ်ရတော့မည်ဖြစ်ကြောင်း၊ မီးလောင်လွယ်သော ပစ္စည်းများကို တရုတ်အလုပ်သမားများနှင့်အတူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး မီးသတ်ဆေးဗူးများကို အသင့်ပြင်ထားကြောင်း တရုတ်အထည်ချုပ်ကုမ္ပဏီမှ မြန်မာအလုပ်သမား ခင်ဆုလင်း (အမည်လွှဲ) က တနင်္လာနေ့၌ ရှင်းပြသည်။

..  

တနင်္ဂနွေနေ့ ရမ်းကားဖျက်ဆီးမှုများးသည် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ကုမ္ပဏီများအား ပစ်မှတ်ထားခြင်းဖြစ်ပြီး များသောအားဖြင့် အထည်ချုပ်လုပ်ငန်းများဖြစ်သည်။
..
တရုတ်ရင်းနှီးမြှုပ်နှံထားသော ပရော့ဂျက်ဖြစ်သည့် #ခါးပတ်နှင့်လမ်း_ကနဦးခြေလှမ်း (#BRI) နှင့် ပတ်သက်ခြင်း မရှိသော်လည်း ၎င်းတို့အနေဖြင့် နိုးကြားမှုကို မြှင့်တင်ပြီး မိမိကိုယ်မိမိ ခုခံကာကွယ်ရန် ဒေသတွင်း နေထိုင်သူများက စဉ်းစားလျှက်ရှိကြောင်း ကြားသိရသည်။

..   
မြန်မာနိုင်ငံကို တပ်မတော်က ထိန်းချုပ်ပြီးနောက် ကန့်ကွက်ဆန္ဒမှုများ ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် မြို့နယ် ၂-ခုထက်မနည်းတို့၌ တနင်္ဂနွေနေ့မှာ အသေအပျောက်အများဆုံးသောနေ့ရက်များအနက် တစ်ခုဖြစ်ကြောင်း အနောက်နိုင်ငံမီဒီယာများက ရေးသားကြသည်။ ၎င်းနေ့တစ်ရက်တည်းတွင် နိုင်ငံတစ်ဝှန်းဒေသအသီးသီး၌ ဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၃၈-ဦးရှိကြောင်း CNN က ရေးသားသည်။

..    
တရုတ်စက်ရုံများအား တိုက်ခိုက်ကျူးလွန်သူများသည် အနောက်နိုင်ငံအချို့ရှိ တရုတ်ဆန့်ကျင်ရေးအင်အားစုများ၊ NGO များနှင့် ဟောင်ကောင်ခွဲထွက်ရေးသမားများ၏ လှုံဆော်မှုကြောင့် ဒေါသထွက်နေသော ဒေသခံများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။

..  
မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီများသည် ဒေသန္တရနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင် ပြဿနာ များကို ဖြေရှင်းရန်နှင့် အစိုးရ၏အခွန်ဝင်ငွေတိုးတက်စေရန်ကူညီခဲ့သည်။ပရဟိတလုပ်ငန်းတွင်လည်း ပါဝင်ခဲ့သည်။ အကယ်၍ ဒေသခံ အစိုးရအနေဖြင့် ယခုအဖြစ်အပျက်ကို အချိန်မီဖြေရှင်းရန်နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်ပျက်ကွက်လျှင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူ မရှိစေရန် ရည်ရွယ်သည်။

..  
တရုတ်နိုင်ငံပိုင် စက်ရုံမျိုးစုံတို့အား ရမ်းကားဖျက်ဆီးသည့် တနင်္ဂနွေနေ့ ဖြစ်စဉ်မှာ ကြိုတင်စည်းရုံး ပြင်ဆင်ထားသည့် စံနစ်တကျ တိုက်ခိုက်မှုဖြစ်သည်မှာ ထင်ရှားကြောင်း၊ မြန်မာပြည်သူများအား တိုက်ခိုက်မှုတွင်ပါဝင်စေရန် လှုံ့ဆော်၍ ကျည်အစစ်ဖြင့် အပစ်ခံစေရန် အသုံးချခြင်း ခံနေရကြောင်း ယူနန်တက္ကသိုလ်၏ အိမ်နီးချင်း နိုင်ငံများ၏ သံတမန်ရေးရာလေ့လာမှုဋ္ဌာနမှ ပါမောက္ခတစ်ဦးဖြစ်သူ ဘီရှီဟောင်က သုံးသပ်သည်။

..  
တရုတ်စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားသည့် ယခုတိုက်ခိုက်မှု မဖြစ်ပွားမီ ၂-ရက်အလိုတွင် လန်ဒန်အခြေစိုက် “Burma Human Rights Network (BHRN) အင်န်ဂျီအိုအဖွဲ့ကို တည်ထောင်သည့် မြန်မာအမည် #ကျော်ဝင်း ဆိုသူက #အရပ်သားတစ်ယောက်သေလျှင်_တရုတ်စက်ရုံတစ်ရုံ_ပြာကျစေရမည် ဟု ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားလွှင့်တင်ခဲ့ကြောင်း Global Times က စိစစ်တွေ့ရှိသည်။

..   
အနောက်နိုင်ငံများတွင် BHRN ကဲ့သို့သော အဖွဲ့အစည်းများစွာ တည်ရှိနေပြီး တရုတ်ကို ထိုးနှက်ရန် အခွင့်အလမ်းမှန်သမျှကို အသုံချဖွယ်ရှိသည်။

..  
မြန်မာပြည်ရှိ အချို့သောရန်လိုသူ အင်အားစုများသည် ဒေသခံပြည်သူများ၏ကန့်ကွက်ဆန္ဒပြမှုများအပေါ်တွင် အတင်းအဓမ္မအမြတ်ထုတ်လျှက်ရှိသည်။ မြန်မာစစ်တပ်၏ လုပ်ရပ်များနှင့် မြန်မာ၏ပြည်တွင်းရေးကိစ္စရပ်များကို တရုတ်နိုင်ငံနှင့်ချိတ်ဆက်ရန် ကြိုးပမ်းခဲ့ကြပြီး ဒေသခံများတွင်လည်း တရုတ်ဆန့်ကျင်ရေး ပေါ်ပေါက်စေရန် သွေးထိုးလှုံ့ဆော်လျှက်ရှိကြောင်း ပါမောက္ခဘီရှီဟောင်က သတိပေးပြောကြားသည်။
..
(((Global Time., Mar 15, 2021,” Myanmar locals urged not to be incited by West as 32 Chinese factories in Yangon suffer from attacks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။
..
#အနောက်နိုင်ငံများက_မြန်မာလူထုအား_လှုံဆော်ခြင်းမပြုရန်_တရုတ်တောင်းဆို။
#ရမ်းကားဖျက်ဆီးမှုများသည်_ရွှေလင်ဗန်းစက်မှုဇုန်ရှိ_တရုတ်ကုမ္ပဏီများအား_ပစ်မှတ်ထားခဲ့
..
https://www.globaltimes.cn/page/202103/1218466.shtml

0

Leave a Reply

Your email address will not be published.