စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်မှာ လူမှ လူချင်း ကူးစက်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိရသည်ဟု Strait Times သတင်းစာက ယနေ့ရေးသားသည်။

စင်္ကာပူတွင် 2019 n-CoV ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း နောက်ထပ် အတည်ပြုနိုင်သူ ၆-ဦးတွင် ၄-ဦးမှာ လက်ရှိဗိုင်းရပ်စ်ပြင်းထန်စွာပျံနှံံကူးစက်လျှက်ရှိသည့် တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့သို့ သွားရောက်ခဲ့ဖူးခြင်း မရှိဟု သိရှိရသည်။ 

တရုတ်အပါအဝင် နိုင်ငံတကာတို့တွင် 2019 n-CoV ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သံသယရှိသူ Suspected အားလုံးကို Quarantined ရောဂါခြေချုပ်အဖြစ် သီးခြားတစ်ဦးစီ သီးသန့်ထား စောင့်ကြည့်ကုသနေကြပါသည်။ 

ဗိုင်းရပ်စ်မဟုတ်လျှင်လည်း မဟုတ်သလို တိကျသော ဓါတ်ခွဲခန်းနှင့် ကျွမ်းကျင်ပညာရှင်တို့၏ ရောဂါအမည်တပ်နိုင်မှသာ သက်ဆိုင်သလို Isolation ward, Intensive Care Unit သို့ ပို့ဆောင်ကုသသည်။ 

တရုတ်မှလွဲလျှင် ကမ္ဘ္ဘာအရပ်ရပ်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူများမှာ ဝူဟန်မှ ပြန်လာခဲ့သူများဖြစ်ပါသည်။ ဖိလစ်ပိုင်နှင့် ဟောင်ကောင်တို့မှ နောက်ဆုံး သေဆုံးသူများ အပါအဝင်ဖြစ်သည်။ စင်္ကာပူသည် တရုတ်ပြင်ပတွင် လူမှ လူချင်း ဗိုင်းရပ်စ်ကူးစက်ကြောင်း တွေ့ရှိသည့် နိုင်ငံဖြစ်လာသည်။ 

ယခုကြုံတွေ့နေရသော ဗိုင်းရပ်စ်မှာ ပြင်းထန်ပြီး ကူးစက်ရန် အလွန်လျှင်မြန်ပါသည်။ ထို့ပြင် ကုသ၍ ပျောက်ကင်းပြီ ဆိုသူများလည်း ပြန်ုဖြစ်နိုင်ကြောင်း ဇန်နဝါရီ ၃၁ South China Morning Post တွင် ရေးသားထားသည်။ ( SCMP သတင်းလင့် ရှု့ ) 

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.straitstimes.com/singapore/coronavirus-spore-reports-first-cases-of-local-transmission-4-out-of-6-new-cases-did-not?utm_medium=Social&utm_campaign=STFB&utm_source=Facebook 
https://www.scmp.com/news/china/society/article/3048815/coronavirus-china-death-toll-hits-425-new-cases-hubei-jump 

0

Leave a Reply

Your email address will not be published.