စင်္ကာပူဘီလျှံနာ ရေနံသူဋ္ဌေးကြီး ဒေဝါလီခံမည်ဆိုခြင်း။ ဆေယ်ဒီ-ရုရှားတို့၏ နှစ် ၂၀ ရေနံစစ်ခင်းခြင်းနှင့် Covid-19 ကြောင့် ကမ္ဘာ့ရေနံဝယ်လိုအား ထိုးစိုက်ကျဆင်း

စင်ကာပူ၏အကြီးမားဆုံး ရေနံကုန်သည် ဘီလျှံနာတဦး ဖြစ်သည့် “ ဟွာလျောင်းထရေးဒင်း “ က ဒေါ်လာ သန်း ၈၀၀ ခန့် အရှုံးပြနေသည်ကို ကြေညာရန် နှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့သည်ဟု Reuters အား ကိုးကား ၍ Foebes က ဧပြီ ၂၀ ရက်နေ့ ရေးသားသည်။

အဆိုပါထရေးဒင်းက ဘဏ်ပေါင်း ၂၃-ခုသို့ ပေးဆပ်ရမည့် ကြွေးမြီ ၃.၈၅ ဘီလျံဒေါ်လာကို ၆-လကြာဆိုင်းငံ့ ပေးပါရန် ဧပြီလ ၁၇-ရက်နေ့တွင် လျှောက်ထားရာမှ ယခုကဲ့သို့ ပျက်ကွက်မှု့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဆို၏။

ကုမ္ပဏီတည်ထောင်သူနှင့်ဒါရိုက်တာဖြစ်သူ  လင်အွန်းကင် ( ၇၇-နှစ် ) သည် ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်တွင် ဒေါ်လာသန်းပေါင်းစွာ အရှုံးပြလျှက်ရှိသည်ကို ဖုံးကွယ်ရန်ညွှန်ကြားရာ၌ တာဝန်ရှိကြောင်း သိရှိရသည်။

လင်အွန်းကင်၏တစ်ဦးတည်းသောသား အီဗန်လင်ချီမင်းကမူ သူ၏ဖခင်သည် ကုမ္ပဏီ၏ ရေနံစာရင်းပါ အတော်များများကို ရောင်းချပြီး အမြတ်ငွေများကို အထွေထွေရန်ပုံငွေအဖြစ် ထည့်သွင်းခဲ့သဖြင့် ရေနံစည် များဖက်မှ ငွေအရနည်းသည့်တိုင် ဘဏ်များတွင် အာမခံထားသောငွေပမာဏနှင့် ကွာခြားချက်အလွန်နည်း ကြောင်း သီးခြားရေးသားချက်ကို တွေ့ရှိရသည်။

အီဗန်သည် ဟင်းလျောင်ထရေးဒင်းနှင့် လက်အောက်ခံ ရေနံတင်သင်္ဘောတစ်ရာကျော်ပိုင်ဆိုင်သော Ocean Tankers တို့၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး စင်ကာပူကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၁၁ (ဘီ)အရ အကြွေးရှင်များ ထံဒေဝါလီခံရခြင်းမှ အကာအကွယ်ပေးပါရန် လျှောက်ထားခဲ့သည်။ ကုမ္ပဏီနှစ်ခုလုံးမှာ လင်မိသားစုမှ တစ်ဦးတည်းကသာ ပိုင်ဆိုင်သည်။

တရားဝင်ကြွေးရှင်များထံ ဒေဝါလီခံရခြင်းမှ အကာအကွယ်ပေးရန် ဟင်းလျောင်၏ တရားရုံးထံ လျှောက်ထား လွှာတွင် ဆော်ဒီ-ရုရှား ရေနံစစ်ခင်းရာမှ ဆယ်စုနှစ် ၂-စုကြာမျှ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား နိမ့်ကျလျှက်ရှိကြောင်း၊ စောစောပိုင်းကတည်းက ဖြစ်ပွား ခဲ့သော ၎င်းပြဿနာများသည် လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်ကာ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးခဲ့ရကြောင်း တင်ပြထားသည်။

ယခုလစောစာပိုင်း မြီရှင်များက တင်ပြရာတွင်မူ ဟင်လျောင်အနေဖြင့် ပိုင်ဆိုင်မှုအစုစုတို့မှာ ဒေါ်လာ ၇၁၄ သန်း သာရှိသော်လည်း ဒေါ်လာ ၄.၀၅ ဘီလျှံအဖြစ်ရှိ ဖော်ပြခဲ့ကြောင်း၊ ထိုအတွက် ထင်မြင်ပေးရန်  အီးမေးလ် ဖြင့် တောင်းဆိုမှုများကို ကုမ္ပဏီက တုံ့ပြန်ခြင်း မရှိကြောင်း Reuters က ရေးသားသည်။

၁၉၆၃ ခုနှစ်တွင် အသက် ၂၀ အရွယ် တရုတ်လူမျိုးလင်သည်  တံငါသည်များနှင့် အသေးစားကျေးလက် စွမ်း အင်ထုတ်လုပ်သူများထံ ဒီဇယ်ဆီပို့ပေးခြင်းလုပ်ငန်းကို ထရပ်ကားတစ်စီးတည်းဖြင့် စတင်ခဲ့သည်။ စင်္ကာပူ ရေနံ ကုန်သည် လင်သည် အာရှ၏ အကြီးမားဆုံး သင်္ဘောလောင်စာဆီတင်ပို့သူတစ်ဦး ဖြစ်လာခဲ့သည်။ လင်သည် ရေနံသိုလှောင်ရေးယူနစ် Universal Terminal နှင့် PetroCina နှင့် Macquarie Asia Infrastructure Fund တို့ကိုပါ တွဲဖက်ပိုင်ဆိုင်သည်။

အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁.၆၅ ဘီလီယံခန့်ရှိသည့် လင်သည် စင်္ကာပူ၏ အချမ်းသာဆုံးလူစာရင်းတွင် နံပါတ် ၁၈ နေရာ၌တည်ရှိခဲ့သူဖြစ်သည်။ ဟင်လျောင်ထရေးဒင်း ဒေဝါလီခံမည့်အမှုနှင့်  စဉ်ဆက်မပြတ်ဆုံးရှုံး ကြောင်းသတင်းများထွက်ပေါ်လာသောအခါ Forbes မဂ္ဂဇင်းအနေဖြင့် ဘီလျံနာစာရင်းအတွက် စဉ်းစားရတော့ မည်ဖြစ်သည်။

(( ကျွန်တော်သိရှိသလောက် ဟင်းလျောင်ထရေးဒင်းနှင့် Ocean tanker ကုမ္ပဏီတို့မှာ မြန်မာပြည်ပ အလုပ် သမားတို့နှင့် ရင်းနှီးပြီးဖြစ်ပါသည်။ Ocean tanker ရေနံတင်သင်္ဘောများနှင့် စင်္ကာပူ Bunker Boats များတွင် မြန်မာသင်္ဘာသားများစွာ တာဝန်ထမ်းဆောင်လျှက်ရှိသည်ဟု ဆိုပါသည်။ ။သတင်းဘာသာပြန်သူ ))

((( Forbes., 20 Apr, 2020,” Former Singapore Billionaire Lim’s Oil Giant Files For Bankruptcy.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.forbes.com/sites/pamelaambler/2020/04/20/coronavirus-casualty-singapore-oil-giant-files-for-bankruptcy-amid-price-war-and-covid-19/#68d4157913ad

#ကိုရိုနာဗိုင်းရပ်စ်စင်္ကာပူဘီလျှံနာရေနံသူဋ္ဌေးကြီးဒေဝါလီခံ

0

Leave a Reply

Your email address will not be published.