စင်္ကာပူအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရန်အတွက် ပြန်လည် အသုံးပြုနိုင်သော မျက်နှာဖုံး များထပ်မံဝေငှ။ လက်အသုံးပြု၍ အကြိမ် ၃၀ လျော်ဖွတ် အသုံးပြနိုင်

Credit: #ThetMon

စင်္ကာပူအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရန်အတွက် ပြန်လည်အသုံးပြုနိုင်သော မျက်နှာဖုံးများ ကို ယနေ့ ထပ်မံဝေငှကြောင်း စင်္ကာပူရောက် မြန်မာနိုင်ငံသားများက ယနေ့ပြောဆိုသည်။

စင်္ကာပူတွင် နေထိုင်နေသူတိုင်းအား ယခုကဲ့သို့ မျက်နှာဖုံးများ အခမဲ့ဝေငှခြင်းမှာ တတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ်၌  Surgical Mask ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများ၊ ဒုတိယနှင့် တတိယအကြိမ်တို့၌  Reusable Mask “ ပြန်လည်အသုံးပြုနိုင်သော မျက်နှာဖုံးများ” ဖြစ်ကြသည်။

ယခု တတိယအကြိမ်မြောက်ပေးဝေသော Ultra Masks များမှာ တစ်ခုလျှင် စင်္ကာပူ 10 ဒေါ်လာ တန်ကြေးရှိ၍ #လက်အားဖြင့် #အကြိမ်-၃၀ ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည်။

Ultra Mask ကို စင်္ကာပူ နန့်ယန်းနည်းပညာတက္ကသိုလ် NTU Food Science and Technology Lab တွင် ဘက်တီးရီးယားရောဂါပိုးမွှားကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဒီဇိုင်းရေးဆွဲပြီး အင်ဒိုနီးရှား၌ ထုတ် လုပ် ထားခြင်းဖြစ်သည်။ နေ့စဉ် အဆက်မပြတ် အသုံးပြုလျှင်ပင် တစ်လခန့် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ ( Anti-bacterial innovation from Nanyang Technological University Food Science and Technology Lab. )

UltraMask တွင် အလွှာ ၃-လွှာ 3 layers ဖြင့် ဖွဲ့စည်းထားပြီး အပြင်ဘက်ဆုံး အလွှာနှင့် အလယ်အလွှာတို့မှာ ဗိုင်းရပ်စ်ထိုးဖောက်ဝင်ရောက်ခြင်းကို တားဆီးကာကွယ်နိုင်သော anti-bacterial filter 1 နှင့် anti-bacterial filter 2 အလွှာများ များဖြစ်ကြသည်။ ဘက်တီးရီးယားတားဆီးကာကွယ်ရေး အော်ဂဲနစ်ချည်ဖြင့် ယက်လုပ် ထားသည့်အတွက် ရောဂါပိုးမွှားများကို သတ်ဖြတ်တားဆီးခြင်း၊ ရှင်သန်ပေါက်ပွားခြင်းမပြုနိုင်သည့် အလွှာများ ဖြစ်ကြသည်။ The anti-bacterial organic cotton kills bacteria and supresses bacterial growth. No skin irritation.

အတွင်းဘက်ဆုံး အလွှာမှာ အာငွေ့နှင့်အစိုဓာတ်များကို လျှင်မြန်စွာ ခြောက်သွေ့ပြီး၊ ဝတ်ဆင်သူအား သက် တောင့်သက်သာရှိစေမည့် quick dry & cooling layer ဖြစ်သည်။

စင်္ကာပူနေထိုင်သူအားလုံးတို့အတွက် နေရာအနှံ့ Vending Machine အလုံးပေါင်း ၄၀၀ ကို ဖြန့်ကျက်ထား ကြောင်း၊ မေ-၂၆ မှ ဇွန် ၁၄-ရက်နေ့အတောအတွင်း IC ကဒ် အသုံးပြု၍ ၂၄-နာရီပတ်လုံး အခမဲ့ ထုတ်ယူ နိုင်ကြောင်း၊ မိမိ၏ IC ကဒ်ကို Vending Machine က စကင်ဖတ်မည်ဖြစ်ပြီး လူကြီး- ကလေး Size အရွယ် ခွဲခြားလျှက် ၁-ခုကျစီ အလိုလျှောက် အခမဲ့ထုတ်ယူနိုင်ကြောင်း၊  အချိုရည်- မုန့် ဝယ်ယူရသည်ထက် ပိုမိုလွယ် ကူကြောင်း သိရှိရသည်။

အဆိုပါ Mask အကြောင်းအရာ အပြည့်အစုံအား www.ultramasks.com တွင် အသေးစိတ် ဖော်ပြထားသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.ultramasks.com/?fbclid=IwAR1oF5XHcjnWTqvMnoGbUjww3MiZhl96D-1687ppeEizc3pgfLT_4pgPIWE&variant=33961829924999

1+

Leave a Reply

Your email address will not be published.