စင်္ကာပူရောက် အဆောင်နေ ရွှေ့ပြောင်းလုပ်သား ထက်ဝက်နီးပါး၌ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်နေ။ အဆောင်နေသူအလုပ်သမားတို့၏ ၄၇ ရာနှုန်း ရောဂါပိုးစွဲကပ်လျှက်ရှိပြီး ပြင်ပ၌ လူဦးရေ၏ ဝ.၂၅ ရာနှုန်း၌ ကူးစက်နေ။ ရွှေ့ပြောင်းအလုပ်သမားများစွာတို့တွင် ရောဂါလက္ခဏာ ပြသခြင်း မရှိ

 
စင်္ကာပူနိုင်ငံရောက် အဆောင်နေရေ့ွှပြောင်းအလုပ်သမားတို့၏ ထက်ဝက်နီးပါးတွင် Covid-19 ရောဂါဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိကြောင်း၊ အဆိုပါအဆောက်အအုံများ၌ နေထိုင်သူများအကြား အစိုးရက တရားဝင်ကောက်ယူရရှိခဲ့သည့် အရေအတွက်ထက် ရောဂါကူးစက်မှု ကျယ်ပြန့်စွာ ဖြစ်ပွားလျှက်ရှိကြောင်း စင်္ကာပူအစိုးသတင်းထုတ်ပြန်ချက်များအရ သိရှိရသည်ဟု Reuters က ယနေ့ရေးသားသည်။ 
.. 
စင်္ကာပူတွင် ကူးစက်ရောဂါဖြစ်ပွားမှု စတင်ချိန်မှစ၍ ယနေ့ထိ COVID-19 ဖြစ်ပွားမှု ၅၈,၀၀၀ ကျော်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး အများစုမှာ တောင်အာရှနိုင်ငံများမှ လာရောက်သော လုပ်ခလစာနည်းပါးသည့် ရွှေ့ပြောင်း အလုပ်သမားတို့ အဓိကနေထိုင်ရာ အဆောင်အခန်းကျဉ်းလေးများတွင် တွေ့ရှိရခဲ့သည်။ 
.. 
သို့သော် အစိုးရ၏ အင်္ဂါနေ့က ပြောကြားချက်တွင်မူ တနင်္ဂနွေနေ့၌ ပေါ်လီမာပြုကွင်းဆက်တုံ့ပြန်မှု (PCR) နည်းကို အသုံးပြု၍ စမ်းသပ်ရာတွင် အလုပ်သမားပေါင်း ၅၄,၅၀၅ ဦးတို့၌ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း “ ပေါ့ဇစ်တစ် “ အဖြေရရှိခဲ့ပြီး၊ သွေးခဲရည်ကြည်လေ့လာနည်း စမ်းသပ်ရာတွင် ၉၈,၂၈၉ ဦးတို့၌လည်း ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိကြောင်း ထပ်မံတွေ့ရပြန်သည်၊ PCR Test ဖြင့် ရောဂါဖော်ထုတ်ခြင်းမှာ လက်ရှိ သို့မဟုတ် ရောဂါဖြစ်ပွားအသစ်တို့၌ စစ်ဆေးခြင်း ဖြစ်သည်ဆို၏။ 
.. 
 သွေးခဲရည်ကြည်လေ့လာနည်း စမ်းသပ်မှု ရလဒ်များအပါအဝင် စစ်ဆေးမှု့များအရ အဆောင်များတွင် COVID-19 ပျံ့နှံ့မှုနှုန်းသည် လက်ရှိရွှေ့ပြောင်းအလုပ်သမားဦးရေ၏ ၄၇% ရှိနေကြောင်း ပြည်သူ့အင်အားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ စင်္ကာပူနိုင်ငံတွင် PCR Test ဖြင့်စမ်းသပ်၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုချက်များအပါအဝင် ရောဂါကူးစက်မှုစစ်ဆေးခြင်းများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စံသတ်မှတ်ချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 
.. 
အဆောင်ပြင်ပ၌ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းမှာ စင်္ကာပူ၏ ဝ.၂၅ ရာခိုင်နှုန်းခန့်ရှိပြီး သွေးခဲရည်ကြည်လေ့လာနည်း စမ်းသပ်မှုဖြင့် လူပေါင်း ၁,၆၀၀ -ဦးတို့အား ဖော်ထုတ်နိုင်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 
.. 
အဆောင်များတွင် PCR နည်းဖြင့် စစ်ဆေးခြင်းရာတွင် COVID-19 ကူးစက်မှုတိုင်းအတွက်  ရှာဖွေခြင်း မဟုတ်ပဲ  ၁.၈ မှုမှာ အခြားစမ်းသပ်ခြင်းနှင့် သွေးခဲရည်ကြည်လေ့လာနည်များအရ မကြာခဏ စမ်းသပ်စဉ် တွေ့ရှိခြင်းဖြစ်သည်။ 
.. 
စင်္ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားများစွာတို့တွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ကြောင်း ရောဂါလက္ခဏာများ မပြသခြင်းကြောင့် ၎င်းတို့အနေဖြင့် ဆေးဝါးကုသရန် တောင်းဆိုမှု မရှိခြင်းနှင့် PCR Test စစ်ဆေးရန် ခံယူမှု မရှိခြင်းမှာ အံ့သြစရာမဟုတ်ပါ။ 
.. 
အာဏာပိုင်များအနေဖြင့် ယခင်က စမ်းသပ်ခြင်း မပြုရသေးသူ အဆောင်နေ အလုပ်သမား ၆၅,၀၀၀ ခန့်အတွက် သွေးခဲရည်ကြည်လေ့လာနည်းဖြင့် စစ်ဆေးရန် အပြီးသတ်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။ 
.. 
ကမ္ဘာ့နိုင်ငံအများစုတွင် အများလူထုအတွင်း ရောဂါကူးစက်မှုပျံ့နှံ့မှုကို ခန့်မှန်းရန်အတွက်သာ သွေးခဲရည် ကြည်လေ့လာနည်းဖြင့် စစ်ဆေးလေ့ရှိကြသည်။ စင်္ကာပူ၌မူ အဆောင်နေရွှေ့ပြောင်းအလုပ်သမားများ အားလုံးအတွက် ၎င်းနည်းအား အသုံးပြုသည်။ 
.. 
လွန်ခဲ့သည့် ၂-လအတွင်း စင်ကာပူ၌ နိုင်ငံတွင်း COVID-19 ရောဂါ ဖြစ်ပွားမှု အနည်းငယ်သာ ရှိခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုမှာလည်း ၂၉ -ဦးသာ ရှိခဲ့ရာ နိုင်ငံတကာတွင် သေဆုံးမှုနှုန်းအနိမ့်ဆုံးနိုင်ငံများ စာရင်း၌ ပါဝင်သည်။ 
.. 
တနင်္လာနေ့တွင် စင်္ကာပူသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Pfizer-BioNTech ကို အသိအမှတ်ပြုသည့် ပထမဆုံး အာရှနိုင်ငံဖြစ်လာပြီး ယခုနှစ်အကုန်တွင် ဆေးများ စတင်ရရှိ၍ ကာကွယ်ဆေးများ ထိုးနှံပေးနိုင် တော့မည်ဖြစ်ကြောင်း မျှော်လင့်ထားသည်။ 
.. 
.. 
(( တနင်္ဂနေ့တွင် အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအမြောက်အများကို ဖရီဇာသေတ္တာကြီးများဖြင့် နိုင်ငံတစ်ဝှန်းပို့ဆောင်ခြင်းကို စတင်လိုက်ကြပြီဖြစ်သည်။ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု FDA က ပထမဆုံးအတည်ပြုသည့် Pfizer ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စု၌ အကြီးမားဆုံးကာကွယ်ဆေးထိုးနံှမှုအဖြစ် စတင်ရန်ကြိုးပမ်းနေသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် အသက်ဆုံးရှုံးရသူမှာလည်း အရေအတွက် ၃၀၀,၀၀၀ ကျော်ဖြင့် ကြောက်မက်ဖွယ် သမိုင်းမှတ်တိုင်အသစ်သို့ချဉ်းကပ်လာသည်။ 
.. 
GPS ချိတ်ဆက်ထားသည် ခြေရာကောက် အာရုံခံကိရိယာများနှင့် ကနဦး တင်ပို့မှုတွင် ဆေးချိန်ပမာဏ ၃ သန်းခန့်သည် တနင်္လာနေ့တွင် ဖြန့်ဖြူးရေးစင်တာ ၁၄၅ ခုသို့ရောက်ရှိမည်ဖြစ်ပြီး၊ အင်္ဂါနေ့တွင်နောက်ထပ် ၄၂၅-ခု၊ ကျန် ၆၆-ခုကို ဗုဒ္ဓဟူးနေ့တွင် တင်ပို့မည်ဖြစ်သည်။ ဂျာမန်မိတ်ဖက် BioNTech နှင့် ပူးတွဲတီထွင်ထားသော အဆိုပါ ကာကွယ်ဆေးကို ပြည်နယ်တစ်ခုစီ၏ အရွယ်ရောက် လူဦး ရေအပေါ် အခြေခံ၍ ဆက်လက်ထုတ်လုပ်မည် ဖြစ်သည်ဆို၏။ 
.. 
အဆိုပါ ကာကွယ်ဆေးအား အမြန်ဆုံးသယ်ယူပို့ဆောင်ရေးမှာ အဓိကသော့ချက်ဖြစ်သည်၊ အထူးသဖြင့် ၎င်းကို အနုတ် ၇၀ ဒီဂရီစင်တီဂရိတ် (အနုတ် ၉၄ ဒီဂရီဖာရင်ဟိုက်) တွင် သိုလှောင်ထားရမည်ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခက်အခဲဖြစ်ဖွယ်ရှိသည်။ ။ သတင်းဘာသာပြန်သူ )) 
.. 
#စင်္ကာပူရောက်အဆောင်နေရွှေ့ပြောင်းလုပ်သား_ထက်ဝက်၌ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်နေ 
.. 
((( Reutres, 15 Dec 2020 ,” Half of Singapore’s migrant workers in dormitories have had COVID-19.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 
https://www.reuters.com/article/health-coronavirus-singapore-dormitories/half-of-singapores-migrant-workers-in-dormitories-have-had-covid-19-idUSL4N2IV0LF 
https://bdnews24.com/world/south-east-asia/2020/12/15/half-of-singapore-s-migrant-workers-in-dormitories-have-had-covid-19 
https://www.japantimes.co.jp/news/2020/12/14/world/us-coronavirus-pfizer-vaccine/

Leave a Reply

Your email address will not be published.