စင်္ကာပူရောက် UN ကားများကိစ္စ သတင်းတု အဖွခံရခြင်းမှာ ကိုယ့်လက်နက်နှင့် ကိုယ် အပစ်ခံရခြင်း ဖြစ်တော့သည်။


၂၀၁၇ အလွန် ရခိုင်ပဋိပက္ခ၌ ဘာသဘောနှင့် မသိ ဘင်္ဂလားဒေ့ရှ်- မလေးရှားတွင် ကုလငြိမ်းချမ်းရေးတပ်များ အသင့်ပြင်နေကြောင်း ဖွကြသူများမှာ #ရှောင်ကရိုးလဲ_စစ်လော်ဘီများ ဖြစ်လေသည်။

ထို့ကြောင့် ယခုတဖန် စင်္ကာပူတွင် UN ကားများ၊ ကုလငြိမ်းထိန်းစစ်သားများရောက်ရှိနေသည်ဟု  သတင်းတု အဖွခံရခြင်းမှာ ကိုယ့်လက်နက်နှင့် ကိုယ် အပစ်ခံရခြင်း ဖြစ်တော့သည်။

ထိုစဉ်က ဖိုတိုရှော့တွေ ဖြတ်ညှပ်ကပ်များနှင့် ဝေေ၀ဆာဆာ လွှင့်တင်ခဲ့ရာ ရှယ်သူ ရာဂဏန်းရှိခဲ့သည်။

ယခုလည်း ပြောမဆုံးပေါင် တောသုံးထောင် နေ့ချင်း ညချင်း ဗုံးခိုကျင်းပဲ တူးရတော့မလိုလို .. ရှိသမျှ ထုပ်ပိုး၍ လူသူဝေးရာ ပြေးရတော့ မယောင်၊ ဆွေမျိုးအချင်းချင်း ဖုန်းတွေဆက်ကြနှင့် ဒလက်လည် ကုန်ကြတော့သည်။ 


အမှန်အားဖြင့် #United_Nations_Peace_Keeping #ကုလငြိမ်းထိန်းတပ်ဆိုသည်မှာ တိုက်ခိုက်ရေးတပ်တော့ မဟုတ်ချေ။ စစ်မက်ရှုတ်ထွေးနေသော ဒေသ၌ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဓိက ထား၍ လုပ်ကိုင်သည်။

နိုင်ငံအချင်းချင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူသည်ဆိုခြင်းမှာ လူမသိ သူမသိ ခိုးကြောင် ခိုးဝှက် လုပ်၍ မရပါ၊ လုပ်ခဲ့ဖူးခြင်းလည်း မတွေ့ရဖူးပါ။

စစ်ပွဲဆိုသည်မှာ သေကြေပျက်စီးတတ်သည်ဖြစ်၍ နိုင်ငံတကာဥပဒေများ ကွန်ဗင်းရှှင်းများနှင့် အညီဖြစ်အောင် ရက်အတန်ကြာ ပြင်ဆင်ရသည်။ စစ်ပွဲနှင့် မသက်ဆိုင်သူများ ထွက်ခွာသွားနိုင်အောင် အချိန်ပေးရမြဲဖြစ်သည်။ သက်ဆိုင်သည့် နိုင်ငံကိုလည်း အင်အားသုံးတော့မည်ဖြစ်ကြောင်း #စစ်ကြေညာရသည်မှာ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းဖြစ်သည်။ 


ထို့ကြောင့် များသောအားဖြင့် နိုင်ငံတစ်နိုင်ငံဦးဆောင်သည့် အမြဲတန်း စစ်တပ်များက တိုက်ခိုက်ပြီးနောက် ကုလငြိမ်းထိန်းတို့က ဝင်ရောက်နေရာယူလေ့ရှိကြပါသည်။ စစ်မြေပြင်ဖြစ်၍ စစ်လက်နက်နှင့် စစ်ယာဉ်များ အသုံးပြုသည်။

ဘယ့်နှယ် ဗျာ …

စစ်ဖြစ်နေသည်ဆိုသော နေရာတွင် အဖြူရောင် စစ်ယာဉ်များပေါ်၌ ဦးထုပ်အပြာကြီးဆောင်းထားသူတို့ကို စစ်သာ တိုက်ခိုင်းရလျှင် ဘယ့်နှယ့်နေမည်ကို စဉ်းစားကြည့်ယုံနှင့် သိနိုင်ပါသည်။

ဘင်္ဂလားဒေ့ရှ်သည် ကုလငြိမ်းထိန်း၌ အများစုအရေအတွက် ပါနေပြီး အခုကဲ့သို့ ယာဉ်များ မကြာခဏ ပို့ဆောင်ပေးခဲ့ဖူးကြောင်း ယခင် ကျွန်တော်၏ ဘာသာပြန်သတင်းများ၌ တွှေမြင်နိုင်ပါသည်။

ယခု မော်တော်ယာဉ်များမှာလည်း တိုက်ခိုက်ရေးသုံး မဟုတ်ပဲ လမ်းရှင်းနှင့် မြို့ပြတည်ဆောက်ရေးသုံး ယာဉ်များဆိုကြောင်း အသိသာကြီး ဖြစ်လေသည်။


ထို့ပြင် စင်ကာပူနိုင်ငံတွင် UN တပ်များ အရှေ့တောင်အာရှ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်ရောက်ရှိ” ဆိုသည့် ပို့စ်ပါ UN စစ်သားများ ပါဝင်နေသည့်ပုံမှာလည်း အမှားကြီးသာဖြစ်သည်။

…   
UN Peacekeepers တပ်သားများအဖြစ် UN ငြိမ်းထိန်း ယူနီဖောင်းဝတ် တရုတ်စစ်သားများအား တောင်ဆူဒန်နိုင်ငံ ဂျူဘားမြို့သို့ မစေလွှတ်မီ UN ကားများအနီးမှာ လေ့ကျင့်နေကြပုံသာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၇ ရက်နေ့ရက်စွဲပါ ဓါတ်ပုံ ဖြစ်ကြောင်း မူရင်း Link နှင့်တကွ ဖော်ပြလိုက်ရပါသည်။


အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://discovermilitary.com/world-military/chinese-infantry-soldiers-deployed-as-peacekeepers/
https://www.jstor.org/stable/41394418?fbclid=IwAR3-CCW56L8EzMPtEzuUkdLUO5jYuqmv1RnNzwzoak4-U5laVC0Z496AbL

+2

Leave a Reply

Your email address will not be published.