စစ်အခြေစိုက်စခန်းများအချင်းချင်း အပြန်အလှန်အသုံးပြုခွင့်ပြုကြကြောင်း အိန္ဒိယနှင့် သြစတေးလျ လက်မှတ်ရေးထိုး။ တရုတ်၏ ဒေသတွင်း စီးပွားရေးနှင့်စစ်ရေးအင်အားကြီးထွားလာမှုကို ဟန်ချက်ညီမျှစေရန်ဟုဆို

အိန္ဒိယနှင့်သြစတြေးလျတို့သည် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ စစ်ရေးအခြေစိုက်စခန်းများကို အပြန်အလှန်အသုံးပြုခွင့်ပြုကြောင်း သဘောတူညီချက်တွင် လက်မှတ်ရေးလိုက်ကြရာ ဒေသတွင်း၌ တရုတ်၏ စီးပွားရေးနှင့်စစ်ရေးအင်အားကိုကြီးထွားလာမှုကို ဟန်ချက်ညီစေရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ လုံခြုံရေးဆိုင်ရာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှု့မြင်ကြောင်း Al Jazeera က ယနေ့ရေးသားသည်။

ကြာသပတေးနေ့တွင် သြစတေးလျ ဝန်ကြီးချုပ် စကော့မောရစ်ဆင်နှင့် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့က နှစ်နိုင်ငံ အပြန်အလှန် ထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်ရာ အင်ဒိုပစိဖိတ်ဒေသအတွင်း စစ်ရေးစွမ်းဆောင်မှုတို့ အပြန်အလှန်ဖလှယ်ကြရေးအတွက် ပိုမိုလွယ်ကူစေလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဋ္ဌာနက ယနေ့ပြောဆိုသည်။

သဘောတူညီချက်အရ အိန္ဒိယနှင့် သြစတြေးလျ တို့၏ စစ်ရေယာဉ်များနှင့် လေယာဉ်များသည် ပြုပြင်ထိန်းသိမ်းရေးနှင့် လောင်စာဆီ ပြန်လည်ဖြည့်တင်းရေးအတွက် နှစ်နိုင်ငံအခြေစိုက်စခန်းများရှိအဆောက်အအုံများကို အသုံးပြုခွင့်ရရှိကြမည်ဆို၏။

အိန္ဒိယနိုင်ငံသည်အမေရိကန်ပြည်ထောင်စုနှင့်လည်း အလားတူ သဘောတူညီချက်ရရှိထားသဖြင့် တရုတ်၏ ဒေသတွင်း စီးပွားရေးနှင့်စစ်ရေးအင်အား အရှိန်အဟုန်မြင့်တင်လာခြင်းကို ဟန်ချက်ညီစေရန် ပိုမိုကျယ်ပြန့်သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင်ကြကြောင်း သိရှိရသည်။

နှစ်ပေါင်းများစွာဆိုးရွားခဲ့သော နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားခြင်းနှင့်ပတ်သက်၍ တရုတ်တပ်ဖွဲ့များနှင့် ရင်ဆိုင်ရန် နှစ်နိုင်ငံနယ်စပ်၌ တပ်ဖွဲ့များ စေလွှတ်ထားရသည့် အိန္ဒိယအတွက် ကြီးမားသော ကုန်သွယ်ရေး မမျှတမှု၌ တရုတ်က မျက်နှာသာရမှုမှာ စိုးရိမ်ပူပန်စရာဖြစ်လာခဲ့သည်။

ထိုအတောအတွင်း တရုတ်-သြစတေးလျတို့အကြား ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများလည်းကြီးထွားလျက်ရှိရာမှ လွန်ခဲ့သည့်လများအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် စတင်ပြန့်ပွားရာဖြစ်ခြင်းနှင့်အတူ နိုင်ငံတကာတွင် တရုတ်ဆန့်ကျင်ရေးအမြင်များ ဖြစ်ပေါ်လျှက်ရှိသည်။

ဝန်ကြီးချုပ်မောရစ်ဆင်သည် ဇန်နဝါရီလတွင် အိန္ဒိယသို့ ရောက်ရှိလာပြီး သြစတေးလျ ခြုံတောမီးလောင်ခြင်း အရေးပေါ်အခြေအနေကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။ ကူးစက်ရောဂါကပ် ကျရောက်လျှက်ရှိချိန်တွင် ယခုကဲ့သို့ ထိပ်သီးအစည်းဝေးကျင်းပနိုင်ခြင်းမှာ နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်ဆက်ဆံရေးတွင် အရေးပါကြောင်း၊

အိန္ဒိယသည် အမေရိကန်၊ ဂျပန်တို့နှင့် နှစ်စဉ် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် သြစတေးလျပါဝင်ရန်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း၌ ၄ နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ခိုင်မာမှုတိုးမြှင့်ရေးကို သုံးသပ်လျှက်ရှိကြောင်း အိန္ဒိယ စစ်ဖက်အရာရှိများက ပြောဆိုသည်။

((( Al Jazeera., June 4, 2020,” India and Australia sign deal to use each other’s military bases.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#စစ်အခြေစိုက်စခန်းများအပြန်အလှန်အသုံးပြုခွင့်ပြုကြရန်အိန္ဒိယနှင့်သြစတေးလျလက်မှတ်ရေးထိုး။


#အင်ဒိုပစိဖိတ်ဒေသအတွင်းတရုတ်၏စီးပွားရေးနှင့်စစ်ရေးအင်အားကြီးထွားလာမှုနှင့်ဟန်ချက်

https://www.aljazeera.com/news/2020/06/india-australia-sign-deal-military-bases-200604083007978.html

https://asia.nikkei.com/Politics/International-relations/India-and-Australia-sign-military-logistics-support-pact

0

Leave a Reply

Your email address will not be published.