စမ်းသပ်စစ်ဆေးမည့် Covid-19 သွေးရည်နမူနာများကို ကျန်းမာရေးဝန်ထမ်းများထံမှ မျောက်တို့ လုယူထွက်ပြေး။

အိန္ဒိယနိုင်ငံတွင် Covid-19 ရောဂါစမ်းသပ်စစ်ဆေးမည့် သွေးရည်နမူနာများအား မျောက်တို့ လူယူထွက်ပြေးမှုဖြစ်ပွားခဲ့ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးများ လွတ်ထွက်၍ ရောဂါကူးစပ်ပျံ့နှံ့မည်ကို ဒေသခံတို့အကြား စိုးရိမ်လျှက်ရှိကြကြောင်း The Guardian ( May 29,2020 ) က ရေးသားသည်။


အူတာပရာဒက်ရှ်ပြည်နယ် လပ်ခ်နောင်းမြောက်ဖက် မီးရွတ်မြို့ရှိ ဆေးဘက်ဆိုင်ရာကောလိပ်အတွင်းသို့ အုပ်စုဖွဲဝင်ရောက်လာသော မျောက်အုပ်ကြီးက Covid-19 ရောဂါစစ်ဆေးမည့် သွေးရည်စမ်းသပ်ဖန်ပြွန် ၃-ခုပါ သေတ္တာကို လုယူပြီး အနီးရှိ သစ်ပင်များပေါ်သို့ တက်ပြေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။ မျောက်တစ်ကောင်ဆိုလျှင် လုယက်သွားသော သွေးရည်စမ်းသပ်ဖန်ပြွန်ကို ကိုက်ဝါးရန် ကြိုးစားခဲ့ကြောင်း တွေ့မြင်ရသည်။

သို့သော်လည်း နောက်ပိုင်းတွင် အဆိုပါ စမ်းသပ်ဖန်ပြွန်များကို မပျက်မစီး ပြန်လည်တွေ့ရှိရခြင်းကြောင့်သာ စိတ်သက်သာရာရကြတော့သည်ဆို၏။


သွေးရည်ပါ စမ်းသပ်ဖန်ပြွန်များကို အကောင်းအတိုင်းပြန်လည်တွေ့ရှိရခြင်းကြောင့် ရောဂါပိုးများ လွတ်ထွက်ပျံ့နှံ့ဖွယ် အန္တရာယ်တစ်စုံတစ်ရာ မရှိနိုင်ဟု ယုံကြည်ရကြောင်း၊ သွေးရည်ဖန်ပြွန်လူယူခြင်းခံရသည့် လူ ၃-ဦးကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ-မရှိ ပြန်လည်စစ်ဆေးပြီးဖြစ်ကြောင်း မီးရွတ်ဆေးဘက်ဆိုင်ရာကောလိပ်၏ လူမှု ကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်ဟု AFP က ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်ရောဂါပိုးကို တိရိစ္ဆာန်များတွင်ရှာဖွေတွေ့ရှိခဲ့သော်လည်း တိရစ္တာန်များရှိ ဗိုင်းရပ်စ်မှ လူများသို့ ရောဂါကူးစက်နိုင်ကြောင်း အတည်ပြုချက် မရှိသေးချေ။


အိန္ဒိယတိုက်ငယ်တွင် “ ဟနုမန် “ ခေါ် အမြီးရှည် “ လင်္ကာမျောက် “ တို့မှာ အလွန်ရှေးကျသော မျောက်မျိုးဖြစ်ပြီး ရိုးရာဓလေ့တွင် မျိုးစိတ်တစ်မျိုးတည်းကိုသာ အသိအမှတ်ပြုသော်လည်း မျိုးစိတ်ကွဲ ၈-ခုအထိ အရေအတွက် အများအပြားတွေ့ရှိရသည်။

ကျေးလက်ဒေသများစွာတွင် သီးနှံစိုက်ပျိုးသူများအတွက် မျောက်များကြောင့် သီးနှံပျက်စီဆုံးရှုံးရခြင်းများမှာ နှစ်စဉ် ပုံမှန်လိုလိုဖြစ်နေသည်။ အာဏာပိုင်များအနေဖြင့် မျောက်ဦးရေကို ကြားဝင်စစ်ဆေးပေးရန် ဒေသခံ များက တောင်းဆိုကြသော်လည်း ဓလေ့ထုံးတမ်းပါ အမြီးရှည် မျောက်တစ်မျိုးတည်းကိုသာ ခွဲထုတ်ရမည့် အခက်အခဲများကြောင့် အိန္ဒိယပါလီမန်အဆက်ဆက်က တွန့်ဆုတ်နေခဲ့သည်။

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ကြီးများနှင့် အားနည်းသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များတည်ရှိရာ အိန္ဒိယနိုင်ငံသည် မကြာသေးမီရက်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုများ နေ့စဉ် စံချိန်တင်မြင့်တက်လာခဲ့သည်။ ေ

မေ-၃၁ နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြင့် သေဆုံးသူ ၅,၁၈၅-ဦး ရှိနေသည်။ ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ပိုး စွဲကပ်ခံရသူ ၇,၉၆၄-ဦး တွေ့ရှိရခြင်းကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၁၈၁,၈၂၇-ဦးဖြင့် ကမ္ဘာပေါ်တွင် ကူးစက်မှုအများဆုံး နံပါတ်- ၉ နေရာတွင် ရှိနေကြောင်း Worldometer အရ သိရှိရသည်။

((( Guardian ., May 29, 2020, “Monkeys steal Covid-19 test samples from health worker in India.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.theguardian.com/world/2020/may/29/monkeys-steal-covid-19-test-samples-health-worker-india

https://news.sky.com/story/coronavirus-monkeys-grab-and-flee-with-infected-blood-samples-11997346

https://news.sky.com/story/coronavirus-monkeys-escape-with-covid-19-samples-after-attacking-lab-assistant-11996752

https://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.