စီအိုင်အေက ကျူးဘားခေါင်းဆောင်အား သတ်ဖြတ်ရန် စီစဉ်ခဲ့။ အမေရိကန်၏လုံခြုံရေးအဆင့်လျော့ချလိုက်သည့် စာရွက်စာတမ်းများထွက်ပေါ်။ အမေရိကန်သမ္မတ ၁၁ ဦးဆက်တိုက် အာခံခဲ့သူ ဖီဒဲလ်ကက်စထရို လုပ်ကြံရန်ကြံစည်မှုများမှ လွတ်မြောက်ခဲ့သည့် ၆၃၈ ကြိမ်ဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်တင်။


CIA သည် ၁၉၆၀-ခုနှစ်တွင် ကျူးဘားတော်လှန်ရေးခေါင်းဆောင်အား မတော်တဆမှု ပုံစံမျိုးဖြင့် သတ်ဖြတ်ရန်အတွက် လေယာဉ်မှူးတစ်ဦးအား ဒေါ်လာတစ်သောင်းပေးရန် ကြိုးစားခဲ့သည်ကို အမေရိကန်၏ သောကြာနေ့တွင် လုံခြုံရေးအဆင့် လျော့ချလိုက်သည့် စာရွက်စာတမ်းများအရ အထောက်အထား ထွက်ပေါ်လာခဲ့သည်ဟု AFP က ယမန်နေ့ ရေးသားသည်။

…   
ကျူးဘားခေါင်းဆောင် #ရာအူးလ်ကတ်စ်ထရိုလိုက်ပါမည့် ချက်နိုင်ငံ ပရာ့ဂ်မြို့မှ ကျူးဘားခရီးစဉ်အတွင်း လေယာဉ် မတော်တဆမှု ဖန်တီးရန် ဖြစ်ကြောင်း၊ CIA က ၎င်းတို့ စည်းရုံးသိမ်းသွင်းထားသည့် ဂျိုစီရာအူးလ်မာရ်တီနက်ဇ် အမည်ရှိ လေယာဉ်မှူးအား ငွေပေးကာ ကမ်းလှမ်းခဲ့ကြောင်း၊ အပြန်အလှန်အနေဖြင့် အစီအစဉ်အတွင်း လေယာဉ်မှူးသေဆုံးခဲ့လျှင် ၎င်း၏ သား ၂-ဦးကို တက္ကသိုလ်ပညာသင်ကြားရန် CIA က အာမခံ ပေး မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

…   
CIA ၏ ပထမဆုံးအကြိမ် လုပ်ကြံရန် ကြိုးစားမှု ဖြစ်ဖွယ်ရှိသည့် အထောက်အထားများမှာ ဝါရှင်တန်အခြေစိုက် #အမျိုးသားလုံခြုံရေးမော်ကွန်းတိုက်သုတေသနဌာနတွင် သိမ်းဆည်းထားရာမှ လုံခြုံအဆင့်သတ်မှတ်မှု လျှော့ချလိုက်ခြင်းကြောင့် အများပြည်သူ ကြည့်ရှုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

…   
လေယာဉ်မှူးမာရ်တီနက်ဇ်က ပရာ့ဂ်မြို့သို့ ထွက်ခွာသွားပြီး များမကြာမီ  အစီအစဉ် ဖျက်သိမ်းကြောင်း CIA ဌာနချုပ်က ကျူးဘားရှိ ၎င်း၏အမာခံများထံ အကြောင်းကြားခဲ့သည်။ သို့သော် ထိုအချိန်၌ လေယာဉ်မှူးနှင့် အဆက်အသွယ် ပြတ်နေပြီ ဖြစ်သည်။ ကျူးဘားသို့ မာရ်တီနက်ဇ် ပြန်ရောက်လာသည့်အခါ ညှိနှိုင်းထားသည့်အတိုင်း အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ကြောင်း ၎င်းအား ကိုင်တွယ်သူကို ပြောပြသည်။

…   
ကျူးဘားတွင် အာဏာအကြီးမားဆုံး ကွန်မြူနစ်ပါတီ အကြီးအကဲရာထူးမှ အသက် ၈၉-နှစ်အရွယ် ဖီဒဲလ် နှုတ်ထွက်၍ ညီဖြစ်သူ ရာအူးလ်က ဆက်ခံမည့်အချိန်တွင် လုပ်ကြံရန် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။ ရာအူးလ် မရှိတော့ခြင်းမှာ ကျူးဘားတွင် ၁၉၅၉-ခုနှစ်မှ စတင်၍ ဆယ်စုနှစ် ၆-ခုနီးပါးကြာ ကက်စ်ထရိုမိသားစု၏ အာဏာချုပ်ကိုင်မှုကို အဆုံးသတ်စေမည်ဖြစ်သည်။ 

…    
သမိုင်းတကွေ့တွင် ကျူးဘားတော်လှန်ရေးအပေါ် ဆန့်ကျင်ရာတွင် အမေရိကန်၏ လျှို့ဝှက် ဆိုးရွားသော လုပ်ဆောင်မှုများကို ယခု စာရွက်စာတမ်းများက အမှတ်ရစေကြောင်း၊ ၂၀၁၈-ခုနှစ်မှစ၍ #သမ္မတ_မီဂယ်ဒီရာကန်နယ်က ကျူးဘားကို စီမံအုပ်ချုပ်လျှက်ရှိကြောင်း၊ ကက်စထရိုခေတ် တရားဝင်ကုန်ဆုံးသွားသည့်နှင့်အမျှ  အမေရိကန်မူဝါဒချမှတ်သူများအနေဖြင့် သမိုင်းဝင်အမှတ်အသားများကို ပစ်ချပြီး ကတ်စ်ထရိုအလွန် ကျူးဘား၏ အနာဂတ်ကာလကို စေ့စပ်ညှိနှိုင်းရန် အခွင့်အလမ်း ရှိနေသည်ဟု အမျိုးသားလုံခြုံရေးမော်ကွန်းတိုက် လေ့လာဆန်းစစ်သူတစ်ဦးက ဝေဖန်သည်။

…  
#ဖီဒဲလ်ကက်စထရိုသည် အမေရိကန်သမ္မတ ၁၁ ဦးကို အာခံခဲ့ပြီး လုပ်ကြံရန်ကြံစည်မှုပေါင်းများစွာမှ လွတ်မြောက်ခဲ့ရာ ဂင်းနစ်ကမ္ဘာ့စံချိန်အရ ၆၃၈ ကြိမ် ရှိခဲ့သည်။ ၎င်းတို့အနက် ကွန်မြူနစ်အစိုးရဖြုတ်ချရေး စီအိုင်အေက လေ့ကျင့်ငွေကြေးထောက်ပံ့သည့် ၁၉၆၁-ခုနှစ် ကက်စထရိုဆန့်ကျင်သူ ကျူးဘားလူမျိုး ၁၄၀၀ တို့၏ #ပစ်ပင်လယ်အော်စစ်ဆင်ရေး အရေးနိမ့်ခြင်းလည်း ပါဝင်သည်။

(((AFP.,Apr 17 2021, “The plot came to light as Raul Castro, the 89-year-old brother of Fidel Castro, prepares to leave Cuban politics.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။

#ကျူးဘားခေါင်းဆောင်အား_လုပ်ကြံရန်_စီအိုင်အေ_စီစဉ်ခဲ့

https://www.channelnewsasia.com/news/world/cia-plan-assassinate-raul-castro-1960-declassified-pilot-14639816
https://www.dhakatribune.com/world/latin-america/2021/04/17/cia-planned-to-assassinate-raul-castro-in-1960

+2

Leave a Reply

Your email address will not be published.