စနေနေ့ ညပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် သေဆုံးပြီဖြစ်ကြောင်း သတင်းရင်းမြစ်မျိုးစုံတို့က ညွှန်ပြနေဟု ဗြိတိန်လူပြိန်းကြိုက် သတင်းစာများတွင် ဖော်ပြ။ တက်ဗ်လွိုက်ဆိုသည်မှာ

မြောက်ကိုရီးယားနိုင်ငံ၏ဥသျှောင်ဖြစ်သူ ကင်ဂျုံအန်သေဆုံးပြီဖြစ်ကြောင်း မြောက်ကိုရီးယားနှင့် အရှေ့ဖျားသတင်းရင်းမြစ်များက အခိုင်အမာညွှန်ပြလျှက်ရှိသော်လည်း သိပ်သည်းလှသော ဝိုင်းပယ်ခံနိုင်ငံ၏ လျှို့ဝှက်လေ့ရှိသော အစဉ်အလာများအရ ယခုတိုင် ပြတ်သားစွာ မသိရသေးကြောင်း ဗြိတိန် လူပြိန်းကြိုက်သတင်းစာ Daily Express က ယနေ့ရေးသားသည်။

တရုတ်နှင့် ဂျပန်နိုင်ငံမီဒီယာများကဲ့သို့ ဒေသတွင်းသတင်းများက အထီးကျန်နိုင်ငံ၏ အသက် ၃၆-နှစ်အရွယ်ခေါင်းဆောင်ဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြလျှက်ရှိသည်။ အခြားသတင်းများ၌မူ ကင်ဂျုံအန်မှာ မအောင်မြင်သော နှလုံးခွဲစိတ်ကုသမှု ခံယူအပြီး အိပ်ယာထက်တွင် လဲလျှောင်းကာ သတိလက်လွတ် မျှော်လင့်ချက်ကင်းသည့် အခြေအနေတွင်ရှိကြောင်း ရေးသားလျှက်ရှိသည်။ အလွန်အမင်း လျှို့ဝှက်လေ့ရှိသော အစိုးရအဖွဲ့အစည်းတစ်ရပ်၏ ခေါင်းဆောင်ဖြစ်သူ အမှန်တကယ်သေဆုံးခြင်းရှိ-မရှိဆိုသည်မှာ တရားဝင်သတင်းမထုတ်ပြန်မချင်း သတင်းအတည်ပြုရန် အခက်တွေ့လျှက်ရှိသည်ဆို၏။

သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ တူမတော်စပ်သည်ဟု သူ့ဖာသာပြောဆိုသူ ဟောင်ကောင်အခြေစိုက် HKSTV သတင်းရုပ်သံဋ္ဌာန၏ လက်ထောက်ဒါရိုက်တာ စူကျန်ှရှင်ကျို့ကမူ ကင်ဂျုံအန်သေဆုံးသည့်သတင်းမှာ မှန်ကန်ခိုင်မာကြောင်း အာမခံသည်။

လွန်ခဲ့သည့် ကြာသပတေးနေ့တွင် တရုတ်အစိုးရက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို မြောက်ကိုရီးယားမြို့တော်ပြုံယမ်းသို့ စေလွှတ်ခဲ့ကြောင်း Reuters က ဖော်ပြသည်။ Shukan Gendai အမည်ရှိ ဂျပန်အပတ်စဉ်ကမူ မြောက်ကိုရီးယားအာဏာရှင်မှာ ရှုတ်ထွေးသော နှလုံးခွဲစိတ်ကုသမှုခံယူပြီးနောက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ၌ ရှိနေကြောင်း လွန်ခဲ့သည့် နာရီပိုင်းက ရေးသားသည်။

ကင်ဂျုံအန်ကို ကုသရန်စေလွှတ်ခြင်းခံရသည့်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုယူဆရသော တရုတ်ဆရာဝန်တစ်ဦးကပြောဆိုရာတွင် မြောက်ကိုရီးယားခေါင်းဆောင်၏ ခွဲစိတ်ကုသမှုခံယူခဲ့ရခြင်းမှာ သာမန်နှလုံးရောဂါကြောင့် ဖြစ်သော်လည်း အတော်လေးဖျားနာလျှက်ရှိကြောင်း ဆင်ဆင်ခြင်ခြင်ပြောရာ၌ အသေးစိတ်အချက်အလက်များ မပါရှိချေ။

ခွဲစိတ်ကုသမှုခံယူအပြီး မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သူမှာ အသည်းအသန်ဖြစ်လျှက်ရှိကြောင်း အစောဆုံးဖော်ပြခဲ့သည့် မီဒီယာများ၌ သတင်းရင်းမြစ်ခိုင်မာရာ၌ နာမည်ကျော်လူသိများသော CNN လည်း ပါဝင်သည်။ သို့သော် တောင်-မြောက်နှစ်နိုင်ငံကြား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဆိုင်ရာ တောင်ကိုရီးယား အရာရှိတစ်ဦးက ပြောကြားရာတွင် စောစောပိုင်း CNN က ဖော်ပြခဲ့သည့်အတိုင်း ဖြစ်နိုင်ပုံ မရကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင်အနေဖြင့် အလုပ်တာဝန်များ ပိလျှက်ရှိနေပုံရပြီး ၎င်းတို့နှင့် ပုံမှန်အဆက်အသွယ်ပြုလျှက်ရှိကြောင်း၊ မြောက်ကိုရီးယားမီဒီယာနှင့် ၎င်းနိုင်ငံအတွင်း လှုပ်ရှားမှု့တို့မှာလည်း ထူးခြားမှု မတွေ့ရကြောင်း တရားဝင်ပြောကြားသည်။

ထို့ပြင် Russia Today ၏ ယနေ့သတင်းအရ သေပြီ- သို့မဟုတ် သေငယ်ဇောနှင့် မျောနေသည်ဆိုသော ကင်ဂျုံအန်က ဆောက်လုပ်ရေးအလုပ်သမားများထံ သဝဏ်လွှာပေးပို့ကြောင်း ဖော်ပြထားသည်။


သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း ကင်ဂျုံအန်သေလုမျောပါးဖြစ်နေသည်ဟု CNN ၏ ဖော်ပြချက်ကို လက်မခံနိုင်ကြောင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကျန်းမာစေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သောကြာနေ့အထိ တောင်ကိုရီးယားထောက်လှမ်းရေးအသိုင်းအဝိုင်းမှ ရရှိသည့် သတင်းရင်းမြစ်များအရ မြောက်ကိုရီးယားခေါင်းဆောင်မှာ အသက်ရှင်လျှက်ရှိနေပြီး မကြာမီ လူသူအများကြား ပြန်လည်မြင်တွေ့ရလိမ့်ဟုသာ ညွှန်ပြလျှက်ရှိသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကလည်း လူမြင်ကွင်းမှ ကင်ဂျုံအန်ပျောက်ကွယ်နေခြင်းနှင့် အကြီးအကျယ်ဖျားနာနေကြောင်း သတင်းများအပေါ် တစ်စုံတစ်ရာ ပြောကြားရန်မရှိပဲ မိမိတို့အနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင်အား အချိန်မလပ်စောင့်ကြည့်နေသူများဖြစ်သည်ကို သိရှိကြစေလိုကြောင်း ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင်အား နိုင်ငံတကာ သတင်းဖတ်ပြည်သူတို့ နောက်ဆုံးတွေ့မြင်ရသည်မှာ လွန်ခဲ့သည့် ဧပြီလ ၁၁-ရက်နေ့ဖြစ်သည်။ ဧပြီလ ၁၅-ရက်နေ့တွင် ကျင်းပသည့် ကင်အီဆွန်း မွေးနေ့အခန်းအနား၌ ကင်ဂျုံအန်အား တွေ့မြင်ရခြင်း မရှိချေ။ မြောက်ကိုရီးယားအား လက်ဝဲနိုင်ငံအဖြစ် ထူထောင်ခဲ့သူလည်းဖြစ် အဖိုးတော်စပ်သူလည်းဖြစ်သော ကင်အီဆွန်း၏ အရေးကြီးအခန်းအနားတွင် အစဉ်အလာမပျက် တက်ရောက်လေ့ရှိသည့် ကင်ဂျုံအန်အား မတွေ့ရခြင်းမှာ ယခင်ကဲ့သို့ သတင်းအရှုတ်အထွေးများ၏ အစပျိုးရာ ဖြစ်ခဲ့သည်။

မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင်အထီးကျန်ဆုံးနှင့် လုံခြုံရေးအတင်းကြပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ခေါင်းဆောင်များ၏ ကျန်းမာရေးကို နိုင်ငံတော်လုံခြုံရေးကိစ္စအဖြစ် သတ်မှတ်ထားသည်။

(( သင့်အနေဖြင့် သတင်းတစ်ပုဒ်ဖတ်ပြီးနောက် ထိုင်ရာမှ အိမ်ပြင်ထွက်ကာ ကောင်းကင်မော့ကြည့်လိုက်၊ လမ်းသွားလမ်းလာ တစ်ယောက်ချင်းစီကို စေ့စေ့လိုက်ကြည့်ရသည့် အဖြစ်မျိုးနှင့် ကြုံဖူးပါသလား။ သတင်းစာ၌ ဖော်ပြထားသည်မှာ အခြားကမ္ဘာမှ ဂြိုလ်သားများသည် ကမ္ဘာမြေပေါ်တွင် လူသားဟန်ဆောင်လျှက် ရောနှောနေထိုင် လာခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ထို လူအတု ဂြိုလ်သားတို့ဖြစ်ကြောင်း အကြမ်းဖျဉ်း ခွဲခြားသိရှိနိုင်သည်မှာ ထိုသူတို့သည် ကျွန်ုပ်တို့ လူသားအစစ်များနှင့် မျက်နှာချင်တွေ့ရလျှင် မည်သည့်အခါမျှ မျက်လုံးချင်း မဆုံမိအောင် ြကိုးစားလေ့ရှိကြောင်း ရေးသားထား၍ဖြစ်သည်။

အဆိုပါ ရေးသားချက်ကို အားဖြည့်သည့်အနေဖြင့် လူအများတို့ လက်ဆွဲနှုတ်ဆက်နေကြဟန် ဓါတ်ပုံများလည်း ပူးတွဲဖော်ပြထားရာ ကွယ်လွန်သူ အမေရိကန်သမ္မတ ဂျေအက်ဖ်ကနေဒီနှင့် လက်ရှိ ဟောလိဝုဒ်သရုပ်ဆောင် တာမနေးတားကြီး အာနိုးဖြစ်နေလေသည်။


အာနိုးမိန်းမသာ ထိုသတင်းဖတ်မိလျှင် အိပ်ယာထဲက ထပြေးရမည့် ကိန်းဆိုက်ခြင်း ဖြစ်တော့သည်။


မယုံမရှိပါနှင့် ထိုကဲ့သို့သော အကြောင်းအရာမျိုးကိုမှ တစ်ခုပ်တစ်ရဖော်ပြလေ့ရှိသော သတင်းစာမျိုးမှာ အမ်းဂလိတ်တိုင်းပြည်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ရှိခဲ့သည်။ ၎င်းတို့သည် ပရင့်တက်ခေတ်တွင် စောင်ရေ သန်းချီပုံနှိပ်ရသော်လည်း Tabloid “ တက်ဗ်လွိုက်” “ လူပြိန်းကြိူက်”အဖြစ်သတ် မှတ်ခြင်းခံရသည်။ ထိုသတင်းစာမျိူးကိုမှ သည်းခြေကြိုက် အလေးထားဖတ်သော သူ့ပရိဿတ်နှင့်သူ သန့်သန့်လေး ရှိနေပါသည်။

ကင်ဂျုံအန်သေခြင်းသတင်းကို မတင်မကျ တစ်ခန်းတနားဖော်ပြကြပြီး၊ အထီးကျန်နိုင်ငံ၏ အာဏာရှင်သေဆုံးခြင်းမှသည် ညူလက်နက်များ ထုတ်သုံးကြမည့် တတိယကမ္ဘာစစ်နှုတ်ခမ်းဝသို့ တွန်းပို့ရာရောက်-မရောက်၊ မြောက်ကိုရီးယားမှ ပြည်သူများထွက်ပြေးကြခြင်းဖြင့် ဒေသတွင်း ဒုက္ခသည်ပြဿနာဖြစ်-မဖြစ်။ တရုတ်နှင့် ရုရှားစစ်တပ်များက မြောက်ကိုရီးယားသို့ ဝင်-မဝင်သာမက ဂူအမ်ကျွန်းအမေရိကန်စစ်အခြေစိုက်စခန်းမှာ ခုချက်ချင်းပင် မစ်ဆိုင်းလ်များနှင့် အပစ်ခံရတော့မလောက် ရေးသားနေကြပါသည်။


မြောက်ကိုရီးယားသည် သတင်းမှောင်ချရာတွင် လူသိများသည်။ ကမ္ဘာက စိတ်ဝင်စားသော ကင်ဂျုံအန် သေ-မသေဆိုသည်မှာ ကာယကံရှင်တိုင်းပြည်က တရားဝင်သတင်းထုတ်ပြန်မှသာ အမှန်သိနိုင်ပါသည်။ အပျင်းပြေ ဖတ်ယုံသာဖြစ်သော Tabloid များမှ သတင်းတို့အား အတည်ယူနေလျှင် သင့်အနေဖြင့် ကလုန်နာမကိုက်ရပဲ အုံးနှောက် ဂန့်သွားနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., April 25, 2020, “’Kim Jong-un dead’ – multiple sources claim North Korean dictator died Saturday night. By REBECCA PERRING” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.express.co.uk/news/world/1273869/kim-jong-un-dead-north-korea-kim-jong-un-health-latest-kim-jong-un-dead-reports

https://www.dailymail.co.uk/news/article-8256791/China-sends-medics-North-Korea-amid-claims-Japanese-media-Kim-Jong-vegetative-state.html

https://www.express.co.uk/news/world/1272833/north-korea-kim-jong-un-death-world-war-3

https://www.rt.com/news/486905-kim-train-letter-health/

0

2 Replies to “စနေနေ့ ညပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် သေဆုံးပြီဖြစ်ကြောင်း သတင်းရင်းမြစ်မျိုးစုံတို့က ညွှန်ပြနေဟု ဗြိတိန်လူပြိန်းကြိုက် သတင်းစာများတွင် ဖော်ပြ။ တက်ဗ်လွိုက်ဆိုသည်မှာ”

  1. wonderful put up, very informative. I wonder why the other specialists of this sector don’t notice this. You should proceed your writing. I’m confident, you have a great readers’ base already!|

    0
  2. My brother recommended I might like this web site. He was entirely right. This post actually made my day. You cann’t imagine simply how much time I had spent for this info! Thanks!|

    0

Leave a Reply

Your email address will not be published.