စွပ်စွဲချက် မမှန်ကြောင်း နိုင်ငံတော်ကိုသာ ထောက်ခံပါ။

ယမန်နေ့ထုတ် ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ICJ ရောက် မြန်မာအရေးနှင့် ပတ်သက်၍ Suu Kyi’s loyalists rally for Myanmar leader before genocide trial “လူမျိုးသုဉ်းပြုမှု့ အမှု့ရင်ဆိုင်ခြင်းမတိုင်မီ စုကြည်သစ္စာခံများက မြန်မာခေါင်းဆောင်အား စုရုံးထောက်ခံ “ ဟု ခေါင်းစဉ်တပ်လျှက် သတင်းတစ်ပုဒ်ဖော်ပြသည်။ 

Reuters မှ ကူးယူဖော်ပြသော အဆိုပါသတင်းတွင် လူထုအင်အားပြပွဲသို့ တက်ရောက်လာသူများ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထင်မြင်ချက်နှင့် ထောက်ခံပုံများကို အသေးစိတ်ရေးသားထားသည်ကို တွေ့ရှိရပါသည်။ 

သို့သော် သတင်းဓါတ်ပုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံမှတပါး အင်္ဂလိပ်ဘာသာဖြင့် မြင်နေရသည်မှာ We stand with Myanmar “ မြန်မာနိုင်ငံနှင့်အတူ ငါတို့ ရပ်တည်သည် “ ဟူ၍ ဖြစ်နေလေသည်။ 


ထိုသို့ သတင်းခေါင်းစဉ်တပ်ခြင်းမှာ မြန်မာသတင်းပရိဿတ်အတွက် သိပ်တော့ မထူးဆန်းဟု ဆိုချင်ပါသည်။ 

ရခိုင်မြောက်ဖျား မြန်မာ့တပ်မတော်က အင်အားအလွန်အကျွံသုံးစွဲသည်ဆိုခြင်းနှင့် ရက်စက်ကြမ်းကြုတ်စွာ အရမ်းကာရောသတ်ဖြတ်သည်၊ အစုအပုံလိုက်မုဒိန်းကျင့်သည်ဆိုခြင်းမှာ အထောက်အထားမတွေ့ရကြောင်း၊ ဆက်လက်ရှာဖွေဆဲဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာက အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြောင်း သိပြီးဖြစ်ပါမည်။ 

သို့သော်လည်း အဆိုပါ စွပ်စွဲချက်များအတိုင်း ဝန်ခံရန် ပြည်တွင်းမီဒီယာအချို့နှင့် အဖွဲ့အစည်းအချို့က ပြောဆို ရေးသားကြသည်ကို တွေ့နေရ၍ ဖြစ်သည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့အစည်းနှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ( FFM ) ယခု နောက်ပိုင်း IIMM အထိ ပြောဆိုကြသည်မှာ စွပ်စွဲချက်များသာဖြစ်၍ စီရင်ပိုင်ခွင့်ရှိသော မည်သည့် တရားရုံးကမျှ စွပ်စွဲချက်မှန်ကန်သည်ဟု ဆုံးဖြတ်ခြင်း ယနေ့အထိ မရှိသေးပါ။ သက်သေဆိုသော ဓါတ်ပုံ-လူပုဂ္ဂိုလ်တို့အား အသေးစိတ်အပြန်အလှန် စစ်ဆေးရန်လိုအပ်လျှက်ရှိပါသည်။ 
ထို့ကြောင့် မရှိသေး/ မဖြစ်သေး/မဆုံးဖြတ်ရသေးသည်ကို ကြိုတင်ဝန်ခံခိုင်းရာ ရောက်လေသည်။ 

မြန်မာဖက်က လိုက်ပါဆောင်ရွက်မည်ဟု သတင်းထွက်လျှက်ရှိသော William Schabas က “ ဂျီနိုဆိုက်ခြင်းမှာ အမှန်ဖြစ်ကြောင်း “ Al Jazeera နှင့် တွေ့ဆုံခန်းတစ်ခုလုံးကို စာကြောင်း သုံးကြောင်းခန့်ဖြင့် ဖော်ပြထားချက်အား လူမှု့ကွန်ယက်၌ သူ့ထက်ငါကောင်း အငမ်းမရ ရှယ်လျှက်ရှိပါသည်။ 

မူရင်း Al Jazeera သတင်းမှာ A4 Size တစ်မျက်နှာခန့်ရှိ၍ ရခိုင်လူမျိုး သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနှင့် ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ ပြောဆိုချက်များလည်း ပါဝင်သည်။ 
ရခိုင်မြောက်ဖျားပဋိပက္ခသည် မနေ့တစ်နေ့ကမှ ကောက်ခါငင်ကာ ဖြစ်ပွားခြင်းလုံးဝမဟုတ်ပါ၊ လတ်တလော ဖြစ်သည်ကတော့ ကျောက်နီမော် မှစတင်ပြီး တောင်ကုတ်- မောင်တောဂျီဟဒ်နှင့် မိတ္ထီလာပဋိပက္ခတို့ဖြစ်ကြောင်း အစီအရီတွေ့ရှိနိုင်ပါသည်။

 
Al Jazeera ၏ သတင်းဖော်ပြချက်မှာ မေ-၀၃ ရက်နေ့ဖြစ်သည် ။ မိတ္ထီလာပဋိပက္ခသည် မတ်-၂၀၊ ၂၀၁၃ တွင် ဖြစ်ပွားသည်။ လူပေါင်းများစွာ သေဆုံးရသော ဘာသာရေးအဓိကရုန်းတွင် အပြစ်ကျူးလွန်သည်ဟု ယူဆရသူများအား တရားရုံးတင် စစ်ဆေးနေချိန်၊ ထိုဖြစ်ရပ်မှာ Genocide “ လူမျိုးသုဉ်းပြုခြင်း “ ဖြစ်ကြောင်း ရိုလော်ဘီတို့ အသည်းအသန် အားထုတ်နေချိန်ဖြစ်ကြောင်း တွေ့ရပါသည်။ ထိုစဉ်က Genocide သည်ဟု ပြည်တွင်းမှ ပြောဆို သူအချို့မှာ ယနေ့ မြန်မာပြည်တွင် မရှိတော့ပဲ ရေခြား မြေခြား ရောက်နေပါပြီ။ 


ဖြစ်စဉ်တစ်ခုလုံးကို ခြုံ၍ Al Jazeera က အချက် ၇-ချက်ထုတ်ပေးထားပြီး William Schabas အား ထင်မြင်ချက် တောင်းခံခြင်းဖြစ်ပုံရသည်။ 


“We’re moving into a zone where the word can be used (in the case of the Rohingya). When you see measures preventing births, trying to deny the identity of the people, hoping to see that they really are eventually, that they no longer exist, denying their history, denying the legitimacy of the right to live where they live, these are all warning signs that mean that it’s not frivolous to envisage the use of the term genocide.” 

နိုင်ငံတကာ ရာဇဝတ်မှု့ခင်းကျွမ်းကျင်သူ ပါမောက္ခ William Schabas ၏ အထက်ပါအတိုင်း ဖြေဆိုချက်မှာ Genocide ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်သည်ဟု နားလည်းမိပါသည်။ 

Genocide ကို “ လူမျိုးတုန်းသတ်သည် “ ဟု တစ်တစ်ခွခွ ဘာသာပြန်နေကြသော်လည်း အမှန်စင်စစ် “ သတ်သည် “ ဟု တစ်ထစ်ချ မဆိုထားပါ။ တိုတိုပြောရလျှင် ၁၉၄၈-ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ ဂျီနိုဆိုက်ကွန်ဗင်းပါအချက်အလက်များနှင့် ညီလျှင် genocide “ လူမျိုးသုဉ်းပြုသည် “ ဟု သတ်မှတ်နိုင်ပါသည်။ 

ပါမောက္ခ William Schabas ၏ အဖြေမှာ Al Jazeera ၏ ၇-ချက်အတိုင်းအမှန်ဖြစ်လျှင် (ကွန်ဗင်းရှင်းပါ အချက်များကို ဖော်ပြလျှက်) ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာ ) တို့အပေါ် genocide “ လူမျိုးသုဉ်းပြုကြောင်း “ သတ်မှတ်နိုင်သည်ဟု ဖြစ်ပါသည်။ 

ထိုမှ ဆက်ပြောလျှင် ယခုကျွန်တော်ရေးခဲ့သော စာစု၏ အစပိုင်းသို့ ပြန်ရောက်သွားပါလိမ့်မည်။ 

ICJ တွင် စွဲဆိုသောအမှု့မှာ NLD အစိုးရကိုလည်းမဟုတ်၊ မြန်မာ့တပ်မတော်ဟုလည်း မရည်ညွှန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့အပေါ် စွဲဆိုခြင်းလည်းမဟုတ်ပါ။ “မြန်မာနိုင်ငံတော် “ အပေါ် စွဲဆိုခြင်းသာဖြစ်သည်။ 

ဂမ်ဘီယာ၏ ICJ သို့ လျှောက်ထားလွှာတွင် “ မြန်မာနိုင်ငံတွင် ဂျီနိုဆိုက်များဖြစ်ပွားလျှက်ရှိသဖြင့် မြန်မာနိုင်ငံက ရပ်ဆိုင်းစေရန်၊ ဂျီနိုဆိုက်နှင့်ပတ်သက်သော သက်သေအထောက်အထားများကို မဖျက်ဆီးစေရန်၊ ပြဿနာ ပိုမိုကြီးထွားအောင် မလုပ်ပဲ ချောမွေ့စွာ ဖြေရှင်းစေရန် ICJ က Provisional measure ခေါ် ယာယီအမိန့်ချမှတ်ပေးရန်မှာ လတ်တစ်လော အရေးအကြီးဆုံးဖြစ်သည်။ 

၁၇-ပါးထိုင် တရားရုံးတွင် တရားသူကြီး ၉-ဦးက အနည်းဆုံး ထောက်ခံရမည်ဖြစ်သည်။ 

ထိုသို့သောအခြေအနေတွင် စွပ်စွဲချက် မမှန်ဟု ယုံကြည်ကြောင်း နိုင်ငံတော်ကို ထောက်ခံခြင်းသာလျှင် နည်းလမ်းမှန်ဖြစ်ပါသည်။ ထောက်ခံ၍ တရားစီရင်ရေးလမ်းကြောင်း ပြောင်းလဲသွားမည်မဟုတ်သော်လည်း စွပ်စွဲခံရ၍ ကျဆင်းနေသော နိုင်ငံတော်ပုံရိပ်အပေါ် အပြုသဘောဆောင်နိုင်ပါသည်။ 

ထို့ပြင် အရေးကြီးလှသော ယခုအချိန်တွင် ဇဝေဇဝါ အာရုံတွေပြားဖွယ် ပစ်ပေါက်လျှက်ရှိသော “ ခဲလုံး “ များကို လိုက်ကြည့်မနေပဲ “ ခဲလာရာလမ်း “ ကိုသာလျှင် ဂရုပြုသင့်ပါသည်။

  
အစဉ်လေးစားစွာဖြင့် 


#HtayOung, #OungMarine 


((( bdnews24., 02 Dec 2019. “ Suu Kyi’s loyalists rally for Myanmar leader before genocide trial.” နှင့် Al Jzeera., 3 Mar 2013.” Expert warns of Rohingya genocide. Expert warns of Rohingya genocide.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ကိုးကားသည်။))) 

https://bdnews24.com/neighbours/2019/12/02/suu-kyis-loyalists-rally-for-myanmar-leader-before-genocide-trial 
https://www.aljazeera.com/pressoffice/2013/03/20133210535530465.html 

https://www.un.org/en/genocideprevention/genocide-convention.shtml 
#ICJ #WilliamSchabas #Genocide

0

Leave a Reply

Your email address will not be published.