ဆင်းရဲလွန်းလျှင်လည်း တွန်းတိုက်မှု ဖြစ်တတ်သည်။ တိုင်းရင်းသားတွေ ပုန်ကန်သတဲ့လား

Credit: Daewa Nadi နယ်စပ်ကုန်သွယ်ရေး (#ဘင်္ဂလားဒေ့ရှ်ဆီသို့) *

***********

နယ်စပ်ကုန်သွယ်ရေးလုပ်ကြရမှာ ပို့ကုန်များခြင်းဟာ နိုင်ငံ့ဘဏ္ဍာငွေကို ဖြည့်တင်းပေးပါသတဲ့။ မှန်သင့်သလောက် မှန်တယ်လို့သာ ပြောချင်ပါတယ်။ အဲဒီ နိုင်ငံ့ဘဏ္ဍာဆိုတာကို ကုန်သည်လုပ်ငန်းရှင်တွေက ပြောင်းပြန်အချိုးချပြီး၊ လုပ်ဆောင်နေကြတာတွေရှိပါတယ်။

(၁၂ ၊ ၅ ၊ ၂၀၂၀)ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇာဒေသ၊ ကူတုပါလောင် IDP camp ဒုက္ခသည်စခန်း မီးလောင်ကျွမ်းခဲ့ပါတယ်။ နေအိမ်တန်းလျားတွေ ဆောက်လုပ်ဖို့ မကြာမီ( မိုးမကျမီ ) သစ်ဝါးတွေ အပူတပြင်းလိုအပ်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဖက်က ကုန်သွယ်ရေး( မှောင်ခို )နဲ့ မကြာမတင် ရောက်ရှိသွားမှာပါ။ မှောင်ခိုစနစ်ကြောင့် စီးပွားရေးခိုင်မာမှုမရှိသလို ကုန်စည်ရောက်သွားတော့လည်း သူများလက်ခုပ်ထဲကရေလို ပေါက်ဈေးချိုးနှိမ်ခံရသလို အကြွေးတင်စနစ်နဲ့ လည်ပတ်နေကြတာကို မကြာခဏ ကြားသိနေရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ အိမ်နီးချင်းနိုင်ငံတွေကို မှီခိုနေပေမယ့် ကုန်စည်ပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေး၏ စနစ်မကျသော လုပ်ဆောင်မှုတွေကြောင့် မြန်မာငွေကြေးတန်ဖိုး ထိုးဆင်းနေတာကို မည်သူကမျှ ပြန်လည်တိုးမြှင့်လာရန် သတိမရကြတော့ပေ။ ၂၀၁၆ လွန်မြောက်ပြီး ဘင်္ဂါလီတွေထွက်ပြေးကြတော့ IDP Camp အတွက် သစ်ဝါးတွေကို စည်းကမ်းမဲ့ ပို့ဆောင်ကုန်ကူးကြတယ်။ IDP camp အားလုံးကို မြန်မာနိုင်ငံဖက်က သစ်ဝါးတွေနဲ့ ဆောက်လုပ်ထားတာကို သတိပြုမိကြပါလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အားလုံးလည်း မြန်မာနိုင်ငံကို အထိုက်အလျောက် မှီခိုနေကြရပါတယ်။ ပစ္စည်းဝယ်လိုအားများလာယင် ကုန်စည်ပိုင်ဆိုင်သူက ကြိုက်ဈေးခေါ်လို့ရတယ်။ ခိုင်မာအောင်လုပ်လို့ရပါတယ်။ သို့သော် ဝိသမလောဘသားတွေက ကိုယ့်အဆင့်ကို ကိုယ်မသုံးသပ်တတ်တာက အဆိုးဆုံးပါ။

လယ်မြေမှာ စိုက်ပြီးကျန်ရစ်ခဲ့တဲ့ စပါးတွေကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ ကြားသိခဲ့ဖူးပါတယ်။ ကုန်စည်ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံဟာ ရောင်းလိုအားစနစ်ကိုသာ တွန်းအားပေးလုပ်ဆောင်ပေမယ့် ငွေဈေး ပြန်လည်မြှင့်တင်မယ့်စနစ်မပါဝင်တာကြောင့် အနှိမ်ခံကုန်သွယ်ရေးစနစ်မျိုးသာ ကျင့်သုံးနိုင်တာပါ။

စီးပွားရေးပညာရှင်တွေ မသိဘူးလားဆိုတော့ ဒီလိုလည်း မဟုတ်ပြန်ပါဘူး။ လက်ဝေခံစနစ်ကို ဖျောက်ဖျက်နိုင်ခြင်း မရှိတာကြောင့် ( လေပတ်ကား ) လေရှယ်ယာသမားတွေ ကောင်းစားသွားပြီး နိုင်ငံဘဏ္ဍာ၊ ငွေကြေးစနစ်ဟာ အဖတ်ဆယ်မရလောက်အောင် ထိုးကျနေခြင်းဖြစ်သည်။

အာဏာပိုင်ဆိုသူတွေ ငွေကြေးချမ်းသာသွားပြီး၊ ဒေသတခုလုံးကတော့ ချွတ်ခြုံကျကာ ကျန်နေခဲ့ပါတယ်။ ဒီစနစ်တွေကို တိုက်ဖျက်ဖို့မလိုကြဘူးလား။ မှီခိုနေရတာကို သိသိကြီးနဲ့ ငါ့ဖို့၊ ငါ့ဆွေမျိုးဖို့ ဆိုပြီး သူတို့တွေ ကောင်းစားရေး ကူညီပေးနေသူတွေလည်း တာဝန်ရှိပါတယ်။

#ကုန်စည်တွေဆုတ်ယုတ်လာပြီးဒေသဆင်းရဲခြင်းဟာ #တချိန်ချိန်မှာတွန်းလှန်မှုတွေ ဖြစ်လာတတ်ပါတယ်။

#တိုင်းရင်းသားဒေသတွေမှာ #ပုန်ကန်မှုတွေဖြစ်ရတဲ့အချက်ထဲမှာ အဓိကတချက်ဆိုတာ သုံးသပ်တတ်ဖို့ လိုပါမယ်။

#DaeWaNadi

0

Leave a Reply

Your email address will not be published.