ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်။


၂၀၂၀ ရွေးကောက်ပွဲ အငြင်းပွားမှု့ အတွက် အဖြေပေးနိုင်တာ နည်းလမ်း တစ်ခုသာ ရှိပါတော့တယ်။
..
အဲ့ဒါက ဆန္ဒမဲပေးရက် အမှန်တကယ် မဲလာပေးသူ စာရင်းကို UEC က ထုတ်ပြန်ပေးဖို့ပါ၊
..
အခုတော့ UEC က တုတ်တုတ်မှ မလှုပ်ပဲ NLD ပြောရေးဆိုခွင့်ရှိသူက ဖြေချည့်နေတာတာ .. ဘာ အဓိပ္ပါယ်မှ မရှိပါ။ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်ရရင် မကောင်းနိုင်ပါ။
..
မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီ သက်တမ်းက အရမ်းနုနယ်ပါသေးတယ်၊ ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်ဖို့ လုံး၀ လိုအပ်ပါတယ်။ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ပါတယ်။
..
သန့်သန့်ရှင်းရှင်းနဲ့ အမှန်အကန် အနိုင်ရကြောင်း သက်သေပြပါ၊ စွပ်စွဲချက် မမှန်ကြောင်း ထင်ရှားသိချင်ပါ တယ်။
..
ကိုဗစ်နဲ့ ထောင်းလမောင်းကြေပြီးသား ပြည်သူလူထုမှာ ဘူးလေးရာ ဖရုံမဆင့်မိကြဖို့ အားလုံးကို တောင်းပန်ပါ တယ်။
..
ကိုယ့်နိုင်ငံသားချင်း .. အေးချမ်းစွာ အဖြေရှာလို့ ရနိုင်ပါတယ်။
..
ခုတော့ဗျာ .. ဆန်လေး.. ဆီလေး .. ပုန်းရည်ကြီးလေး ပြေးဝယ်ရတော့ မလိုပဲ….
အာ .. ဘယ့်နှယ် .. ပုန်းရည်ကြီးက ပါလာတာပါလိမ့်..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
.. 

0

Leave a Reply

Your email address will not be published.