ဆစ်ကင်းနယ်ခြားတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်။ နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိကြဟုဆို။ စစ်အင်အားကြီး ၂-နိုင်ငံအကြား မဟာဗျူဟာမြောက် နီပေါနိုင်ငံတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ကွန်မြူနစ်ပါတီမှ နှုတ်ထွက်စဉ် ကပ်လျှက်နယ်ခြား၌ နှစ်နိုင်ငံနယ်စပ်ပဋိပက္ခဖြစ်


အိန္ဒိယနိုင်ငံသည် အရှေ့မြောက်ပိုင်း #ကက်ရှ်မီးယားရှိ #လက်ဒက်ဒေသ၌ တရုတ်စစ်သားများနှင့် တင်းမာလျှက်ရှိနေစဉ် နိုင်ငံ့အရှေ့ပိုင်း #ဆစ်ကင်းပြည်နယ် #နကူလာဒေသ၌လည်း တရုတ်တို့နှင့် ပဋိပက္ခဖြစ်ပွားရပြန်ကြောင်း Times of India က ယနေ့ဖော်ပြသည်။ 

..  
လွန်ခဲ့သော ၃-ရက်၌ နယ်ခြားဒေသတွင် တရုတ်နှင့် အိန္ဒိယစစ်သားချင်း ပဋိပက္ခဖြစ်ပွားကြောင်းနှင့် နှစ်ဖက်စလုံး၌ အသီးသီးဒါဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိသည်။ 

.. 
သို့သော် လောလောဆယ်၌ အခြေအနေအရပ်ရပ်အား ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ နယ်ခြားဒေသ မတူညီသော နေရာများစွာတို့တွင် အိန္ဒိယပိုင်နက်နယ်မြေအတွင်း တရုတ်တို့က ကျူးကျော်ဝင်ရောက်မှုမှု ကြောင့် အိန္ဒိယနှင့် တရုတ်နယ်ခြားတပ်ဖွဲ့အတော်များများတို့ လုံးထွေးသတ်ပုတ်မှုများဖြစ်ပွားခဲ့ရသည်။ 

..
နကူလာနယ်ခြားတွင် ယခင်ကလည်း နှစ်ဖက်စစ်သားချင်း ပဋိပက္ခဖြစ်ပွားခဲ့ဖူးသည်။ တရုတ်-အိန္ဒိယနယ်ခြားရှိ ပန်ဂေါင်ဆို၊ ဂယ်လွမ်၊ ဂိုဂရာ စသည့် နယ်မြေများတွင် နှစ်ဖက်တပ်များအချင်းချင်း ရန်စောင်လျှက်ရှိရာတွင် လွန်ခဲ့သည့် မေလစောစောပိုင်း၌ နကူလာဒေသလည်း  အပါအဝင်ဖြစ်ခဲ့သည်။

..    
၂၀၂၀၊ မေလ ၉- ရက်တွင် ဆစ်ကင်းနယ်မြေ နကူလာတောင်ကြား၌ အင်အား ၁၅၀ ခန့်ရှိမည့် အိန္ဒိယစစ်သားများနှှင့် တရုတ်စစ်သားတို့ ထိပ်တိုက်တွေ့ခဲ့ကြကြောင်း၊ နှစ်ဖက်စလုံးမှ စစ်သား ၁၀-ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဆို၏။

.. 
သို့ရာတွင် ဒေသတွင်းအဆင့် တွေ့ဆုံဆွေးနွေးမှုအပြီး၌ နှစ်ဖက်တပ်များ အသီးသီး ပြန်လည်ဆုတ်ခွာပေးခဲ့သည်။ တရုတ်နှင့် အိန္ဒိယတပ်ဖွဲ့ဝင်များပဋိပက္ခဖြစ်ပွားခဲ့ကြရာတွင် အရှေ့မြောက်ဖျား လက်ဒက်ဒေသပြီးလျှင် နကူလာမှာ ယခုနောက်ဆုံးဖြစ်သည်။ 

..
လက်ဒက်၌ နှစ်ဖက်ထိပ်တိုက်တွေ့ရခြင်းမှ ရပ်တန့် ကြိုးပမ်းသည့်အနေဖြင့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာဆွေးနွေးခဲ့ကြရာ တနင်္ဂနွေနေ့တွင် နဝမအကြိမ်မြောက်ဖြစ်လာခဲ့သည်။ #လက်ဒက်အရှေ့ပိုင်းတွင် နှစ်ဖက်မျက်နှာချင်းဆိုင်နေရာအားလုံး၌ တင်းမာမှုလျော့ချရေးနှင့် တရုတ်တပ်များ အပြည့်အ၀ ဆုတ်ခွာရေးကို အိန္ဒိယကဆက်လက်ချိတ်ဆက်၍ ထပ်ခါတလဲလဲတောင်းဆိုခြင်းကြောင့် ဆွေးနွေးပွဲမှာ အဖြေမထွက်ခဲ့ချေ။ 

..  
၂၀၀၀ ပြည့်နှစ်၊ မေလ ၅ ရက် ညနေခင်း၌ တရုတ်နှင့်အိန္ဒိယစစ်သား ၂၅၀ ခန့်တို့အကြားမျက်နှာချင်းဆိုင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လတ်ဒက်အရှေ့ပိုင်း၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ အဆိုပါအကြမ်းဖက်မှုတွင် အိန္ဒိယစစ်သား ၂၀-ဦးနှင့် အရေအတွက် မသိရသော တရုတ်စစ်သားများ သေဆုံးခဲ့သည်။ 

..
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၂၀၂၀ ခုနှစ် မေလမှ ဇွန်လကတည်းက ပါဂေါင်ဆို ( ပါဂေါင်ရေကန် ) မြောက်ကမ်းပါးယံရှိ တောင်စွယ်တန်း ၄ ခုမှ ၈ ခုအထိ ပါဝင်သော ၅-မိုင်ခန့် အကျယ်ရှိသည့်နယ်မြေကို သိမ်းယူခဲ့သည်။ 

..
ထိုစဉ်အတွင်း #ဆစ်ကင်းပြည်နယ်နှင့်ကပ်လျှက် #နီပေါနိုင်ငံ၌ ကန့်ကွက်ဆန္ဒပြပွဲများဖြင့် နိုင်ငံရေး မငြိမ်မသက် ဖြစ်ပေါ်လျှက်ရှိသည်။ တရုတ်ထံမှ ကူးစက်ကပ်ရောဂါတားဆီးရေး ဆေးပစ္စည်းများ ဝယ်ယူရာတွင် ဝန်ကြီးချုပ် အိုလီ၏ ကွန်မြူနစ်ပါတီအစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားကြောင်း စွပ်စွဲချက်များထွက်ပေါ်ခဲ့သည်။ နိုင်ငံခြားခရီးသွားလုပ်ငန်းနှင့် ပြည်ပရောက် နိုင်ငံသားများထံမှ ငွေလွှဲပို့ခြင်းအပေါ်မှီခိုခဲ့သော နီပေါနိုင်ငံ၏ စီးပွားရေးမှာ ကိုရိုနာဗိုင်း ရပ်စ်ရောဂါကျရောက်ခြင်းကြောင့် ပြိုလဲလျှက်ရှိသည်။ 

..  
ဝန်ကြီးချုပ် ကေပီရှာမာအိုလီက ၎င်း၏ နီပေါကွန်မြူနစ်ပါတီနှင့် အတိုက်အခံအုပ်စုများက ကန့်ကွက်လျှက်ရှိသော်လည်း အကြီးဆုံးနီပေါကွန်ဂရက်အပါအဝင် အောက်လွှတ်တော်အား ဖျက်သိမ်းလိုက်ပြီး ဧပြီလ ရွေးကောက်ပွဲမတိုင်မီ ယာယီအိမ်စောင့်အစိုးရတွင် ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲတာဝန်ယူလိုက်သည်။ အင်အားကြီး ၂-နိုင်ငံအကြား မဟာဗျူ ဟာအရ အရေးပါသော နီပေါနိုင်ငံ၏ နိုင်ငံရေး မငြိမ်သက်မှုအပေါ် တရုတ်နှင့် အိန္ဒိယတို့က ကာလရှည် စောင့်ကြည့်နေခဲ့ကြသည်။ 

..    
အာဏာရကွန်မြူနစ်ပါတီ ပြိုကွဲမည့်အရေးနှင့် နိုင်ငံရေးအကျပ်အတည်းဖြစ်ပွားနေသည့် နီပေါသို့ လွန်ခဲ့သည့် ဒီဇင်ဘာ နောက်ဆုံးရက်သတ္တပတ်၌ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာဌာနမှ ဒုတိယဝန်ကြီး ဂွာယီကျို့ရောက်ရှိလာခဲ့သည်။ 

..
ပါလီမန်အား ဖျက်သိမ်းခြင်းနှင့် ရွေးကောက်ပွဲအား တစ်နှစ်ကျော်စော၍ ကျင်းပခြင်းမှာ ဖွဲ့စည်းပုံနှင့် မညီကြောင်း အတိုက်အခံတို့က နီပေါတရားလွှတ်တော်ချုပ်၌ တရားစွဲဆိုလျှက်ရှိစဉ် ယာယီအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် #ကေပီရှာမာအိုလီမှာ အာဏာရ နီပေါကွန်မြူနစ်ပါတီမှ နှုတ်ထွက်သွားသည်ဟု Al Jazeera က ယနေ့ ဖော်ပြသည် 
.. 
( ယခုသတင်းပါ အိန္ဒိယဆစ်ကင်းပြည်နယ်သည် #နီပေါနှင့် #ဘူတန်နိုင်ငံတို့အကြားတွင် တည်ရှိပြီး မြောက်ဖက်စွန်းမှာ တရုတ်နယ်ခြားနှင့် ထိစပ်လျှက်ရှိသည်။ ကမ္ဘာ့စစ်အင်အား ကြီး ၂-နိုင်ငံအကြား မဟာဗျူဟာမြောက် နယ်မြေဟုလည်း ဆိုနိုင်သည်။ တရုတ်သည် ၎င်းနှင့်ထိစပ်လျှက်ရှိသော ကုန်းတွင်းပိတ် ဘူတန်နိုင်ငံငယ်နှင့်လည်း နယ်ခြားပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသည်။ 

..

၂၀၁၇-ခုနှစ် ဇွန်လတွင် ဘူတန်နိုင်ငံ Doklam Plateau #ဒုက်လမ်ကုန်းမြင့် တောင်ဘက် နယ်ခြားနှင့်နီးကပ်သည့်နယ်မြေ၌ တရုတ်က မော်တော်ကားလမ်းနှင့် အဆောက်အအုံများ ဆောက်လုပ်ခဲ့သည်။ ဘူတန်နိုင်ငံက အကူအညီ တောင်းခံသဖြင့် #ဆစ်ကင်းပြည်နယ် မှ အိန္ဒိယတပ်များက ဘူတန်နိုင်ငံအတွင်း ဝင်ရောက်ကာ တရုတ်စစ်တပ်နှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ကြသည်။ ၂-လကျော်ကြာ တင်းမာမှုအပြီးတွင် အဆိုပါနယ်မြေမှ မိမိတို့တပ်အသီးသီးကို ရုတ်သိမ်းကြောင်း နှစ်ဖက်စလုံးက ကြေညာခဲ့သည်။   ။ သတင်းဘာသာပြန်သူ )) 
.. 
((( Times of India., India, China troops clash at Naku La in Sikkim, injuries on both sides.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
.. 
https://timesofindia.indiatimes.com/india/india-china-troops-clash-at-naku-la-in-sikkim-injuries-on-both-sides/articleshow/80444001.cms 
https://timesofindia.indiatimes.com/india/india-china-troops-clash-at-naku-la-in-sikkim-injuries-on-both-sides/articleshowprint/80444001.cms 2/2 
https://www.bbc.com/news/world-asia-55793112 
http://www.indiandefencereview.com/news/india-bhutan-china/ 
https://www.globalsecurity.org/military/world/war/india-china_conflicts.htm 
https://www.theguardian.com/world/2017/jul/06/china-india-bhutan-standoff-disputed-territory 
https://www.nytimes.com/2020/12/20/world/asia/nepal-parliament.html 
https://www.reuters.com/article/nepal-parliament-china-idUSKBN2910EK 
https://www.aljazeera.com/news/2021/1/25/nepals-caretaker-pm-removed-from-governing-communist-party

0

Leave a Reply

Your email address will not be published.