ဆိုင်ကလုန်းမုန်တိုင်း “ ဘူလ်ဘူလ် “ ဘင်္ဂလားဒက်ရှ်ကမ်းခြေသို့ ဝင်ရောက်ပြီးနောက် မုန်တိုင်းငယ်အဖြစ်သို့ အားပျော့သွား။ သဘာဝဘေးအန္တရာယ်ကို အောင်မြင်စွာ အံတုသည့် သမီးငယ် “ ဘူလ်ဘူးလီ “

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း “ ဘူလ်ဘူလ် “ သည် ယနေ့နံနက် ၅-နာရီခန့်တွင် အိန္ဒိယနယ်စပ်နှင့် ကပ်လျှက်တည်ရှိသော ဘင်္ဂလားဒက်ရှ်မြစ်ဝကျွန်းပေါ်ကမ်းခြေအား စတင်ဖြစ်ကျော်သည်။

အိန္ဒိယကမ်းခြေနှင့် အပြိုင်မျဉ်းတစ်လောက် ရွေ့လျားစဉ် ယမန်နေ့ည ၉-နာရီတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၇၀- ၈၀ မိုင်သို့ လျော့ကျသွားခဲ့သည်။ ဘင်္ဂလားဒက်ရှ်ကမ်းခြေအား တစ်နာရီ မိုင် ၇၀ ခန့်နှုန်းဖြင့် စတင်ဝင်ရောက်၍ ဆန်ဒါဘန်ဒေသအား ဖြတ်ကျော်ပြီးနောက် မုန်တိုင်းငယ်အဖြစ်သို့ အားပျော့သွားသည်။

ယနေ့နံနက် ၆-နာရီတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ ဘဂ္ဂဟက်နှင့် ပါတူအာခါလီတို့ကို ဖြတ်သန်းပြီးလျှင် အရှေ့ မြောက်ဆီသို့ ဖြည်းညှင်းစွာရွေ့လျားသည်။ နောက်ထပ် ၁၂ နာရီတွင် ပိုမိုအားပျော့ကာ ပျက်ပြယ်သွားမည်ဖြစ်ကြောင်း အိန္ဒိယမိုးလေဝသက ခန့်မှန်း ထားသည်။

လောလောဆယ်တွင် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် လေပြင်းများ တိုက်ခတ်လျှက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းသည်။ ကော့ခ်ဘဇားခရိုင်ဆိပ်ကမ်းများတွင် မုန်တိုင်းအန္တရာယ် သတိပေးချက် အဆင့် ၄ သို့ လျှော့ချထားသည်ဆို၏။

ကမ်းရိုးတန်းသို့ “ ဘူလ်ဘူးလ် “ ချဉ်းကပ်လာစဉ် အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်နိုင်ငံများ ပြည်သူလူထုအား မုန်တိုင်းသတိပေးချက် လိုက်လံကြေညာခြင်း၊ အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးအကူနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်ပြင်ဆင်ထားကြောင်း တွေ့ရှိရသည်။ ဘင်္ဂလားဒက်ရှ်တပ်မတော်သည် တစ်ထောင်ကျော်သော ရှာဖွေကယ်ဆယ်ရေး၊ အကူအညီပေးရေးအဖွဲ့များနှင့်အတူ မုန်တိုင်းဖြတ်သန်းမည့် ဧရိယာများသို့ ဝင်ရောက်ခဲ့သည်။ နှစ်နိုင်စလုံးတွင် အန္တရာယ်ကျရောက်နိုင်မည့် ခရိုင် ၁၄-ခုရှိ လူ ၂-သန်းကို ပိုမိုဘေးကင်းမည့် ယာယီမုန်တိုင်းခိုလှုံရေး စခန်းများဆီသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်ဆို၏။

လေပြင်းကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ပြိုလဲခြင်း၊ နေအိမ်အဆောက်အအုံအမိုးများ လွင့်ပျံသွားခြင်း၊ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံခြင်းနှင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်ခြင်းများဖြစ်ပေါ်သည်။ ကမ်းရိုးတန်းတစ်လျှောက်တွင် အိန္ဒိယ၌ လူ ၃-ဦးသေဆုံး၍ ဘင်္ဂလားဒက်ရှ်တွင် ၆-ဦးသေဆုံး၍ လူ ၄၀ ဒါဏ်ရာရရှိသည်။

ဘင်္ဂလားဒက်ရှ်အား “ ဘူလ်ဘူလ် “ ဖြတ်သန်းစဉ် ယာယီခိုလှုံရေးစခန်းအဖြစ်အသုံးပြုသော မွန်ဂလာမြို့နယ် ACT အစိုးရမူလတန်ကျောင်းး “ ၌ ခိုလှုံသူ အမျိုးသမီးတစ်ဦးက ချစ်စဖွယ် သမီးငယ်လေးကို မွေးဖွားသည်။ ကြောက်မက်ဖွယ် မုန်တိုင်း “ ဘူလ်ဘူလ် “ အား အံတုလျှက် လူ့လောကသို့ အောင်မြင် ကျန်းမာစွာ ဝင်ရောက်လာသူ သမီးလေးအား “ ဘူလ်ဘူးလီ “ ဟု အမည်ပေးထားကြောင်း သတင်းများ၌ဖော်ပြသည်။

(( Dhaka Tribune., Nov. 10 2019, “ Bulbul weakens into deep depression.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ပေါင်းစပ်သည်။ ))

#ဘူလ်ဘူလ်မုန်တိုင်းငယ်အဖြစ်အားပျော့ #ဘူလ်ဘူးလီ #အိန္ဒိယဘင်္ဂလားဒက်ရှ်ကမ်းရိုးတန်း

https://www.dhakatribune.com/bangladesh/nation/2019/11/10/bulbuli-born-during-bulbul

https://www.dhakatribune.com/bangladesh/2019/11/10/weakened-cyclone-bulbul-lying-over-khulna-adjoining-parts

https://www.dhakatribune.com/bangladesh/nation/2019/11/09/cyclone-bulbul-army-deploys-teams-in-satkhira

https://www.dhakatribune.com/bangladesh/nation/2019/11/10/bulbuli-born-during-bulbul

https://bdnews24.com/bangladesh/2019/11/10/four-dead-as-cyclone-bulbul-lashes-bangladesh-coast

0

Leave a Reply

Your email address will not be published.