ဆီးရီးယားအိုင်အက်စ်တို့ခြုံခိုတိုက်ခိုက်သဖြင့် အစိုးရစစ်သား ၃၀ သေဆုံး၊ ဆီးရီးယားစစ်ပွဲတွင် ၂၀၁၁-ခုနှစ်မှ စတင်၍ သေဆုံးသူ ၃-သိန်း၉-သောင်းနီးပါးရှိခဲ့ရာ ပြည်ပမှ လာရောက်တိုက်ခိုက်သော ကမ္ဘာအရပ်ရပ် နိုင်ငံသားများလည်း ပါဝင်။


စစ်ဒဏ်သင့် ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် အိုင်အက်စ် ခေါ် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ဂျီဟဒ်ဝါဒီတို့က အစိုးရတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ဘတ်စ်ကားကို အလစ်အငိုက်တိုက်ခိုက်သဖြင့် စစ်သား ၃၀ ထက်မနည်း သေဆုံးကြောင်း #လူ့အခွင့်အရေးစောင့်ကြည့်သူများ က ပြောဆိုသည်ဟု AFP က ယနေ့ရေးသားသည်။ 

..  
နိုင်ငံ့အရှေ့ပိုင်း #ဒါရ်အိဇို စီရင်စုတွင် ခွင့်ပြန်အစိုးရစစ်သားများ၏ ဘတ်စ်ကားမှာ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ #ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူများ ဟု ကိုယ့်ဖာသာ ခေါ်ဆိုကြသည့် IS #အိုင်အက်စ် တို့မှာ လွန်ခဲ့သည့်နှစ် အီရတ်နှင့်ဆီးရီးယားတွင် ပြိုကွဲကျဆုံးခဲ့ပြီးနောက် ၎င်းတို့နှင့်ဆက်နွယ်သည့် အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်သည် ဆို၏။ 

..   
ဆီးရီးယားအစိုးရ၏ တရားဝင်သတင်းဋ္ဌာန SANA ကမူ ဘတ်စ်ကားအား အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် အရပ်သား ၂၅-ဦး သေဆုံးပြီး ၁၃-ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြသည်။ 

..
ခြုံခိုတိုက်ခိုက်ခံရသည့် ဘတ်စ်ကားမှာ” ရှူလာ ” ကျေးရွာအနီး အရောက်တွင် ဗုံးခွဲခံရပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ကြခြင်းဖြစ်ကြောင်း၊ ကွန်ဗွိုင်ယာဉ်တန်းတွင် ပါဝင်သည့် အခြားဘတ်စ်ကား ၂-စီးမှာမူ တိုက်ခိုက်ခံရခြင်းမှ လွတ်မြောက်သွားကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့ခေါင်းဆောင် အဗ္ဗဒယ်ရာမန်က ပြောဆိုသည်။

..  
တိုက်ခိုက်မှု၌ မည်သူတို့တွင် တာဝန်ရှိကြောင်း လောလောဆယ် မသိရသေးချေ။ 

..
၂၀၁၄-ခုနှစ်တွင် အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်တို့၏ နယ်မြေအများအပြားကို တစ်ဟုန်ထိုးတိုက်ခိုက်သိမ်းပိုက်၍ နှစ်နိုင်ငံ နယ်ခြားကို ခွလျှက် “ ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော် “ ထူထောင်ကြောင်း တစ်ဖက်သပ် ကြေညာခဲ့သည်။ တန်ပြန်ထိုးစစ်အမျိုးမျိုးမတိုင်မီ နှစ်နိုင်ငံစလုံးတွင် အချုပ်အခြာနယ်မြေများ ဆုံးရှုံးလုနီး ဖြစ်ခဲ့ရသည်။ 

..
လွန်ခဲ့သည့်နှစ် မတ်လ ဆီးရီးယားတွင် ၎င်းအုပ်စုအား ချေမှုန်းပစ်ခဲ့သော်လည်း ထင်ထင်ပေါ်ပေါ်မရှိသည့် အစုအဖွဲ့များအဖြစ်အသွင်ပြောင်းသွားခဲ့သည်။ #ဟွန့်စ်စီရင်စု မှ ဒါရ်အိဇိုအထိ အီရတ်နယ်ခြားနှင့် ထိစပ်နေသော ဆီးရီးယား၏ ကျယ်ပြန့်သည့် သဲကန္တာရတွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြသည်။ 

..
ဧပြီလတွင် #အယ်လ်ဆူကာနာ သဲကန္တရမြို့အနီး၌ အိုင်အက်စ်တို့၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားအစိုးရသစ္စာခံ တိုက်ခိုက်ရေးသမား ၂၇ ဦးနှင့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များ သေဆုံးခဲ့ရသည်။ 

..  
လေ့လာသူများအဆိုအရ ဆီးရီးယားစစ်ပွဲတွင် ၂၀၁၁ ခုနှစ်မှစ၍ လူပေါင်း ၃၈၇,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ အရပ်သားအများစုဖြစ်သော သေဆုံးသူများတွင် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံအသီးမှ လာရောက်တိုက်ခိုက်သူများနှင့် အစိုးရလိုလားသူ ၁၃၀,၅၀၀ ကျော် ပါဝင်ကြောင်း သိရှိရသည်။ 
.. 
(( #လစ်ဗျားနိုင်ငံပြိုကွဲခြင်း သည် ဆီးရီးယားပြည်တွင်းစစ်ထက် ၁-နှစ်တိတိ စောသည်။ “ #အာရပ်နွေဦး “ အဖြစ် အာဏာရှင် မွမ်မာကဒါဖီအစိုးရနှုတ်ထွက်ပေးရေး လူထုအုံကြွမှုများဖြစ်ပွားရာတွင် ဆန္ဒပြသူများအား လက်နက်အသုံးပြု ဖြိုခွင်းရာမှ စတင်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ခွင့်ပြုချက်ဖြင့် Responsibility to Protect (#R2P) “ #လူသားမျိုးနွယ်အပေါ်ရာဇတ်မှုများကျူးလွန်ခြင်း၊ #ဂျီနိုဆိုက်လူမျိုးသုဉ်းပြုခြင်း၊ #စစ်ရာဇဝတ်မှုများကျူးလွန်ခြင်း၊ #လူမျိုးသုတ်သင်မှုပြုခြင်းတို့မှကာကွယ်ရန် “ #အမေရိကန်ဦးဆောင်သည့်နေတိုးညွန့်ပေါင်းလေတပ် က လစ်ဗျားဝေဟင်အား “ #ခွင့်ပြုချက်မဲ့_လေယာဉ်မပျံသန်းရဇုံ” သတ်မှတ်ကာ တစ်ဖက်သပ်ဝင်ရောက်တိုက်ခိုက်သည်။ လစ်ဗျားအစိုးရပြိုလဲပြီး ထွက်ပြေးသွားသော ကဒါဖီအသတ်ခံရသည်။ 

..  
၈-လနှင့် ၁-ပတ်ကျော်အတွင်း အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးယန္တယားကင်းမဲ့သွားသော လစ်ဗျားသည်လည်း အစိတ်အမွှာမွှာပြိုကွဲသွားကာ ဘာသာရေးအစွန်းရောက်များ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ဒေသန္တရစစ်ဘုရင်များ၊ ပြည်သူ့စစ်အဖွဲ့အစည်းအမျိုးမျိုးတို့ မင်းမူရာ နိုင်ငံဖြစ်သွားသည်။ လစ်ဗျားပြည်သူတို့မှာလည်း သေကြေ-ဒုက္ခိတဖြစ်ရ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး လူကိုလူချင်း ပုံစံအမျိုးမျိုးဖြင့် ကျွန်ပြုခြင်း၊ လူကုန်ကူးခြင်းခံကြရသည်။

..   
ဆီးရီးယားသည် လစ်ဗျားနှင့် ဖြစ်ရပုံ အကြောင်းရင်းတူညီသည်။ R2P မခံရခြင်းမှာ ပထဝီနိုင်ငံရေးအရ အချက်အခြာကျသောနိုင်ငံ၌ ရေတပ်အခြေစိုက်စခန်းတည်ရှိခွင့် ရရှိထားသော ရုရှားကြောင့် ဖြစ်သည်။ ပြည်တွင်းစစ်ဖြစ်ပွားပြီး ၄-နှစ်နီးပါးအကြာတွင် ဆီးရီးယားနိုင်ငံ၏ နယ်မြေအများစုမှာ အစိုးရအာဏာ သက်ရောက်ခြင်း မရှိတော့ချေ။ ၂၀၁၅-ခုနှစ်တွင် #အကြမ်းဖက်ချေမှုန်းရေး ခေါင်းစဉ်ဖြင့် ရုရှားနိုင်ငံက လေကြောင်းတိုက်ခိုက်မှုများဖြင့် အတိအလင်းပါဝင်လာပြီးနောက် အာဆတ်အစိုးရက တစ်စစ စစ်ရေးအသာစီးရရှိလာသည်။

..  
ဆီးရီယားပြည်တွင်းစစ်သည် အာဆတ်အစိုးရတပ်များနှင့် ပုန်ကန်သူအရပ်သားအကြား တိုက်ပွဲများဖြင့် စတင်ခဲ့သည်။ ယခုအခါတွင်မူ ( ၁ ) ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရနှင့် အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်နှင့် အီရတ် #ဟဇ်ဘိုလာပြည်သူ့စစ်များ ( ၂ ) တူရကီကျောထောက်နောက်ခံပြု သူပုန်များ ( ၃ ) အမေရိကန်ကျောထောက်နောက်ခံပြု SDF ခေါ် YGP နှင့် PKK ကာ့ဒ်များ ( ၄ ) ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ IS အိုင်အက်စ်များ ဟူ၍ အုပ်စုကြီး ( ၄ ) စုတို့ အသေအကြေ စစ်ခင်းရာ စစ်တလင်းဖြစ်လျှက်ရှိသည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ လာရောက်တိုက်ခိုက်သူများ ပါဝင်နေသဖြင့် စစ်ပွဲနှင့် ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ခန့်ရှိသည်။ ဤသည်မှာပင် အဖွဲ့ပေါင်း ၃၀ ကျော်မှ လျော့ကျလာခြင်းဖြစ်သည်။ 

..
စင်စစ် ဆီးရီးယားစစ်ပွဲသည် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသော နေရာ၌ အရှေ့-အနောက်အား ပြိုင်ရာတွင် ဆွန်နီ-ရှီအာ မသင့်မြတ်မှု ရောမွှေထားသည့် #ကိုယ်စားပြုစစ်ပွဲ Proxy War သာလျှင်ဖြစ်တော့သည်။ ။ သတင်းဘာသာပြန်သူ )) 
.. 
(( AFP., 31 Dec 2020.,” Jihadist attack kills 30 soldiers in east Syria. ( Copied by: Dhaka Tribune ) ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )) 
.. 
https://www.dhakatribune.com/world/middle-east/2020/12/31/jihadist-attack-kills-30-soldiers-in-east-syria 
https://web.archive.org/web/20150320232806/http://www.conflict-news.com/libyas-second-civil-war-how-did-it-come-to-this/ 
https://www.aljazeera.com/news/2018/4/14/syrias-war-explained-from-the-beginning 

Leave a Reply

Your email address will not be published.