ဆီးရီးယားမြောက်ပိုင်း တူရကီ၏ ထိုးစစ်ကို ကျူးကျော်စွက်ဖက်မှုဟု ဥရောပသမဂ္ဂက တံဆိပ်ကပ်လျှင် ဒုက္ခသည်သန်းချီ၍ ပို့လွှတ်လိုက်မည်ဟု အာဒိုဂန်ခြိမ်းခြောက်၊ ချေမှုန်းခဲ့သော ကာ့ဒ်စစ်သွေးကြွ ၁၀၉-ဦးရှိပြီဟုဆို

ဥရောပနိုင်ငံများက တူရကီ၏ဆီးရီးယားမြောက်ပိုင်းထိုးစစ်ဆင်နေခြင်းကို စစ်ရေးကျူးကျော်စွက်ဖက်မှုအဖြစ် တံဆိပ်ကပ်ခဲ့လျှင် တူရကီကလည်း မိမိတို့နိုင်ငံရောက် သန်းနှင့်ချီသော ဒုက္ခသည်တို့ကို ဥရောပသို့ လှိမ့်ဝင်သွားနိုင်ရန် ခွင့်ပြုရလိမ့်မည်ဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်က သတိပေးလိုက်သည်ဟု ယမန်နေ့ Russia Today က ရေးသားသည်။


ဆီးရီးယားတွင် တူရကီ၏စစ်ရေးဆောင်ရွက်မှုအပေါ် ဥရောပနိုင်ငံများ၏ အမြင်နှင့်ပတ်သက်၍ နောက်ဆက်တွဲ ဂယက်ရိုက်နိုင်ခြေရှိသည်များကို သမ္မတအာဒိုဂန်က ၎င်း၏ AK ပါတီ ပါလီမန်အမတ်များအား မိန့်ခွန်းပြောဆိုသည်။ 

ဆီးရီးယားမြောက်ပိုင်း စစ်ရေးဆောင်ရွက်နေမှုများကို တူရကီက ရပ်စဲရမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျင်ကလောဒီဂျန်ကာ ( ယန်ကလော့ဒ်ယွန်ကာ ) Jean-Claude Juncker က ပြောဆိုခဲ့ပြီးနောက် စစ်ရေးကျူးကျော်စွက်မှုအဖြစ် မသုံးသင့်ကြောင်းနှင့် တူရကီကလည်း Safe Zone တည်ဆောက်ရာတွင် ဥရောပ၏ အကူအညီကို မျှော်လင့်မထားကြောင်း အာဒိုဂန်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ 



လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် တူရကီက နှစ်နိုင်ငံနယ်စပ် ဆီးရီးယားနယ်မြေ၌ “ Safe Zone “ တည်ဆောက်ရန် “ ငြိမ်းချမ်းရေးနွေဦး “ စစ်ဆင်ရေးကို စတင်ခဲ့သည်။ အဆိုပါနယ်မြေတွင် အမေရိကန်က လေ့ကျင့်လက်နက်တပ်ဆင်ပေးထားသော ကာ့ဒ်ပြည်သူ့စစ်များကို အကြမ်းဖက်သမားများက တူရကီက ရှု့မြင်ထားသည်။ စစ်သွေးကြွ ၁၀၉-ဦးကို တူရကီတပ်များက ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း အာဒိုဂန်က ပြောဆိုသည်။ 


တူရကီထိုးစစ်မစတင်မီ ယခု ရက်သတ္တစောစောပိုင်းကတည်းက တူရကီတပ်များဝင်ရောက်လာမည့် လမ်းကြောင်းပေါ်ရှိ တပ်ရုတ်သိမ်းခဲ့သော အမေရိကန်၏ လုပ်ရပ်ကို ကာ့ဒ်တို့အပေါ် သစ္စာဖောက်ခြင်းအဖြစ် ဝေဖန်ပြောဆိုခြင်းခံရသည်။ ထိုအတွက် အမေရိကန်ဖွဲ့စည်းပေးခဲ့သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး ( SDF ) အတွက်လည်း တူရကီကို တွန်းလှန်ရန် ရုရှားနှင့် ဆီးရီးယားအာဆတ်အစိုးရသို့ အကူအညီတောင်းရေး ချိန်ဆရန် ရလာဒ်ထွက်ပေါ်ခဲ့သည်။ 



( တူရကီကာ့ဒ်တို့သည်အများအားဖြင့် ဆွန်နီမွတ်စလင်များဖြစ်ကြပြီး ခွဲထွက်ရေး ( PKK ) တို့သည့် မာ့ခ်-လီနင် ဝါဒီများဦးဆောင်သဖြင့် ဈေးကွက်စီးပွားရေးစံနစ်ကို ဆန့်ကျင်သည်။ ဤတွင် တူရကီကာ့ဒ် PKK နှင့် ပုလင်းတူဗူးဆို့ဖြစ်သော ဆီးရီးယားကာ့ဒ် YPG တို့ကို အမေရိကန်က လက်နက်-အကာအကွယ်ပေးနေခြင်းမှာ အံ့သြစရာပင်ဖြစ်သည်။ PKK ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တူရကီကကြေညာရာ၌ နေတိုးစစ်စာချုပ်အဖွဲ့ဝင် အမေရိကန်လည်း ပါဝင်ခဲ့သည်။

 

၁၉၈၀-ခုနှစ် တူရကီတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း “ ကာ့ဒ်လူမျိုး၊ ကာဒီစတန်နိုင်“ ဟု ပြောဆို သုံးစွဲခြင်းမပြုရန် ပိတ်ပင်ထားသည်။ ကာ့ဒ်ဘာသာစကားဖြင့် သီချင်းသီဆိုခွင့် မရှိချေ။ PKK ကာ့ဒ်တို့သည် တူရကီ၏ ၁၈ ရာခိုင်နှုန်းရှိပြီး ယမ်းအိုးကြီးနှင့်တူသော အရှ့အလယ်ပိုင်းနှင့် ထိစပ်နေသည့် တောင်ပိုင်း၌ အများဆုံးနေထိုင်သည်။ ကာ့ဒ်တို့ ခွဲထွက်၍ ကာဒီစတန်နိုင်ငံဖြစ်ပေါ်လာလျှင် ကျန် တူရကီ ၇၂ ရာနှုန်းမှာ နေ့စဉ် ကိုယ့်ခေါင်းကိုယ်စမ်းနေရမည့် ကိန်းရှိလေသည်။ ကာ့ဒ်တို့ဘက်မှ စဉ်းစားလျှင် မည်သို့ရှိမည်နည်း။ 



လူသည် အအုပ်အသင်းနှင့် နေထိုင်မှသာ ရှင်သန်နိုင်သော သတ္တဝါဖြစ်သည်။ နီးစပ်ရာချင်း စုပေါင်းလျှက် “ နိုင်ငံ“ ထူထောင် နေထိုင်လျှက်ရှိသည်။ ကမ္ဘာပေါ်တွင် “ လူမျိုး “ ထောင်ချီရှိမည်ဖြစ်ရာ “ လူမျိုးပေါ် အခြေခံသည့် နိုင်ငံ ” ထူထောင်ကြလျှင် အဖွဲ့ဝင် ထောင်ချီသည့် ကမ္ဘာ့ကုလသမဂ္ဂကြီးဖြစ်ပေါ်လာဖွယ်ရှိသည်။ 


ထို” လူမျိုး “ အသီးသီးတွင် ကိုးကွယ်ရာ ဘာသာမတူခြင်းကြောင့် အနည်းဆုံး ၄-ဆ ( ထောင်ဂဏန်းကို ၄ နှင့် မြှောက် ) ထပ်ခွဲနိုင်မည်ဖြစ်ပြီး၊ ဘာသာတစ်ခုတည်းတွင် ဂိုဏ်းကွဲများရှိနေသေးရာ ထပ်ကာ ထပ်ကာ ထပ်၍ ခွဲရဦးမည်ဖြစ်သည်။ 


လွန်ခဲ့သည့် ၂၀၁၁-ခုနှစ် အာရပ်နွေဦး ဆီးရီးယားသို့ ကူးစက်လာစဉ် အာဆတ်ရာထူးမှဖယ်ရှားရေး လူထုအုံကြွမှုကို ဆီးရီးယားအစိုးရ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ထိုစဉ်က ဆီးရီးယားအရပ်သားများအား လက်နက်-စစ်ရေးအကူအညီပေး၍ သူပုန်ထစေရာ၌ ဒေသတွင်းဆွန်နီနိုင်ငံများနှင့်အတူ တူရကီလည်း ပါဝင်သည်။ အကယ်၍ နောင် ၈-နှစ်ကြာလျှင် ဆီးရီးယားသို့ မိမိတပ်များစေလွှတ်ရခြင်းဖြင့် နိုင်ငံတကာအလည် ရုပ်ပျက်ဆင်းပျက်ဖြစ်ရမည်ကို တူရကီသာ ကြိုတင်သိခဲ့လျှင် ဆီးရီးယားသူပုန်များကို ထိုကဲ့သို့ ဆက်ဆံခဲ့မည်ဟု ကျွန်တော် မထင်ပါ။ ။သတင်းဘာသာပြန်သူ )) 


((( အောက်တိုဘာ – ၁၁၊ ၂၀၁၉ Russia Toaday, 10 Oct, 2019, “ ‘Hey EU, wake up’: Erdogan threatens to send millions of refugees to Europe if EU labels Turkish op in Syria an invasion.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 



https://www.rt.com/news/470610-turkey-syria-military-invasion-eu/ 

0

Leave a Reply

Your email address will not be published.