ဆီးရီးယားနိုင်ငံအား ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရစေသော OPCW ၏ အစီရင်ခံစာတွင် ဖုံးကွယ်ထားသည်များ ရှိခဲ့။ အဖြစ်မှန်ဖော်ပြရန် ငြင်းဆန်သဖြင့် Newsweek သတင်းထောက် အလုပ်မှ နှုတ် ထွက်။ မီဒီယာစစ်ခင်းခြင်းနှင့် နိုင်ငံတို့၏ အမျိုးသားလုံခြုံရေး

ဆီးရီးယားနိုင်ငံ ဒေါ့မာမြို့တွင် အာဆတ်အစိုးရက ဓါတုအဆိပ်ငွေ့အသုံးပြု၍ တိုက်ခိုက်သည့်ကိစ္စနှင့်ပတ်သက် ၍ နိုင်ငံတကာဓါတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့အစည်း OPCW ၏ တွေ့ရှိချက်အပေါ် မေးခွန်းထုတ်ထားသည့် အတွင်းရေး အီးမေးလ်များ ပေါက်ကြားမှု့သတင်းကို အယ်ဒီတာက ဖော်ပြရန် ငြင်းဆန်သဖြင့် Newsweek သတင်းထောက်က မိမိ၏ အလုပ်မှ နှုတ်ထွက်လိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

OPCW ၏ ပေါက်ကြား အီးမေးလ်များအကြောင်း ဖွင့်ချထားသည့်သတင်းကို တရားဝင်အကြောင်းပြချက်မရှိပဲ ဖော်ပြရန် ငြင်းဆန်ခြင်းဖြင့် သတင်းထိုက်တန်မှု့ ထိခိုက်ရသဖြင့် ယမန်နေ့တွင် မိမိအလုပ်မှ နှုတ်ထွက်ခဲ့ကြောင်း Newsweek သတင်းထောက် တာရက်ဇ်ဟက်ဒက်က စနေနေ့ ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြထားသည်ဆို၏။

၂၀၁၈-ခုနှစ် ဧပြီလ ဆီးရီးယားနိုင်ငံ ဒေါ့မာမြို့တွင် ဓါတုအဆိပ်ငွေ့အသုံးပြု၍ တိုက်ခိုက်သည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ ဓါတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့အစည်း OPCW ၏ ဆုံးဖြတ်ကောက်ချက်အပေါ် ဆန့်ကျင့်သည့် သတင်းများ လတ်တလောပေါက်ကြားလျှက်ရှိကြောင်း သိရှိရသည်။ OPCW ၏ အဆိုပါဆုံးဖြတ်ချက်အရ ဆီးရီးယားအာဆတ်အစိုးရမှာ ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရပြီး အမေရိကန်နှင့် နေတိုးမဟာမိတ်တို့က ဆီးရီးယားစစ်ဖက်အဆောက်အအုံများကို ဒုံးကျည်အစင်းပေါင်းများစွာဖြင့် ပစ်ခတ်ဆုံးမခြင်းခံခဲ့ရသည်။( ဧပြီ-၇၊ ၂၀၁၇ နှင့် ဧပြီ-၁၄၊ ၂၀၁၈ CNN ရှု့ )

ပေါက်ကြားလျှက်ရှိသော သတင်းမှာ ဒေါ့မာဓါတုအဆိပ်ငွေ့အမှု့၌ ပါဝင်စုံစမ်းစစ်ဆေးခဲ့ရသူ အင်စပက်တာတစ်ဦး၏ အီးမေးလ်များဖြစ်သည်။ OPCW သည် အစီရင်ခံစာ ထုတ်ပြန်ရာ၌ ၎င်းအင်စပက်တာနှင့်အဖွဲ့၏ စစ်ဆေးတွေ့ရှိခဲ့သည့်အချက်အလက်များစွာတို့ကို ပုံဖျက်ခြင်း ထည့်သွင်းမထားခြင်းဖြင့် ဘက်လိုက်ဖော်ပြရာရောက်စေခဲ့ကြောင်း အီးမေးလ်တို့တွင် ရေးသားထားသည်။

ကောက်ယူထားသောအချက်အလက်များအရ OPCW ၏ အစီရင်ခံစာတွင် ဖုံးကွယ်ထားခြင်းများရှိနေသည်ကို ညွှန်ပြလျှက်ရှိကြောင်း တာရက်ဇ်ဟက်ဒက်က ပြောဆိုသည်။ အမေရီကန်က ဆီးရီးယားအပေါ် ဆုံးမအပြစ်ပေးနိုင်ရန် အစီရင်ခံစာတွင် အမှန်တကယ်အဖြစ်အပျက်များကို သီးခြားထားခြင်း၊ အချက်အလက်များ ဖြတ်တောက်ခြင်းများ အခိုင်အလုံတွေ့ရှိခဲ့ရသည်။ ပေါက်ကြားသတင်းအား မဖော်ပြရသည့်အကြောင်းကို အယ်ဒီတာအား မေးမြန်းသောအခါ ဥပဒေကြောင်းအရ အရေးယူခံရမည်ဟု မိမိအား ခြိမ်းခြောက်ခဲ့ကြောင်း Newsweek သတင်းထောက်က Twitter ၌ အခိုင်အမာပြောဆိုသည်။

တာရက်ဇ်ဟက်ဒက်၏ လုပ်ရပ်ကို ဒေါ့မာတိုက်ခိုက်မှု့နှင့်ပတ်သက်၍ အနောက်အုပ်စုအကြောင်းကို ပြင်းထန်စွာ ရှုတ်ချရေးသားခဲ့သူ ပီတာဟစ်ချန် အပါအဝင် ထင်ရှားသော သတင်းထောက်များက ထောက်ခံကြိုဆိုကြသည်။

ဆီးရီးယားအစိုးရအပေါ် အပြစ်ပုံကျစေသော OPCW ၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် ဆက်နွယ်သည့် ပေါက်ကြား အီးမေးလ်များသတင်းကို အနောက်အုပ်စုမီဒီယာတို့တွင် ဖော်ပြခြင်း မရှိခဲ့ချေ။

(( ဆီးရီးယားသည် လက်နက်ကိုင်အဖွဲ့အစည်း ၃၅ ဖွဲ့ထက်မနည်းတို့က အုပ်စု ၄-စု အသွင်ဖြင့် အပြန်အလှန် မီးကုန်ယမ်းကုန်စစ်ခင်းရာ စစ်တလင်းဖြစ်သည်။ တရားဥပဒေစိုးမိုးမှု့နှင့် အသက်အန္တရာယ်အာမခံချက်လုံး၀ ပျက်ပြားလျှက်ရှိပြီး မျက်စိလည်လောက်သော အဖွဲ့များကြား လူ့အသက်ကို လုံးဝတန်ဖိုးမထားသော အစွန်းရောက် အကြမ်းဖက်သမားများလည်း ပါဝင်နေသည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်မှ စွန့်လွှတ်စွန့်စားရာ၌ ထင်ရှားသော စစ်သတင်းထောက်များပင် အရောက်အပေါက် မရှိသလောက်ဖြစ်သည်။

အနောက်အုပ်စုက ရရှိသော သတင်းနှင့်သတင်းအတည်ပြုချက်များမှာ များသောအားဖြင့် White Helmets “ ခမောက်ဖြူများ “ ထံမှ ရရှိသည်။ ဆီးရီးယားမြို့ပြကာကွယ်ရေး Syria Civil Defence (SCD ) အမည်ရှိ အဆိုပါ NGO အဖွဲ့သည် သမ္မတ ဘာရှာအယ်လ်အာဆတ်အား ဆန့်ကျင် ပုန်ကန်လျှက်ရှိသော ဆီးရီးယားသူပုန်တို့ ကျင်လည်ကျက်စားရာနယ်မြေများ၌ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည်။

ရုရှား၊ အီရန်နှင့် ဆီးရီးယားအစိုးရတို့ကမူ ခမောက်ဖြူများ သည် အကြမ်းဖက်အဖွဲ့အစည်းတို့အား ဗြောင်ကျ ကျကူညီနေသူများဖြစ်ကြောင်း၊ အသတ်ခံရသူများ၏ ခန္ဓာကိုယ်တွင်းအင်္ဂါများကို ကုန်ကူးနေသူများဖြစ်ကြောင်း အြကိမ်ကြိမ်ပြောဆိုသည်ကို တွေ့ရှိရသည်။ ခမောက်ဖြူများကို တည်ထောင်သူ ဂျိမ်းစ်လီမက်ဆူရီယာသည် MI6 ဟု လူသိများသော ဗြိတိသျှလျှို့ဝှက်ထောက်လှမ်းရေးမှ အေးဂျင့်တစ်ဦးဖြစ်သည်ဟုပင် စွပ်စွဲဖော်ပြသည်။

သို့သော် အရပ်သားများအား ကယ်ဆယ်ရှာဖွေရာတွင် လူသားချင်းစာနာစွာ ဂရုဏာစိတ်အပြည့်ဖြင့် ထူးချွန်စွာရဲဝံ့စွန့်စားသည့်အတွက် ၂၀၁၆ တွင် လူ့အခွင့်အရေးအဖွဲ့၏ “ ကူညီရေးဆု “ ရရှိခဲ့ပြီး မကြာမီမှာပင် နိုဘယ်ငြိမ်း ချမ်းရေးဆု အမည်စာရင်း တင်သွင်းခြင်းခံရသည်။ မကြာသေးခင်က ဆီးရီးယားမှ တပ်များ ရုတ်သိမ်းနေဆဲတွင် ခမောက်ဖြူများအား အမေရိကန်က ၎င်းတို့ ပုံမှန်ထောက်ပံ့နေသည်မှ ဒေါ်လာ ၄.၅ သန်း တိုးမြှင့်လိုက်ကြောင်း Straits Times ( အောက်တိုဘာ- ၂၃၊ ၂၀၁၉ ) တွင် ရေးသားသည်ကို တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 8 Dec, 2019, “Newsweek reporter resigns after accusing outlet of SUPPRESSING story about OPCW leak that undermines Syria ‘gas attack’ narrative.” ကို #Htay Oung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/475331-opcw-syria-newsweek-resigns/

https://web.archive.org/web/20170407021906/http://edition.cnn.com/2017/04/06/politics/donald-trump-syria-military/index.html

https://edition.cnn.com/2018/04/13/politics/trump-us-syria/index.html

https://www.arabnews.com/node/1284461/middle-east

https://www.rt.com/news/471647-opcw-whistleblower-douma-incident/

https://www.rt.com/news/470395-khan-sheikhoun-postol-bellingcat/

http://theconversation.com/who-are-syrias-white-helmets-and-why-are-they-so-controversial-66580

https://www.thetimes.co.uk/article/white-helmets-left-omran-daqneesh-in-pain-to-harm-assad-claims-rev-andrew-ashdown-2hp8bq3fj

https://theintercept.com/2019/02/09/douma-chemical-attack-evidence-syria/

https://www.wired.com/2017/04/white-helmets-conspiracy-theory/

https://uk.reuters.com/article/uk-mideast-crisis-syria-israel/syrian-white-helmets-flee-to-jordan-with-israeli-western-help-officials-idUKKBN1KC061?il=0

https://www.facebook.com/search/posts/?q=%E1%80%81%E1%80%B1%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%B4&epa=SERP_TAB

#နိုင်ငံတကာဓါတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့အစည်းOPCW #ခမောက်ဖြူများ #Newsweek

0

Leave a Reply

Your email address will not be published.