ဆီးရီးယားနှင့် ရွှေ့ပြောင်းသွားလာသူအရေးအတွက် တူရကီက နေတိုးစစ်စာချုပ်အဖွဲ့အား အကူအညီတောင်းခံ။ ဂရိက ရွှေ့ပြောင်းသွားလာသူများအား တားဆီးမနေပဲ ဥရောပဆီသို့ ဖွင့်ချပေးရန် တူရကီ ပြော

ဘယ်လ်ဂျီယန်နိုင်ငံတွင် ရောက်ရှိနေသော တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် နေတိုးစစ်စာချုပ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယန်းစလော့တင်ဘဂ်နှင့် တွေ့ဆုံသည်။ တူရကီတောင်ပိုင်းနယ်စပ်ပဋိပက္ခများနှင့် တမင်စီစဉ်ခြင်းမဟုတ်ပဲ ရွှေ့ပြောင်းသွားလာသူများအား အနောက်ဖက်၌ ဖွင့်ချပေးခဲ့ရသည့် လတ်တလောအခြေအနေတို့ကို သမ္မတအာဒိုဂန်က ဆွေးနွေးကြောင်း Russia Today က ယမန်နေ့ရေးသားသည်။

တူရကီသမ္မတအနေဖြင့် နေတိုးထံမှ နောက်ဆက်တွဲအကူအညီတောင်းခံရာတွင် ဆီးရီးယားနှင့်ထိစပ်နေသော တူရကီနယ်စပ်အား ကာကွယ်ပေးရန်အပြင် ရွှေ့ပြောင်းသွားလာသူများနှင့် ဆက်စပ်လျှက်ဖြစ်ပေါ်လာမှုတို့ပါဝင်ကြောင်း အာဒိုဂန်နှင့် တွေ့ဆုံအပြီး ယန်းစလော့တင်ဘဂ်က ပြောကြားသည်။

လွန်ခဲ့သည့်လ၌ တူရကီသည် ဆီးရီးယား အိုင်ဒဲ့လ်ဗ်သို့ ၎င်း၏ တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းဖြင့် အဖွဲ့အား ကဏ္ဍကောစ လုပ်ခဲ့သည်။ ထို့ပြင် ၂၀၁၉- အောက်တိုဘာကဆိုလျှင် တူရကီ၏ ရပ်တည်ချက်မှာ နေတိုးအဖွဲ့အတွင်း ပွတ်တိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ရဖူးသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်၌လည်း တူရကီသည် မော်စကိုသို့ သွားရောက်ကာ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြန်သည်။ ယခုတဖန် တူရကီက အပ်ကြောင်း ထပ်နေသော အကြောင်းအရာများဖြင့် နေတိုးထံ ပြန်လည်ချဉ်းကပ်လာရခြင်း၏ အကြောင်းရင်းအသေးစိတ်ကို ရှင်း လင်းစွာ မသိရချေ။

အာဒိုဂန်၏ ဘယ်လ်ဂျီယန်ခရီးစဉ်ရည်ရွယ်ချက်မှာ ဆီးရီးယားနယ်မြေအတွင်း တူရကီပဋိပက္ခနှင့် နှစ်နိုင်ငံနယ်စပ်တွင် ဂရိက ဝင်ခွင့်ပြုရန် ငြင်းပယ်လျှက် ရှိသော ဒုက္ခသည်များအရေးဖြစ်ပေါ်လာရခြင်းကို ရှင်းပြရန် ဖြစ်ပုံရသည်။ ဆီးရီးယားမြောက်ပိုင်းတွင် တူရကီအတွက် လုံခြုံဘေးကင်းနယ်မြေ မတည်ဆောက်နိုင်သရွေ့ ဒေသတွင်းပဋိပက္ခများ တစ်နေ့တခြားကြီးထွားကာ စစ်ဘေးရှောင်များ တိုးပွားနေမည်သာဖြစ်ကြောင်း၊ ဂရိအနေဖြင့်လည်း ဝန်ထုတ်ဝန်ပိုးအဖြစ်ခံ၍ ဂရိနိုင်ငံအတွင်း ဒုက္ခသည်များကို လက်မခံမနေပဲ ဥရောပသို့ ဂိတ်တံခါးများ ဖွင့်ချပေးရန် အာဒိုဂန်က တောင်းဆိုသည်။ ဂိတ်တံခါး မဖွင့်မချင်း နောက်ထပ် ဒုက္ခသည် ထောင်ချီရောက်လာလိမ့်မည်ဟုလည်း ကြုံးဝါးသည်။ ( RT, 6 Mar,2020 )

တူရကီက စခန်းတံခါး ဖွင့်ပေးခဲ့သည့် ဂရိနယ်ခြားရောက် ရွှေ့ပြောင်းသွားလာသူ ၂၆,၀၀၀ တို့တွင် ဆီးရီးယားစစ်ဘေးဒုက္ခသည်အစစ်အမှန် အနည်းငယ်မျှသာ ပါဝင်သည်။ ဒုက္ခသည်အချို့သည်“ လွတ်လပ်ရေး “ ဟုကြွေးကြော်ကာ ဂရိနယ်ခြားအတားအဆီး စည်းရိုးများအား မီးတိုက်ခြင်း၊ လူအင်အားဖြင့် ဖြိုလှဲရန်အားထုတ်ခြင်း၊ ဂရိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းကြောင့် မျက်ရည်ယိုဗုံးအသုံးပြုကာ လူစုခွဲခြင်း ခံရသည်။

ပြင်သစ်- ဂျာမနီ ဥရောပနိုင်ငံများကမူ တူရကီ၏ အပြုအမူမှာ ဒုက္ခသည်များကို ဗန်းပြ၍ ထောက်ပံ့ကြေးရအောင် ငွေညှစ်ခြင်းအဖြစ် စွပ်စွဲကာ ယတိပြတ် ပယ်ချထားသည်။

(( အတိတ်သမိုင်းတွင် ဂရိနှင့် တူရကီတို့သည် ဒေသတွင်းထက် ကျယ်ပြန့်သော အင်ပါယာကို ထူထောင်ခဲ့ကြဖူးသည်။ သို့သော် ယနေ့တူရကီသည် နိုင်ငံတောင်ပိုင်းမှ PKK ကာ့ဒ်တို့၏ ခွဲထွက်ရေး- သီးခြားလွတ်လပ်ရေး လက်နက်ကိုင် တိုက်ပွဲများဖြင့် နိုင်ငံပြိုကွဲမည်ကို စိုးရိမ်နေရသည်။ ထို့အတွက်နှင့် တူရကီ၏ ကာကွယ်ရေးနယ်မြေသည် ဆီးရီးယားမြောက်ပိုင်းအထိ ကျယ်ပြန့်သွားသည်။

တူရကီနှင့် ဆယ်စုနှစ်ပေါင်းများစွာ မသင့်မြတ်ခဲ့သော ဂရိနိုင်ငံသည် ဘဏ္ဍာရေးအကြပ်အတည်းနှင့် နှစ်ရှည်ခါးစည်းခံနေရသည့်အပြင် တူရကီအား မျက်နှာချင်းဆိုင်တွေ့နိုင်သည့် စစ်အင်အားမရှိပါ။ တူရကီက လစ်ဗျားတွင် စင်ပြိုင်အစိုးရ၏ ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာကို ဖြိုခွင်းရန် ၎င်းစစ်ဖက်တပ်ဖွဲ့ဝင်များ စေလွှတ်လျှက်ရှိသည်။ ထို့ကြောင့် ဂရိအတွက် “ ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သည် “ ဟု ဆိုပါကာ ဖလီဖာဟဖ်တာအား ထောက်ပံ့ရန် ပြင်ဆင်လျှက်ရှိသည်။ မသင့်မြတ်သော အိမ်နီးချင်း ၂-နိုင်ငံ၏ နိုင်ငံပြင်ပ စစ်နယ်မြေချဲ့ထွင်လာခြင်းဟု ဆိုရပါမည်။

၅-နှစ်ကျော်အတွင်း ဆီးရီးယားစစ်ပွဲအကြောင်း တဆင့်ပြန်လည်တင်ပြလျှက်ရှိသော ကျွန်တော်သည် လက်ရှိ ဆီးရီးယားပြည်တွင်းစစ်မှာ မည်သူတို့အတွက် တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ကြာလေ အဖြေရှာ မရလေ ဦးနှောက်ခြောက်လျှက်ရှိပါသည်။ အာဆတ်အစိုးရနှင့် အတိုက်အခံပြည်သူများပဋိပက္ခက စစ်ကိုခေါ်ယူမိရာမှ ဆီးရီးယားပြည်တွင်းစစ်စတင်ခဲ့ရာ ယခုအခါ ဒေသတွင်းနှင့် စစ်အင်အားကြီးနိုင်ငံကြီးများအပါအဝင် နိုင်ငံ ၂-ကျိပ်ဝန်းကျင်တို့၏ “ကိုယ်စားပြုစစ်ပွဲ “ ခင်းကျင်းရာ ပွဲတော်ကြီးဖြစ်နေသည်ဟု လေ့လာသူများက ဆိုကြပါသည်။

အမှန်အားဖြင့် စစ်ပွဲဆိုသည်မှာ သဘောတရားရေးရာ မပါဝင်ပဲ မဖြစ်တတ်ပါ။ ဆီးရီးယားစစ်ပွဲ၌ ဥရောပသာမက ဖိလစ်ပိုင်-အင်ဒိုနီးရှားတို့မှ တိုက်ခိုက်ရေးသမားများ ပါဝင်လာသည်မှာ ဂျီဟဒ်အယူအဆကြောင့်ဟု ဆိုရပါမည်။ သို့သော် တကယ်ဖြစ်နေသည်မှာ ထိုသဘောတရားခိုင်မာဖို့ထက် နယ်မြေများများသိမ်းပိုက်ရေးက လက်တွေ့ဦးစားပေးဖြစ်နေသည်ဟု တိုနီဘလဲဖောင်ဒေးရှင်း ဆီးရီးယားငြိမ်းချမ်းရေး အစီရင်ခံစာက ဖော်ပြပါသည်။

သဘောထားတစ်ရပ်ကို အမာခံနယ်မြေမရှိပဲ အခြေခိုင်မာအောင် ထူထောင်နိုင်မည် မဟုတ်ဟု ဆင်ခြေပေးနိုင်သော်လည်း ဆီးရီးယားစစ်ပွဲတွင်ပါဝင်တိုက်ခိုက်သူတို့သည် သည်နေ့ သည်အဖွဲ့နှင့် ပေါင်းပြီး၊ နောက်နေ့ ဟိုအဖွဲ့နှင့်ပေါင်းသွားကြသည်။ တစ်ဖွဲ့တည်း အသွင်ရှိရာမှလည်း အဖွဲ့ကွဲများစွာဖြစ်ပေါ်သည်။ ထို့နောက် အခြားတစ်နေရာ၌ အသွင်တစ်မျိုးဖြင့် ပြန်ပေါ်လာသည်။ ဆိုလိုသည်မှာ ဂျီဟဒ်ဝါဒီတို့၏ ၆၀ ရာခိုင်နှုန်းမှာ မူလရည်ရွယ်ချက်ပျောက်ဆုံးသွားသည်။ အုပ်စု ၁၅-စု စစ်သွေးကြွ ၆၅,၀၀၀ မျှဖြင့် အိုင်အက်စ် ( IS, ISIS ) ကို ဆက်ခံသည့် “ အစ္စလာမ်မစ်အစွန်းရောက်များ “ ဖြစ်နေသည်ဟု ၎င်းဖောင်ဒေးရှင်း၏ ၂၀၁၅-ခုနှစ် လေ့လာချက် စာတမ်းက ဆိုပါသည်။

ကျွန်တော်များ သိမြင်ခွင့်ရလိုက်သည်မှာ မျက်စိထက် တိမ်ကကြီးကာ စစ်ပွဲကို မဖိတ်ခေါ်မိပါစေနှင့်၊ ရောက်လာသော စစ်ပွဲသည် သဘောရိုးနှင့် စစ်ခင်းခြင်းထက် ကိုယ်စားပြုစစ်ခင်းသူ Proxy များ ပါဝင်လာလျှင် ကြာလေ စစ်ပွဲကျယ်ပြန့်လေဖြစ်ကာ ထောင်းထောင်းကြေတော့သည်။ ။ သတင်းဘာသာပြန်သူ ))


#တူရကီနေတိုးအထွေထွေအတွင်းရေးမှူးချုပ် #ဆီးရီးယားစစ်ဘေးဒုက္ခသည်နှင့်ဂရိနယ်ခြား

((( Russia Today., 9 Mar, 2020, “In Brussels, Erdogan asks NATO for ‘assistance’ on Syria and migrants.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ် အကြောင်းအရာများမှာ ပေးထားပါ သတင်း Links များမှ ရယူကြောင်း ဝန်ခံပါသည်။ )))

https://www.rt.com/news/482682-erdogan-nato-turkey-syria-migrants/

https://www.rt.com/news/478516-greece-send-forces-haftar/

https://www.gospelherald.com/articles/60818/20151221/religious-geopolitics-think-tank-new-report-60-percent-of-syrian-rebels-are-islamist-extremists-15-groups-ready-to-succeed-isis.htm

https://www.bbc.com/news/world-middle-east-35144420

https://www.rt.com/news/482606-erdogan-greece-open-border/

https://www.rt.com/news/482520-turkey-greece-migrant-crisis/

https://www.rt.com/news/478516-greece-send-forces-haftar/

https://www.voanews.com/europe/greek-turkish-crisis-deepens-erdogan-claims-success

https://www.straitstimes.com/world/europe/greek-turkish-police-fire-tear-gas-as-migrant-border-crisis-deepens

0

Leave a Reply

Your email address will not be published.